V5 Chapter 8

93 9 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V5 Chapter 8 - လိုအပ်နေသောအချိန်

စက်ရုံအတွက် မြေနေရာရှာဖို့ မက်ဒါနာတို့တွေ ရှန်းယန်မြို့ပေါ်ကို ပြန်ရောက်လာကြပြန်တယ်။ လမင်းစန္ဒါမြို့တော်က စစ်ရေးကြောင့် ပြည်သူတွေအားလုံးကို ပြန်လွှတ်လိုက်ပြီဖြစ်တာကြောင့် စျေးဆိုင်တွေလည်း ဟာလာဟင်းလင်းဖြစ်နေပါတယ်။ ဒါကြောင့် ကုန်သွယ်ရေးမြို့တော် ရှန်းယန်ကို ရောက်လာတာပါ။ သိပ်မကြာခင်မှာပဲ သူတို့နှစ်ယောက် ဆုဗာနာနံပါတ်တစ် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းဆိုတဲ့ ဆိုင်ငန်းပိစိလေးတစ်ခုဆီ ရောက်လာကြတယ်။

ဆိုင်ခန်းက ဆယ်ပေပတ်လည်ပဲရှိတာဖြစ်ပြီးတော့ ကုန်သွယ်ရေးလမ်းမထဲက တခြားဆိုင်ကြီးတွေကြားထဲမှာ နစ်မြုပ်နေပါတယ်။ ပြီးတော့ တဲသာသာဆိုင်ခန်းလေးဖြစ်ပြီး အတော်လေးစုတ်ပြတ်နေတာ။ မက်ဒါနာက ဆိုင်အဝင်ဝမှာ ဝှီးချဲလေးကိုရပ်ရင်း ဆိုင်းဘတ်ကိုဖတ်ကြည့်ပြီး ပြောလိုက်တယ်။

"ဆုဗာနာ နံပါတ်တစ်တဲ့ တင်စီးလိုက်တာ။ ကြည့်တော့ ဆိုင်ခန်းက တော်တော်လေးအိုဟောင်းနေရော။"

ဒီပကတော့ သူ့အစ်မကြီးကို လက်မထောင်ပြရင်း အဲဒီကိစ္စကို သဘောတူကြောင်း ပြသလိုက်ပါတယ်။ နောက်တော့ မက်ဒါနာနားလည်အောင်လို့ ရှင်းပြတယ်။

"တကယ်တော့ ဆုဗာနာမှာက ဦးလေးဗထူးကြီးတစ်ယောက်ပဲ အိမ်ခြံမြေအလုပ်ကို ဇောက်ချလုပ်တာလေ။ တော်တော်များများက မိသားစုအလုပ်နဲ့တွဲလုပ်ကြတာ၊ ဥပမာအနေနဲ့ အသိတွေထဲမှာ ခြံဝယ်မယ့်သူရှိမှ ရောင်းမယ့်ခြံတွေ လိုက်ပြပေးတာမျိုးပဲ လုပ်ကြတာလေ။ ပြီးတော့ မြို့ပေါ်မှာ အိမ်တွေခြံတွေဝယ်ဖို့လိုပေမဲ့ နယ်ဘက်မှာက ဘိုးဘွားပိုင်မြေတွေမှာပဲ အိမ်ဆောက်နေကြတာဆိုတော့ ဆုဗာနာအိမ်ခြံမြေစျေးကွက်က အတော်လေးကျဥ်းမြောင်းတယ်။"

"နည်းနည်းတော့ အဓိပ္ပါယ်ရှိသားပဲ။" ဆုဗာနာမှာက မြို့တော်ကြီးတွေမှာတောင် လူသိပ်မစည်ဘူးမဟုတ်လား။ ဒီတော့ ရပ်ရွာတွေမှာပဲ လူနေများကြပြီးတော့ မြို့ပေါ်က အိမ်တွေကို ဝယ်ချင်တဲ့သူရှားတယ်။ ဒီလိုနဲ့ ​အိမ်ခြံမြေစျေးကွက်က သိပ်ကိုကျည်းသွားတယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now