ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V8 Chapter 25 - ဟင်းလျာများ
နည်းနည်းစိတ်တည်ငြိမ်လာပြီးတဲ့နောက်တော့ မက်ဒါနာက သက်ပြင်းချလိုက်ပြီး အိမ်စေပစ်ထုတ်တာခံရတဲ့ စားဖိုမှူးကို ကြည့်လိုက်တယ်။ အဲဒီစားဖိုမှူးက လူအုပ်ကြားထဲမှာ ရောယောင်ရပ်နေရင်းကနေ သူတို့ကို ဝမ်းသာအားရနဲ့ကြည့်တာပါ။ သူ့အကြည့်တွေထဲမှာ မနာလိုမှုနဲ့မုန်းတီးမှုကို အတူတကွတွေ့မြင်နိုင်တယ်။
"ရှင်က တကယ်ပဲ ရှင့်တပည့်တစ်ယောက်အတွက်နဲ့ အေမီကို စိန်ခေါ်ဖို့ကြိုးစားနေတာလား။"
စားဖိုမှူးတစ်ယောက်ရဲ့မာနကို မက်ဒါနာနားလည်ပါတယ်။ ဒါပေမဲ့ အေမီကို စားဖိုမှူးရေမီအနေနဲ့ ရင်ဆိုင်ဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ အေမီက လုပ်ငန်းခွင်သုံး ဉာဏ်ရည်တုမော်ဒယ်မဟုတ်ဘဲ ကိုယ်ပိုင်သိစိတ်ရှိတဲ့ ဘက်စုံသုံးဉာဏ်ရည်တုပါ။
"စားဖိုမှူးတစ်ယောက်ကိုစော်ကားတာ ကမ္ဘာပေါ်က စားဖိုမှူးအားလုံးကို စော်ကားလိုက်တာနဲ့ အတူတူပဲ။"
စားဖိုမှူးရေမီက အေမီကိုဓားနဲ့ရွယ်ပြီးတော့ ပြောတယ်။ မက်ဒါနာက သက်ပြင်းချလိုက်ပြီး စားပွဲကနေ ထလိုက်တယ်။ အဲဒီနောက် စားဖိုမှူးရေမီနဲ့အေမီကြားမှာ ရပ်လိုက်ပြီးတော့
"တစ်ခုလောက် တောင်းဆိုလို့ရမလား။" မက်ဒါနာရဲ့စကားကိုကြားတော့ ရေမီက မျက်ခုံးပင့်လိုက်တယ်။ မက်ဒါနာကတော့ ရေမီရဲ့ခွင့်ပြုချက်ကိုမစောင့်ဘဲ အခုလိုပြောလိုက်ပါပြီ။
"ဒီကိစ္စက ကျွန်မအိမ်စေနဲ့ဟိုစားဖိုမှူးကိစ္စမလို့ သူတို့ချင်း ရှင်းသင့်တယ်မဟုတ်လား။ ဒီလိုမဟုတ်ဘဲ ရှင်က ကျွန်မအိမ်စေကို စိန်ခေါ်ချင်တယ်ဆိုရင် တန်းမတူတော့ဘူးမဟုတ်လား။ အေမီကို ကျွန်မထွင်ခဲ့တာမလို့ ကျွန်မက သူ့ရဲ့ဆရာပဲလေ။ ဒီတော့ ဆရာချင်း ပညာပြိုင်တာ ပိုမဖြစ်သင့်ဘူးလား။"
မက်ဒါနာက ယုံကြည်ချက်အပြည့်နဲ့ အခုလိုပြောခဲ့တာဖြစ်လို့ စားဖိုမှူးရေမီက မက်ဒါနာကိုတည်တံ့တဲ့ အကြည့်နဲ့သေချာကြည့်လိုက်ပါပြီ။ မီဒီယာတွေနဲ့ ပွဲကြည့်ပရိသတ်တွေလည်း ပွဲဆူကုန်ကြတယ်။
YOU ARE READING
I just Wanna be Hero, not Heroine (Season 2)
Science FictionSeason 2 ဖြစ်လို့ Season 1 ဖတ်ထားပြီးမှ ဖတ်လို့ရပါမယ်။ S1ရဲ့အဆုံးသတ်မှာ မက်ဒါနာဒဏ်ရာအပြင်းအထန်ရပြီး ကိုမာဝင်သွားတာနဲ့ အဆုံးသတ်ထားခဲ့ပါတယ်။ မက်ဒါနာရဲ့အချိန်တွေက ရပ်တန့်သွားပေမဲ့ လောကကြီးကတော့ ဆက်သွားနေဆဲပါ။ မြူတန့်သိပ္ပံပျက်စီးသွားပေမဲ့ ဗီလိန်အဖွဲ့...