V6 Chapter 24

57 12 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V6 Chapter 24 - ဆရာသစ်ခန့်အပ်ပွဲ (၁)

နောက်တစ်နေ့ရောက်လာပြန်ပြီ။

မနက်ရှစ်နာရီထိုးတာနဲ့ မနက်စာစားပြီးပြီဖြစ်တဲ့ မက်ဒါနာက ကျောင်းတိုက်ပွဲခန်းမဆီ အေမီနဲ့အတူ ရောက်လာတယ်။ ကျောင်းတိုက်ပွဲခန်းမထဲမှာတော့ မက်ဒါနာ တစ်ခါမှမမြင်ဖူးသေးတဲ့ လူတစ်ဒါဇင်လောက်ပြည့်နေတယ်။ အားလုံးက မြူတန့်တွေဖြစ်ကြပုံပေါ်ပြီး ဟီးရိုးဝတ်စုံတွေကို သေသေချာချာဝတ်ထားကြတယ်။

ဆရာအာသာနဲ့ဆရာမဟဲရိုးက အလုပ်လာ​လျှောက်တဲ့ ဟီးရိုးအားလုံးအတွက် ထိုင်စရာခုံတွေ ပြင်ဆင်ပေးထားပြီး အလုပ်လျှောက်လွှာတွေကို စီစစ်နေကြတယ်။ မက်ဒါနာက အခန်းထဲဝင်လာတာနဲ့ သူတို့နှစ်ယောက်ကို ခေါင်းညိတ်ပြပါတယ်။ ဆရာမဟဲရိုးကလည်း လည်ချောင်းရှင်းလိုက်ပြီး အလုပ်လျှောက်လာတဲ့သူတွေကို မက်ဒါနာနဲ့မိတ်ဆက်ပေးလိုက်လေရဲ့။

"အားလုံးပဲ၊ ကျွန်မတို့ရဲ့ကျောင်းအုပ်ကြီး ပေါ်လီယာနာ ရောက်လာပါပြီ။ မကြာခင်မှာ ဆရာအဖြစ်ဝင်ခွင့်စာမေးပွဲကို ကျင်းပမှာဖြစ်ပါတယ်။"

ဆရာမဟဲရိုးစကားပြောပြီးတဲ့အချိန်မှာပဲ တိုက်ပွဲခန်းမထဲကို နောက်ထပ်လူတစ်​ယောက် ဝင်လာပြန်တယ်။ အဝတ်အစားကို သေသေသပ်သပ်ဝတ်ထားတဲ့ ဖရက်ပါ။ ဖရက်က ဟန်ပါပါနဲ့လျှောက်လာပြီး မက်ဒါနာဘေးမှာ ဝင်ရပ်တယ်။ အေမီကတော့ ရန်သူကြီးကို မြင်တွေ့လိုက်ရတဲ့အတိုင်း ဖရက်ကိုစောင့်ကြည့်တယ်။ ဆရာမဟဲရိုးကတော့ ခေါင်းကိုခါယမ်းလိုက်ရင်း ကျန်တဲ့သူတွေနဲ့ အလုပ်လာလျှောက်တဲ့ ဆရာတွေကို ဆက်မိတ်ဆက်ပေးတယ်။

"ကျွန်မကတော့ ဒီကျောင်းရဲ့ဝါရင့်ဆရာတစ်​ယောက်ဖြစ်တဲ့ ဟဲရိုးပါ၊ ဒီဖက်က အမျိုးသားကတော့ ဆရာအာသာပါ။ ကျောင်းအုပ်ကြီးနောက်မှာ ရပ်နေတဲ့လူနှစ်ယောက်ကတော့ ဆရာဖရက်နဲ့ဆရာမအေမီပါ။ ကျောင်းအုပ်ကြီးက စစ်မေးမှုအသေးစိတ်ကို ရှင်းပြပါလိမ့်မယ်။"

မက်ဒါနာက ခေါင်းညိတ်လိုက်ပြီး ဘာမှမပြောသေးခင် အခန်းထဲမှာရှိနေတဲ့ အလုပ်လျှောက်တဲ့သူတွေကိုသေချာရေကြည့်တယ်။ အားလုံးပေါင်း ဆယ့်ငါးယောက်ရှိပါတယ်။ မက်ဒါနာက ပြုံးလိုက်ပြီး မေးကိုလက်နဲ့ထောက်ထားလိုက်တယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now