ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V8 Chapter 14 - ကျောင်းကြီးရှစ်ကျောင်း
သူတို့စစ်ဆေးရေးကွင်းထဲဝင်လိုက်တော့ တခြားကျောင်းတွေက ကျောင်းသားတွေအများကြီးကိုလည်း တွေ့ရတယ်။ စစ်ဆေးမှုကတော့ သာမန်ပါပဲ။ ခွန်အားနဲ့အမြန်နှုန်းကိုပဲ စမ်းသပ်တာပါ။ ဒါပေမဲ့ ထူးခြားနေတာတစ်ခုက မတူညီတဲ့အစိုးရနှစ်ခုက အလံတွေကိုသူတို့တွေ့ရတာပဲ။"ဒီတော့ သမ္မတဝဲလ်ဆင်ဦးဆောင်တဲ့အစိုးရနဲ့ ဖက်ဒရယ်အုပ်စုတွေက ဒီပြိုင်ပွဲကို အတူကျင်းပတာမျိုးလား။" အီဗန်က အလယ်တည့်တည့်မှာရှိနေတဲ့ ပွဲကြည့်စင်ကို ကြည့်လိုက်ရင်းနဲ့ ပြောပါတယ်။ နျူရေကလည်း
ခေါင်းညိတ်လိုက်တယ်။"ကျောင်းကြီးရှစ်ကျောင်းက လက်ရှိနှစ်ခြမ်းကွဲနေတဲ့
တိုင်းပြည်တစ်ခုလုံးမှာ ပြန့်နှံတည်ရှိနေတာလေ။ ဒီတော့ အရင်လိုကျောင်းပေါင်းစုံပြိုင်ပွဲလုပ်ချင်တယ်ဆိုရင် အစိုးရနှစ်ခုလုံးပေါင်းပြီးလုပ်မှဖြစ်မှာ။"နျူရေက ပြောလိုက်ရင်းနဲ့ နယူးယောက်ဟီးရိုးကျောင်းအတွက် အသင့်ပြင်ပေးထားတဲ့အတန်းမှာ ဝင်တန်းစီးပါတယ်။ ကျောင်းခွဲတွေအများကြီးရှိနေတဲ့ ကျန်ကျောင်းတွေနဲ့ယှဥ်ရင် သူတို့ကျောင်းသားအရေအတွက်က ရယ်စရာကောင်းလောက်အောင်နည်းပေမဲ့ အားလုံးက ပြိုင်ပွဲဝင်ဖို့အတွက် အသင့်ရှိနေကြပါတယ်။
ဂိုးလ်က ပထမဆုံး စမ်းသပ်ဒမ်မီရုပ်ဆီကို ရောက်သွားတဲ့တစ်ယောက်ပါ။ တာဝန်ကျနေတဲ့ဟီးရိုးက သူ့ရဲ့အချက်အလက်တွေကို ကြည့်လိုက်ပြီးတော့ ဘာလုပ်ရမလဲဆိုတာ ဆက်ရှင်းပြတယ်။
"မင်းက ခွန်အားအမျိုးအစားမြူတန့်ဆိုတော့ မင်းရဲ့အစွမ်းကိုသုံးပြီး ဒမ်မီရုပ်ကို တတ်နိုင်သမျှအားပြင်းပြင်းနဲ့ထိုးပါ။"
ဂိုးလ်က ခေါင်းညိတ်လိုက်ပြီး သူ့လက်ကိုအကြီးကြီး ပြောင်းလိုက်တယ်။ အဲဒီနောက် အားနဲ့ဒမ်မီရုပ်ကိုထိုးချလိုက်ပါပြီ။
ဘုန်း....
အသံကျယ်ကြီးနဲ့အတူ ဒမ်မီရုပ်က ခါယမ်းသွားတယ်။
ဒိုင်ခွက်မှာ ဂဏန်းတချို့ပေါ်လာတာကို ဟီးရိုးက ကြည့်လိုက်ပြီး ခေါင်းညိတ်ပြပါတယ်။ "မဆိုးဘူး၊ ဂိုးလ် ဂွိုင်လီ C+ အဆင့်။"
YOU ARE READING
I just Wanna be Hero, not Heroine (Season 2)
Science FictionSeason 2 ဖြစ်လို့ Season 1 ဖတ်ထားပြီးမှ ဖတ်လို့ရပါမယ်။ S1ရဲ့အဆုံးသတ်မှာ မက်ဒါနာဒဏ်ရာအပြင်းအထန်ရပြီး ကိုမာဝင်သွားတာနဲ့ အဆုံးသတ်ထားခဲ့ပါတယ်။ မက်ဒါနာရဲ့အချိန်တွေက ရပ်တန့်သွားပေမဲ့ လောကကြီးကတော့ ဆက်သွားနေဆဲပါ။ မြူတန့်သိပ္ပံပျက်စီးသွားပေမဲ့ ဗီလိန်အဖွဲ့...