V8 Chapter 30

43 4 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V8 Chapter 30 - ထိုလူသား


 ဒါပေမဲ့ နောက်ဖြစ်လာတဲ့ မြင်ကွင်းကမှ လူတိုင်းကို အမှန်အံ့ဩသွားစေတယ်။ ဖရက်ရဲ့စွမ်းအားက ရူးလောက်အောင် အင်အားကြီးတယ်လို့ ပြောလို့ရနေပါပြီ။ ဒါပေမဲ့ သူ့ရဲ့လက်တွေခြေတွေနဲ့ မိုးကြိုးဘီလူးကို ဖမ်းဆုပ်လိုက်ပြီး အဆိပ်ဆူးနဲ့ထိုးချလိုက်တယ်။ 


 "သူဘယ်လိုလုပ်ပြီး ဒီလောက်လောက်စွမ်းအားကြီးနေရတာလဲ။" ဖရက်လည်း မိုးကြိုးဘီလူးကြီးရဲ့ကိုယ်ကို ထိုးဖောက်ပြီးဝင်လာနေတဲ့ အဆိပ်ဆူးကြီးကို မော့ကြည့်လိုက်တယ်။ မိုးကြိုးဘီလူးကြီးရဲ့သံလိုက်စက်ကွင်းတွေက အပြင်းအထန်ခုခံနေပေမဲ့ အချည်းအနှီးပါပဲ။ အဆိပ်ဆူးက ခပ်မြန်မြန်ပဲတိုးဝင်လာနေတာ။


 "ပြေးမှဖြစ်မယ်။" ဖရက်က ဆုံးဖြတ်ချက်ချလိုက်ပြီး မိုးကြိုးဘီလူးကြီးကိုဖောက်ခွဲကာ နောက်ကိုခုန်ဆုတ်ဖို့ပြင်တယ်။ ဒါပေမဲ့ နောက်ဖြစ်လာတဲ့အရာကြောင့် သူမျက်လုံးပြူးသွားတယ်။ သူ့နောက်ကနေပြီး ဘာရွန်ရဲ့အသံကို ကြားလိုက်ရလို့ပါ။


 "ငါ့ကို တစ်ခါပဲလှည့်စားလို့ရမယ်။" ဘာရွန်ရဲ့စကားသံကြောင့် သူရှေ့ကိုလှည့်ကြည့်လိုက်တော့ တိုးဝင်လာနေတဲ့ အဆိပ်ဆူးကြီး ရှိမနေတော့ဘူး။ အဲဒီအစား အဆိပ်ဆူးက သူဆုတ်ပြေးသွားတဲ့နေရာတည့်တည့်မှာရှိနေပါတယ်။ ပြီးတော့ ဒီဖြစ်စဥ်က စက္ကန့်မခြား ဖြစ်ခဲ့တာဖြစ်ပြီးတော့ ဖရက်ဖောက်ခွဲပစ်လိုက်တဲ့ မိုးကြိုးဘီလူးကြီးတောင်မှ ပေါက်ကွဲစပဲရှိသေးတာပါ။


 "အား....." ဖရက်ရဲ့အော်သံနဲ့အတူ တိုက်ပွဲကိုကြည့်နေသူတွေအားလုံး ကောင်းကင်ကြီးနောက်တစ်ဖန် ခရမ်းရောင်ပြောင်းသွားတာကို မြင်လိုက်ရပြန်ပါပြီ။


....


 မက်ဒါနာက တိုက်ပွဲဖြစ်နေတဲ့နေရာကို ကြိုးစားပြီး ကြည့်နေပေမဲ့ ဝေးကွာလွန်းတာကြောင့် ဘာမှမမြင်ရဘူး။ အေမီကတော့ သူ့ရဲ့မှန်ဘီလူးတွေနဲ့ချိန်ညှိရင်း ပြောလိုက်ပါတယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now