ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V5 Chapter 28 - ကိန်းရှင်တွေရောက်လာပြီဖရက်က မြေပေါ်မှာလဲကျနေတဲ့ မက်ဒါနာကိုကြည့်လိုက်ပြီး ချက်ချင်းဒေါသထွက်သွားတယ်။ အဲဒီနောက် ဝတ်ရုံနက်ဝတ်ထားတဲ့ ရေနွေးငွေ့ခေါင်းကို အော်ဟစ်ပြီးပြောလိုက်တယ်။
"မင်းလုပ်ရဲတယ်ပေါ့လေ။" အဲဒီနောက်တော့ ဖရက်ရဲ့နဖူးက သစ်ပင်ပုံဟာ အသက်ဝင်လာပြီး ခရမ်းရောင်မိုးကြိုးတွေက သူ့ကိုယ်ကိုဖုံးအုပ်သွားတယ်။ ဖရက်က လက်ကိုအာကာပြင်ထဲ ဆန့်ထုတ်လိုက်တယ်။
ဆုဗာနာနန်းတော်ထက်မှာ မိုးကြိုးလျှပ်စီးတိမ်တိုက်တွေစုစည်းလာပြီး အဲဒီလျှပ်စီးတွေက မိုးကြိုးဓားအဖြစ်ကို ဖွဲ့တည်သွားကာ ဖရက်ရဲ့လက်ထဲကို ဆင်းသက်လာပါတယ်။
"မကောင်းတော့ဘူး...." ဖရက်စပေါ်လာကတည်းက ရေနွေးငွေ့ခေါင်းဟာ သိပ်ကိုကြီးမားလွန်းတဲ့ ဖိအားကို ခံစားနေရပါတယ်။
ခွေးအတစ်ကောင် ခြင်္သေ့မင်းရှေ့ ရောက်ရှိသွားသလိုမျိုး၊ လမ်းဘေးကလေကချေလေးတစ်ယောက် သိုင်းပေါင်းစုံချန်ပီယံတစ်ယောက်နဲ့ ရင်ဆိုင်နေရသလိုမျိုး ခံစားနေရတာပါ။ ရေနွေးငွေ့ခေါင်းရဲ့စိတ်ထဲမှာ ပထမဆုံးပေါ်လာတဲ့အတွေးကတော့ 'ပြေး' ဆိုတာပါပဲ။
ရေနွေးငွေ့ခေါင်းက ဖရက်ကိုရင်ဆိုင်ဖို့မတွေးဘဲ နောက်ကို ချက်ချင်းလှည့်ပြီးပြေးတယ်။ ဖရက် ခြေကိုစလှမ်းလိုက်ပြီး သူ့ခန္ဓာကိုယ်က ချက်ချင်းမေမေသီတာရှေ့ကနေ ပျောက်ကွယ်သွားတယ်။
ဘုန်း....။
အသံထက်ကျော်လွန်တဲ့မြန်နှုန်းကြောင့် နန်းတော်တွင်းလေထု ပေါက်ကွဲထွက်သွားပြီး ကြမ်းခင်းကျောက်ပြားတချို့ကို အက်ကွဲသွားစေတယ်။ ရေနွေးငွေ့ခေါင်း သတိပြန်ဝင်လာချိန်မှာတော့ ဖရက်ဟာ သူ့ရှေ့မှာရောက်နေပြီဖြစ်ပြီး လက်ထဲက ဓားကိုဝေ့ယမ်းလိုက်တယ်။
ရေနွေးငွေ့ခေါင်းကလည်း အကြောက်ကြောက်အလန့်လန့်နဲ့ သူ့သတ္တုဆူးချွန်ကိုမြှောက်ပြီး ခုခံလိုက်တာပေါ့။
ဒါပေမဲ့ ဖရက်ရဲ့မိုးကြိုးဓားက ဇက်သတ္တုထက်တောင်မာတဲ့ အန်းနပ်စ်အရိုးကို ပိုင်းဖြတ်ပစ်ပြီး ရေနွေးငွေ့ခေါင်းရဲ့ပခုံးပေါ်ကို ကျဆင်းသွားတယ်။
KAMU SEDANG MEMBACA
I just Wanna be Hero, not Heroine (Season 2)
Fiksi IlmiahSeason 2 ဖြစ်လို့ Season 1 ဖတ်ထားပြီးမှ ဖတ်လို့ရပါမယ်။ S1ရဲ့အဆုံးသတ်မှာ မက်ဒါနာဒဏ်ရာအပြင်းအထန်ရပြီး ကိုမာဝင်သွားတာနဲ့ အဆုံးသတ်ထားခဲ့ပါတယ်။ မက်ဒါနာရဲ့အချိန်တွေက ရပ်တန့်သွားပေမဲ့ လောကကြီးကတော့ ဆက်သွားနေဆဲပါ။ မြူတန့်သိပ္ပံပျက်စီးသွားပေမဲ့ ဗီလိန်အဖွဲ့...