V9 Chapter 22

34 4 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V9 Chapter 22 - ကမ္ဘာဖျက်မြွေမိစ္ဆာ


 လီဆာ မျက်လုံးတွေကိုဖွင့်လိုက်တယ်။ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံ့နေတဲ့အတွက် နားကိုပိတ်ထားချင်ပေမဲ့ လက်တွေတုပ်နှောင်ခံထားရတာကြောင့် စိတ်ပါသလို လှုပ်ရှားနိုင်စွမ်းမရှိခဲ့ပါဘူး။


 "နိုးလာပြီလား။" ရေဂင်ရဲ့အသံထွက်ပေါ်လာတာကြောင့် အသံလာယာကို ကြည့်လိုက်တော့ အနက်ရောင်နည်းပညာချပ်ဝတ်ကို ခေါင်းဆောင်းမပါဘဲ ဝတ်ထားတဲ့ရေဂင်က သူ့ရှေ့ကိုလျှောက်လာပြီး ထိုင်ချလိုက်တာ မြင်ရတယ်။ ပြီးတော့ လီဆာအနားမှာရှိနေတဲ့ အရာတွေကို သဲသဲကွဲကွဲစမြင်ရပြီဖြစ်လို့ ဆူညံ့နေတဲ့အကြောင်းအရင်းကို နားလည်သွားပြီ။


 ဒီနေရာမှာ ဖုတ်သွင်းခံထားရတဲ့ ပိုးကောင်တွေသောင်းဂဏန်းနဲ့ချီပြီး တန်းစီစုဝေးနေကြလို့ အခုလိုမျိုးအသံတွေနဲ့ ဆူညံ့နေတာပါ။ ပိုးကောင်မျိုးစိတ်ပေါင်းများစွာရဲ့အတောင်ပံခတ်သံတွေ၊ ခြေတွေလက်တွေလှုပ်ရှားတဲ့အသံတွေက ပေါင်းစုသွားပြီး လီဆာအတွက် အဓိပ္ပါယ်ဖော်ရခက်တဲ့ သည်းခံရခက်တဲ့ သံစုံတီးဝိုင်းကြီးကို ဖြစ်ပေါ်စေခဲ့တာပါ။


 "ဟုတ်သားပဲ။ သူတို့ဆူညံနေမှတော့ မင်းငါပြောတာကို ဘယ်ကြားရမှာလဲ။" ရေဂင်က လက်ဖျောက်တီးလိုက်တယ်။ အဲဒီနောက်တော့ လှုပ်ရှားနေတဲ့ ဖုတ်သွင်းပိုးကောင်တွေအကုန်လုံး ငြိမ်ကျသွားတယ်။


 လီဆာကတော့ သူ့ကိုယ်ကိုတုပ်နှောင်ထားတဲ့ ကြိုးတွေကို ကြည့်လိုက်တယ်။ ကြိုးက အထူးပြုလုပ်ထားတဲ့ ဇက်စတီးသံကြိုးဖြစ်ပြီး အနက်ရောင်သန်းနေတယ်။ ကြိုးရဲ့မျက်နှာပြင်ပေါ်မှာ သေးငယ်တဲ့ ဆူးချွန်တွေပါပြီးတော့ ဆိုးယုတ်ခြင်းအငွေ့အသက်တွေ စီးဆင်းနေပါတယ်။ လီဆာက လွတ်လိုလွတ်ငြား ရုန်းကြည့်ပေမဲ့ ကြိုးတွေက ပိုတင်းကျပ်သွားပြီးတော့ သူ့ခန္ဓာကိုယ်ထဲ ဆိုးယုတ်ခြင်းအငွေ့အသက်တွေ စီးဝင်လာတာကြောင့် အသက်ရှုမှားသွားတယ်။

I just Wanna be Hero, not Heroine (Season 2)Opowieści tętniące życiem. Odkryj je teraz