V6 Chapter 26

63 11 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V6 Chapter 26 - ဒုတိယစစ်မေးမှုပြီးဆုံးခြင်း

ဖရက်က ကျောင်းဝင်းထဲက အမြင့်ဆုံးရှေးသစ်ပင်ကြီးတစ်ပင်ပေါ်မှာ ငှက်တစ်ကောင်လိုမျိုး ရပ်ပြီး တိုက်ပွဲနှစ်ခုကို ကြည့်နေတယ်။ သစ်ပင်က သစ်ကိုင်းက အတော်လေးသေးပေမဲ့ သူ့ရဲ့ဟန်ချက်ထိန်း​နိုင်စွမ်းကြောင့် လုံးဝ​ကျိုးကျမသွားဘူး။ မကြာခင်မှာပဲ သူမျက်လုံးမှေးလိုက်ပြီး သန်းဝေလိုက်တယ်။

"သခင်မလေးအမိန့်ကြောင့် သူတို့ကိုစောင့်ကြည့်နေရတယ်ဆိုပေမဲ့ ပျင်းစရာကောင်းလိုက်တာ။ ဒီအဆင့်လောက်နဲ့ဆိုရင် ငါတို့အဆင့်တိုက်ပွဲမှာ အကုန်လုံးခနလေးနဲ့ သေကုန်မှာပဲဥစ္စာကို။"

ဖရက်ရဲ့အတွေးက တစ်ဖက်သက်ဆန်ရာကျပေမဲ့ S rankတိုက်ပွဲတွေမှာ ဒီလေးယောက်လုံးအသုံးမဝင်ပါဘူး။ ဒါပေမဲ့ ကျောင်းဖွဲ့စည်းပုံပြည့်ဖို့ နောက်ဆရာတစ်ယောက်ရဖို့လိုနေတာကြောင့် အခုလိုမျိုး အသုံးမဝင်မယ့်သူတစ်ယောက်ကို မက်ဒါနာက ရှာနေရတာပါ။

"အရင်စတိုက်တဲ့သူတွေကို မှတ်ထားဖို့ သခင်မလေးပြောလိုက်တယ်မဟုတ်လား။ ဟိုကတုံးနဲ့လက်ဝှေ့သမားက တစ်ပြိုင်တည်းလိုလို တိုက်ခိုက်တာဆိုတော့ နှစ်ယောက်လုံးကို ထည့်တွက်ရမှာမဟုတ်လား။ ဒိုင်းကိုင်ထားတဲ့ အဒေါ်ကြီးနဲ့ ကုသရေးမြူတန့်မှာ ​ကုသရေးမြူတန့်က အရင်စတိုက်တာ။ မစ်ရှင်ပြီးပြီ။"

ဖရက်က ခေါင်းညိတ်လိုက်ပြီး သစ်ကိုင်းပေါ်ကနေ ခုန်ဆင်းလိုက်တယ်။ အဲဲဒီနောက် မြေပြင်ပေါ်က မြေမှုန့်လက်တစ်ဆုပ်စာကို ကောက်ယူလိုက်ပြီး ရေရွတ်တယ်။

"ငါ့လက်ထဲက သဲတွေကုန်သွားတာနဲ့ ဒီစမ်းသပ်မှု အချိန်ပြည့်ပြီ။"

ဖရက်က ဒီလူတွေတိုက်ပွဲမစခင်ကတည်းက သူတို့ကို စောင့်ကြည့်နေတာဖြစ်ပြီး အခြေအနေကိုသိပါတယ်။ အကြာကြီးဆက်လွှတ်ပေးထားရင် သေကုန်မှာပါ။ စစ်မေးမှုမှာ အသက်ရှင်ကျန်ရမယ်လို့ပါပေမဲ့ မက်ဒါနာက စစ်မေးမှုမှာပါတဲ့ အလုပ်လျှောက်သူတွေထဲက တစ်ယောက်ယောက်ကို သေချင်စေတဲ့ စိတ်မျိုးမရှိမှန်း ဖရက်သိတယ်။

I just Wanna be Hero, not Heroine (Season 2)Wo Geschichten leben. Entdecke jetzt