ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V7 Chapter 10 - မစ်ရှင်စတင်ခြင်းအမေရိကန်နိုင်ငံရှိ ဆိပ်ကမ်းမြို့တစ်မြို့။
ပစ္စည်းသယ်ကရိန်းကြီးများက နေ့စဥ်လည်ပတ်နေကျအတိုင်း သင်္ဘောကြီးတစ်ခုပေါိမှနေ၍ ကွန်တိန်နာသေတ္တာများကို ဆွဲယူကာ ဆိပ်ကမ်းပစ္စည်းထားသိုရာနေရာသို့ ပို့ဆောင်ပေးနေကြသည်။ ထိုကွန်တိန်နာများတွင် အခြားကွန်တိန်နာများနှင့် အတူတူသာဖြစ်သော ကွန်တိန်နာအပြာတစ်လုံးလည်း ပါဝင်၏။ ကရိန်းက သင်္ဘောပေါ်မှနေ၍ ထိုကွန်တိန်နာကို မလိုက်သော် ပေါ့ပါးလွန်းသဖြင့် ကရိန်းနောက်လန်ကျမလိုပင် ဖြစ်သွားသည်။ ကွန်တိန်နာနှင့်တွဲထားသည့် ဉာဏ်ရည်တုစနစ်က ချက်ချင်းအသက်ဝင်လာပြီး ကရိန်းအလေးချိန်ခွင်ကို အလိုက်သင့်ပြောင်းလဲလိုက်၏။
"ဟ၊ ဒီကွန်တိန်နာက ပေါ့လိုက်တာ။" ကရိန်းပေါ်တွင် လုပ်ငန်းစဥ်ကို စောင့်ကြည့်နေသူက ပြောလိုက်သော်လည်း ချက်ချင်းမစစ်ဆေးသေးဘဲ ကရိန်းက ထိုကွန်တိန်နာကို အခြားကွန်တိန်နာများအပေါ်သို့ သွားတင်သည်ကိုသာ အဆင်ပြေမပြေစောင့်ကြည့်သည်။ ထို့နောက် အခြားကွန်တိန်နာများကို ကရိန်းက စက်မနေပြီး ညနေစောင်းချိန်တွင် သင်္ဘောပေါ်မှ ကွန်တိန်နားအားလုံးနီးပါးကို ပြောင်းရွှေ့ပြီးဖြစ်၏။ အလုပ်မသိမ်းခင် ဆိပ်ကမ်းအရာရှိတချို့ရောက်လာပြီး ကွန်တိန်နာများကို လာရောက်စစ်ဆေးကြသည်။ ပေါ့နေသောကွန်တိန်နာအား ကရိန်းစောင့်ကြည့်သူက လက်ညိုးထိုးပြသဖြင့် အရာရှိက ကွန်တိန်နာပေါ်ရှိ QRကုတ်ကို သူ့ဖုန်းဖြင့်စကင်ဖတ်လိုက်ပြီး...
"ဒီကွန်တိန်နာက အခွန်ဆောင်ထားပြီသားပါ၊ ချိပ်တုံးလည်းပျက်နေပုံမရဘူးဆိုတော့ အထဲမှာပါတဲ့ပစ္စည်းက ပေါ့လို့ဖြစ်မယ်။ ကွန်တိန်နာဘောက်စ်အလေးချိန်ကို စစ်ဆေးတဲ့ကောင်တွေ အိပ်ငိုက်သွားတာလား။"
အရာရှိစကားကြောင့် ကရိန်းသမားလည်း ပခုံးတွန့်ပြလိုက်သည်။ တခြားထူးထူးခြားခြား ဘာမှမရှိသည့်အပြင် အလုပ်ဆင်းချိန်ရောက်ပြီမလို့ သံသယတချို့ရှိနေဆဲဖြစ်သော်လည်း နောက်နေ့အလုပ်ဆင်းချိန်မှ စစ်ဆေးရန် ဆုံးဖြတ်လိုက်ကြပြီး ဆိပ်ကမ်းမှ ထွက်ခွာသွားကြ၏။
YOU ARE READING
I just Wanna be Hero, not Heroine (Season 2)
Science FictionSeason 2 ဖြစ်လို့ Season 1 ဖတ်ထားပြီးမှ ဖတ်လို့ရပါမယ်။ S1ရဲ့အဆုံးသတ်မှာ မက်ဒါနာဒဏ်ရာအပြင်းအထန်ရပြီး ကိုမာဝင်သွားတာနဲ့ အဆုံးသတ်ထားခဲ့ပါတယ်။ မက်ဒါနာရဲ့အချိန်တွေက ရပ်တန့်သွားပေမဲ့ လောကကြီးကတော့ ဆက်သွားနေဆဲပါ။ မြူတန့်သိပ္ပံပျက်စီးသွားပေမဲ့ ဗီလိန်အဖွဲ့...