ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V8 Chapter 5 - ချောကလက်ကိတ်"အစ်ကိုကြီး၊ ဝင်လာလို့ရလား။" အပြင်ကနေ ညီမလေးအော်ရိုရာရဲ့အသံကို ကြားလိုက်ရတဲ့အတွက် ဒဏ်ရာတွေကြောင့် ညည်းညူနေရတဲ့ ဩစတင်းလည်း တံခါးဖွင့်ပေးလိုက်ပါတယ်။
"အော်ရိုရာ၊ မအိပ်သေးဘူးလား။" ဩစတင်းမေးလိုက်တော့ အော်ရိုရာက ခေါင်းညိတ်ပြပြီး အခန်းရဲ့ပတ်ပတ်လည်ကို ကြည့်လိုက်တယ်။ ဩစတင်းက စျေးပေါပေါ ဒဏ်ကြေလိမ်းဆေးပုလင်းကို ကိုင်ထားပြီး သူ့ခန္ဓာကိုယ်ပေါ်က အညိုအမည်းတွေကို လိမ်းနေပါတယ်။
"နာနေသေးတာလား။" အော်ရိုရာမေးလိုက်တော့ ဩစတင်းက လက်မထောင်ပြလိုက်တယ်။ "ဒီလောက်တော့ မဟုတ်တော့ပါဘူး။ ရိုက်နေတုန်းပဲ နာတာပါ၊ အခုကတော့ ဘာမှမဖြစ်တော့ဘူးလေ။" သူက အခုလိုပြောလိုက်ပေမဲ့ သူ့လက်က အခန်းကျဥ်းလေးရဲ့နံရံနဲ့ရိုက်မိသွားပြီး နာလွန်းလို့ တခြားလက်တစ်ဖက်နဲ့ ကိုယ့်လက်ကိုယ်ကိုင်ထားလိုက်ရတယ်။
အော်ရိုရာလည်း ဆေးပုလင်းကို လှမ်းယူလိုက်ပြီးတော့ "ညီမလေး ဆေးလိမ်းပေးမယ်လေ။" ဩစတင်းလည်း မငြင်းတော့ဘူး။ ဩစတင်းတစ်ကိုယ်လုံးက ဒဏ်ရာတွေကို ဆေးထည့်ပေးပြီးတဲ့နောက်မှာတော့ ညသန်းခေါင်ကျော်သွားပါပြီ။ ဩစတင်းလည်း အိပ်ချင်နေပြီဖြစ်တာကြောင့် သန်းဝေလိုက်ပေမဲ့ အော်ရိုရာကတော့ အိပ်ချင်နေသေးပုံမပေါ်ပါဘူး။ ဩစတင်းက သူ့ညီမလေးလည်း အဓိကရိုက်ခံထားရတာကို သတိထားမိပြီး အော်ရိုရာလက်ထဲက
ဆေးဘူးကို ပြန်ယူလိုက်တယ်။"ညီမလေးလည်း အရိုက်ခံထားရတာမဟုတ်လား၊ နာနေသေးမှာပေါ့။ အစ်ကိုကြီးဆေးလိမ်းပေးမယ်လေ။"
"ရပါတယ်၊ ဘာမှမဖြစ်ပါဘူး။" အော်ရိုရာက ငြင်းပေမဲ့ ဩစတင်းက အော်ရိုရာရဲ့လက်ကိုကိုင်ပြီးရိုက်ခံထားရတဲ့ နေရာကိုကြည့်လိုက်တယ်။ သူထင်ထားသလိုမဟုတ်ဘဲ အညိုအမည်းစွဲနေတာမျိုးမရှိဘူး။
"ဟမ်၊ မနက်က ဒီနေရာအရိုက်ခံထားရတာမဟုတ်ဘူးလား။ ဟိုဖက်လက်ပြ..." ဩစတင်းက အော်ရိုရာရဲ့နောက်လက်တစ်ဖက်ကို ကြည့်လိုက်ပေမဲ့လည်း ဘာမှရှိမနေပြန်ဘူး။
YOU ARE READING
I just Wanna be Hero, not Heroine (Season 2)
Science FictionSeason 2 ဖြစ်လို့ Season 1 ဖတ်ထားပြီးမှ ဖတ်လို့ရပါမယ်။ S1ရဲ့အဆုံးသတ်မှာ မက်ဒါနာဒဏ်ရာအပြင်းအထန်ရပြီး ကိုမာဝင်သွားတာနဲ့ အဆုံးသတ်ထားခဲ့ပါတယ်။ မက်ဒါနာရဲ့အချိန်တွေက ရပ်တန့်သွားပေမဲ့ လောကကြီးကတော့ ဆက်သွားနေဆဲပါ။ မြူတန့်သိပ္ပံပျက်စီးသွားပေမဲ့ ဗီလိန်အဖွဲ့...