V9 Chapter 10

42 3 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V9 Chapter 10 - လီဆာတစ်​ယောက် သင်ယူချင်စိတ်ပြင်းပြနေပြီ

လီဆာတစ်ယောက် ပြိုင်ပွဲက ထင်ထားသလိုမျိုး မလွယ်မှန်းသိလိုက်ရပေမဲ့ စိန်ခေါ်ထားပြီးပြီမလို့ နောက်ကျသွားပြီ။ အေမီပြတဲ့အတိုင်း လိုက်ခေါက်ဖို့ကြိုးစားပေမဲ့ ရှစ်မိနစ်နဲ့ပြီးဖို့နေနေသာသာ ဆယ့်ငါးမိနစ်ကျော်လို့ရယ်။ နာရီဝက်လောက်မကြာတာပဲ ကျေးဇူးတင်ရမယ်။

"အေမီရေ၊ ငါအိပ်ချင်နေပြီ။" မက်ဒါနာက ​ကြေမွနေတဲ့ အိပ်ရာခင်းတွေကိုကြည့်ရင်း သန်းဝေလိုက်လေရဲ့။ ညသန်းခေါင်ယံအချိန်နီးလာပြီ။ အေမီယူလာတုန်းက အသစ်စက်စက်အိပ်ရာခင်းလေးက အခုလီဆာလက်ချက်နဲ့ စက္ကူစုတ်လိုမျိုး အစင်းကြောင်းရာတွေနဲ့။

"ခနလေးပဲ၊ နောက်နည်းနည်းလောက်ကြာရင် ကျွန်မခေါက်နိုင်တော့မှာ ကျိန်းသေတယ်။" တစ်ကိုယ်လုံးချွေးတွေနဲ့ရွဲနေတဲ့ လီဆာက ပြောလိုက်ပေမဲ့ အေမီကတော့ လီဆာ့ပခုံးပေါ်လက်တင်လိုက်ပြီး အေးစက်နေတဲ့လေသံနဲ့ ပြောလိုက်လေရဲ့။

"သခင်မလေးလီဆာ၊ အိပ်ရာခင်းကျင်းခြင်းအတတ်က ကျွမ်းကျင်ဖို့အတွက် နှစ်တွေလတွေအများကြီး ကြိုးစားရတဲ့အရာပါ။ တစ်ညတည်းလေ့ကျင့်ပြီး တတ်တဲ့အရာမျိုး မဟုတ်ပါဘူးနော်။"

လီဆာလှည့်ကြည့်လိုက်တော့ အေမီက မျက်စိကိုစုံလုံးမှိတ်ပြီး သူ့ကိုနားချိတ်လောက်တဲ့အပြုံးမျိုးနဲ့ပြုံးပြနေတာ တွေ့လိုက်ရတယ်။ 'လီဆာ၊ ငါ့သခင်မလေးအိပ်ချင်နေပြီ။ လစ်လိုက်တော့။'လို့ ရိုင်းရိုင်းစိုင်းစိုင်းမပြောပေမဲ့ အေမီဆီကနေ ကြောက်စရာကောင်းတဲ့ဖိအားတစ်ခု ထွက်ပေါ်နေတာ မြင်နိုင်ပါတယ်။

"ဟုတ်... ဟုတ်။" လီဆာလည်း ကျောချမ်းလာပြီး မက်ဒါနာတို့အိပ်ခန်းထဲကနေ တစ်ခါတည်းထွက်ပြေးသွားလေရဲ့။

....

နောက်တစ်နေ့မနက်ရောက်တော့ ဟိုဘက်ဟိုတယ်က ဝန်ထမ်းတွေနဲ့ယာမာဒါတို့ ရောက်နေကြပြီ။ သူတို့တွေက လမ်းမပေါ်မှာ သရုပ်ပြဖို့အတွက် ကုတင်နှစ်လုံးချထားတယ်။ မက်ဒါနာကတော့ ပျင်းရိစွာသန်းဝေလိုက်ရင်းနဲ့ စားပွဲတစ်လုံးမှာဝင်ထိုင်ပြီး ပြိုင်ပွဲကျင်းပမယ့်နေရာကို တစ်ချက်ကြည့်လိုက်ပါတယ်။

I just Wanna be Hero, not Heroine (Season 2)Donde viven las historias. Descúbrelo ahora