ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V6 Chapter 19 - အင်အားစုအသစ်များမိနစ်အနည်းငယ်အကြာမှာတော့ ကိုင်းတိုက မီးတန်းနဲ့ ပစ်နေတာကို ရပ်လိုက်တယ်။ မြေပြင်က တွင်းချိုင့်ကြီးမှာ ကျောက်သားတွေတောင် အရည်ပျော်နေပြီမလို့ မြေပြင်မှာရဲရဲနီတဲ့ ချော်ရည်ပူတချို့စီးဆင်းနေပါတယ်။ လိပ်နက်ကတော့ တစ်ချိန်လုံး ကိုယ်ကိုကျုံပြီးခုခံနေခဲ့တာကြောင့် တွင်းရဲ့အလယ်မှာ မည်းတူးနေတဲ့ ကျောက်တုံးကြီးတစ်တုံးလိုမျိုး ရှိနေပါတယ်။
"သူသေပြီလား။" ဥစာကီက မေးလိုက်တယ်။ ဒါပေမဲ့ ကိုင်းတိုက ခေါင်းခါပြလိုက်ပြီး နောက်ထပ်မီးလှံတံတွေကို အသင့်ပြင်ထားတယ်။ လိပ်နက်မသေဆုံးသေးမှန်း မြေပြင်ကိုဆက်လက်စိုက်ကြည့်နေသေးတဲ့ ပန်းသီးလေးရှိနေတာကို ကြည့်ရုံနဲ့သိနိုင်ပါတယ်။
ဆင့်ခေါ်ကောင်တွေက ပိုင်ရှင်ဖြစ်သူသေဆုံးတာနဲ့ သူတို့ပါ လိုက်သေဆုံးရမှာပါ။ ပြီးတော့ ကိုင်းတိုကလည်း လိပ်နက်ကို နှိမ်နင်းချင်ရုံနဲ့ အပြစ်မဲ့တဲ့ တခြားလူတစ်ယောက်ကို သတ်ချင်စိတ်ရှိမနေပြန်ဘူး။
"ကောင်လေးကို လွှတ်ပေးပြီး မင်းဘာသာမင်း ကောင်းကောင်းနေမလား။" ကိုင်းတိုက အတောင်ကိုခတ်ကာ လိပ်နက်နားကို ပျံသန်းသွားပြီး လိပ်နက်ရဲ့ခေါင်းကို ဆုပ်ကိုင်ကာမေးလိုက်တယ်။ မီးစွမ်းအားတွေက သူ့လက်အပြည့်စီးဆင်းနေပြီး လိပ်နက်ကို ဖောက်ခွဲပစ်ဖို့ အသင့်ဖြစ်နေပုံပဲ။
ဒါပေမဲ့ မီးသွေးလိုမည်းနက်နေတဲ့ လိပ်နက်ဆီက ရယ်သံသဲ့သဲ့ထွက်ပေါ်လာတယ်။ နောက်တော့ လိပ်နက်က အံ့ကိုကြိတ်ပြီး ပြောလိုက်ပါတယ်။
"တန်ဖိုးမရှိတဲ့ လူသားတွေအတွက် ငါ့ကိုယ်ငါစတေးပေးရလောက်တဲ့အထိ ငါ့နှလုံးသားက မင်းနဲ့နဂါးပြာလို မနူးညံ့ဘူး၊ ဖီးနစ်။"
ဝုန်း....။
ရုတ်တရက် လိပ်နက်ရဲ့အရွယ်အစားက နှစ်ဆနီးပါး ကြီးသွားတယ်။ ကိုင်းတိုကလည်း လိပ်နက်ရဲ့ခေါင်းကို ချက်ချင်းဖောက်ခွဲပစ်ဖို့ ကြိုးစားပေမဲ့ လိပ်ရဲ့အမြီးသုံးချောင်းက တစ်ခုနဲ့တစ်ခုပေါင်းစည်းသွားကာ မြွေတစ်ကောင်အဖြစ်ပြောင်းလဲသွားတယ်။
YOU ARE READING
I just Wanna be Hero, not Heroine (Season 2)
Science FictionSeason 2 ဖြစ်လို့ Season 1 ဖတ်ထားပြီးမှ ဖတ်လို့ရပါမယ်။ S1ရဲ့အဆုံးသတ်မှာ မက်ဒါနာဒဏ်ရာအပြင်းအထန်ရပြီး ကိုမာဝင်သွားတာနဲ့ အဆုံးသတ်ထားခဲ့ပါတယ်။ မက်ဒါနာရဲ့အချိန်တွေက ရပ်တန့်သွားပေမဲ့ လောကကြီးကတော့ ဆက်သွားနေဆဲပါ။ မြူတန့်သိပ္ပံပျက်စီးသွားပေမဲ့ ဗီလိန်အဖွဲ့...