V8 Chapter 31

46 5 0
                                    


ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V8 Chapter 31 - တစ်ညတာ


 ဥစာကီက မိရိုင်ရဲ့လက်ကို ဆုပ်ကိုင်ထားတယ်။ အခုသူတို့နှစ်ယောက်လုံးက လူမရှိတော့တဲ့ ပန်းခြံတစ်ခုထဲမှာပါ။ သူတို့နှစ်ယောက် အတူရှိမနေခဲ့တာ အချိန်တစ်ခုကြာခဲ့ပြီ။ အခုလိုတစ်ယောက်ကိုတစ်ယောက် ပြန်တွေ့ရတော့ အရင်တုန်းက အဖြစ်အပျက်တွေကို ပြန်တွေးပြီး နှစ်ယောက်လုံးပြုံးလိုက်မိကြပါတယ်။


 "နောက်ဆုံးတော့၊ မမကို တွေ့ခွင့်ရခဲ့ပြီပဲ။" မိရိုင်က သူ့ကိုမလွတ်တန်းဖက်ထားလို့ ဥစာကီအခက်တွေ့နေခဲ့တယ်။ သူတို့နှစ်ယောက် ခုံတန်းတစ်ခုနားကို ရောက်လာချိန်မှာ အတူဝင်ထိုင်လိုက်ကြတယ်။


 "အစ်မက ဟိုးအရင်ကတည်းက ဟီးရိုးကိစ္စတွေနဲ့ အမြဲအလုပ်ရှုပ်နေခဲ့တာမလို့ သမီးကိုဂရုစိုက်မပေးနိုင်ခဲ့ပေမဲ့ ဒီလိုနေ့မျိုးဆိုရင် အမြဲတမ်းအတူအပြင်နေကြလေ။"


 ဥစာကီက အရင်တုန်းက ကိစ္စတွေကို ပြန်စဥ်းစားကြည့်လိုက်တယ်။ အတိတ်က ကိစ္စတွေက သူ့အတွက်ဝေဝါးလွန်းနေပြီး ဘာကိုမှသူမမှတ်မိဘူး။ ဒါပေမဲ့ ပြန်စဥ်းစားကြည့်လိုက်ချိန်မှာတော့ အရင်တုန်းကဝေဝါးလှတဲ့ အမှတ်တရတချို့ကို သူပြန်စဥ်းစားမိလိုက်တယ်။


ပေါက်...


 ပူနွေးတဲ့ အရည်တချို့က သူ့လက်ခုံပေါ်ကို ကျဆင်းလာတဲ့အတွက် ငုံကြည့်လိုက်တော့ မိရိုင်ရဲ့မျက်ရည်တွေဖြစ်နေတာ တွေ့လိုက်ရတယ်။ မိရိုင်က ငိုကြွေးနေတာဖြစ်ပြီး ငိုသံထွက်မလာအောင် ကြိုးစားနေပေမဲ့ မျက်ရည်တွေကိုတော့ ထိန်းချုပ်မထားနိုင်တော့ဘူးရယ်။


 "အစ်မကြီးက သမီးစာမေးပွဲပြီးတဲ့နေ့တိုင်း သမီးကို အနားက ပန်းခြံကိုလိုက်ပို့ပေးနေကျလေ။ အစ်မကြီးမမှတ်မိတော့ဘူးမဟုတ်လား။"


 ဥစာကီက မိရိုင်ရဲ့စကားကြောင့် မိရိုင်ရဲ့မျက်နှာကို သူ့လက်ဖဝါးနဲ့ထိကိုင်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူ့ခေါင်းထဲကို ဟိုးအရင်က အမှတ်တတွေ ပြန်စီးဝင်လာခဲ့တယ်။

I just Wanna be Hero, not Heroine (Season 2)Onde histórias criam vida. Descubra agora