ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V5 Chapter 29 - သမီးဖြောင့်ဖြောင့်တွေးမရတော့ဘူးကောင်လေးဒီပ မြေပေါ်ရောက်ခါနီးတော့ လိပ်ပြာပေါ်ကနေ သူခုန်ထွက်လိုက်တယ်။ ဒီလိုမှမဟုတ်ရင် သူပိုအကျနာမှာပဲ။ မြေပေါ်မှာ အခြေကျသွားပြီးတဲ့နောက်တော့ သူစီးလာတဲ့လိပ်ပြာကြီးကို ကြည့်လိုက်တယ်။
တိုက်ဖော်တိုက်ဖက် ရဲဖော်တစ်ယောက် ထိခိုက်သွားတဲ့အတွက် စိုးရိမ်တဲ့အကြည့်ပါ။
လိပ်ပြာကြီးက ခေါင်းထောင်လာပြီး တစ်ချက်အော်လိုက်တယ်။ သူ့အတော်တွေက စုတ်ပြဲနေပြီဖြစ်ပြီး အမြီးပိုင်းကလည်း ပျက်စီးနေတယ်။ အဲဒီနောက်တော့ အရိပ်လက်ကြီးတစ်ဖက်က ဒီပစီးခဲ့တဲ့ လိပ်ပြာကြီးကိုဆုပ်ကိုင်ပြီး ပါးစပ်ပေါက်ကြီးထဲ မျိုချလိုက်တယ်။
"သေစမ်း..." ဒီတော့မှ ဒီပလည်း သတိဝင်လာပြီး အရိပ်ကြီးနဲ့ ဆန့်ကျင်ဖက်ကို စပြေးတယ်။
သူ့လိုပဲဆုဗာနာပုရွက်ဆိတ်တွေကလည်း အရိပ်နက်ကြီးဆီကနေ လွတ်မြောက်ဖို့လုပ်နေပါတယ်။ အရိပ်ကြီးဟာ ကောင်းကင်ပေါ်က ခရမ်းရောင်ဓားပိုင်ရှင်နဲ့ တိုက်နေဆဲဖြစ်ပေမဲ့ အနားမှာရှိနေတဲ့ သက်ရှိသတ္တဝါတွေကိုလည်း ဝါးမျိုဖို့မမေ့ပါဘူး။
"ငါ့ဆီကိုလာကြ..." ဒီပက ပြောပြောဆိုဆိုနဲ့ ပုလွေကိုပါးစပ်မှာ တေ့လိုက်တယ်။ အနားမှာရှိနေတဲ့ ဆုဗာနာပုရွက်ဆိတ်တွေက ပြန်လည်စုဖွဲ့ပြီး သူ့အနားကိုလာတယ်။ ဒီပက ပုရွက်ဆိတ်တစ်ကောင်ဆီကိုတက်ပြီး ပုရွက်ဆိတ်တွေကို အရိပ်နက်ကြီးနဲ့လွတ်ရာဆီ စလမ်းပြတယ်။ ဝရုန်းသုန်းကားပြေးနေတာထက်စာရင်တော့ ဒီပလမ်းပြတာက သာပါသေးတယ်။
သူက အရိပ်လက်ကြီးတွေရဲ့လှုပ်ရှားမှုကို ကြိုတင်ခန့်မှန်းပြီး ရှောင်ရှားနိုင်တဲ့အတွက် သိပ်မကြာခင်မှာပဲ သူနဲ့ပုရွက်ဆိတ်အုပ်ဟာ ဘေးလွတ်ရာတောင်ကုန်းတစ်ခုပေါ်ကို တက်နိုင်ခဲ့ပါတယ်။
အဲဒီနောက်တော့ သူက တိုက်ပွဲမြေပြင်ကိုအပေါ်စီးကနေ ကြည့်လိုက်ပြီး ရင်ထဲမွန်းကျပ်သွားပါတယ်။ ဘယ်ဖက်ကမှ အနိုင်မပိုင်းနိုင်သေးပေမဲ့ ဆုဗာနာရဲ့မြေပြင်တပ်တွေက ပျက်စီးလုနီးပါးဖြစ်နေပါပြီ။ သူတို့က ကြေးစားစစ်တပ်ကို ခုခံနိုင်သေးပေမဲ့ အချိန်ကြာလာတာနဲ့အမျှ အရေအတွက်ကျဲပါးလာနေတယ်။ အချိန်နဲ့အမျှ ဆုဗာနာစစ်တပ်ဟာ အခြေအနေကို ထိန်းချုပ်နိုင်စွမ်း ကျဆင်းလာနေပါပြီ။
YOU ARE READING
I just Wanna be Hero, not Heroine (Season 2)
Science FictionSeason 2 ဖြစ်လို့ Season 1 ဖတ်ထားပြီးမှ ဖတ်လို့ရပါမယ်။ S1ရဲ့အဆုံးသတ်မှာ မက်ဒါနာဒဏ်ရာအပြင်းအထန်ရပြီး ကိုမာဝင်သွားတာနဲ့ အဆုံးသတ်ထားခဲ့ပါတယ်။ မက်ဒါနာရဲ့အချိန်တွေက ရပ်တန့်သွားပေမဲ့ လောကကြီးကတော့ ဆက်သွားနေဆဲပါ။ မြူတန့်သိပ္ပံပျက်စီးသွားပေမဲ့ ဗီလိန်အဖွဲ့...