ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V9 Chapter 32 - ငါက ကောင်စစ်ဝန်ပါဟ
အေမီနဲ့မက်ဒါနာက တစ်ယောက်ကိုတစ်ယောက် အပြင်းအထန်တိုက်ခိုက်နေကြတယ်။ ငွေရောင်စစ်သည်ရဲ့ဓားက လေထုထဲမှာဝဲပျံလှုပ်ရှားနေပြီး အနက်ရောင်စစ်နတ်သမီးကို ပိုင်းဖြတ်ဖို့ကြိုးစားနေပေမဲ့ အေမီကတော့ နတ်သမီးတစ်ပါး ကခုန်နေသလိုပုံစံမျိုးနဲ့ အမြဲရှောင်ထွက်နေနိုင်ပါတယ်။
ထန်း...
ငွေရောင်စစ်သည်ရဲ့ဓားချက်က အေမီကိုမထိဘဲ မြေကြီးကိုသာ ခုတ်မိသွားတယ်။ ကျောက်တုံးတစ်တုံးကို ပိုင်းမိပြီး မီးပွားတွေဖြာထွက်လာပါပြီ။ အေမီကတော့ တံစဥ်ကိုချာခနဲလည်အောင် အောက်ကနေ အပေါ်လှည့်လိုက်ပြီး ငွေရောင်စစ်သည်ရဲ့ရင်ဘတ်ကို ပင့်ခုတ်တယ်။
ကလန်...
တံစဥ်ရဲ့အရှိန်ကြောင့် ငွေရောင်စစ်သည်က နောက်ကိုရွေ့သွားတယ်။ အေမီကတော့ တစ်ဆက်တည်းဆိုသလိုပဲ တံစဥ်ကိုလှည့်ပတ်ကစားရင်း ငွေရောင်စစ်သည်ကို ပိုဖိအားပေးတယ်။ အစောပိုင်းကအထိ ငွေရောင်စစ်သည်က အေမီကို တိုက်စစ်ဆင်နေခဲ့တာဖြစ်ပေမဲ့ အခုတော့ အေမီက ငွေရောင်စစ်သည်ကို တန်ပြန်တိုက်စစ်ဆင်နေပါပြီ။
"မဆိုးဘူး၊ မဆိုးဘူး။ လုံးဝမဆိုးဘူး။" ငွေရောင်စစ်သည်က ရေရွတ်လိုက်ရင်း အတောင်ပံကိုဖြန့်ကာ လေထုထဲခုန်တက်လိုက်တယ်။ အဲဲဒီနောက် ဓားကိုအလျားလိုက်ထောင်ပြီး အေမီကို အပေါ်ကနေပိုင်းချလိုက်တယ်။ အေမီကလည်း တံစဥ်ကို ညာပင့်လွဲချကာ အဲဒီဓားချက်ကို တားဆီးလိုက်တယ်။
ထန်း...
ဓားချက်က အေမီရဲ့ခေါင်းနဲ့ လက်မအနည်းငယ်အကွာမှာရပ်သွားပြီး ဘေးကိုလမ်းလွှဲခြင်းခံရပါတယ်။ အဲဒီနောက် အေမီက သူ့ရဲ့အလင်းဒြပ်စင်အတောင်ကို အသက်သွင်းလိုက်တယ်။ အေမီရဲ့ခန္ဓာကိုယ်က မြေပြင်ကနေ ပေအနည်းငယ်မြောက်ကြွလာပြီး လက်သီးနဲ့ငွေရောင်စစ်သည်ရဲ့မျက်နှာကိုထိုးတယ်။ ငွေရောင်စစ်သည်ကလည်း ဘယ်လက်ကိုမြှောက်ကာ အေမီရဲ့လက်ကို ရိုက်ပယ်ထုတ်လိုက်ပြီးရင်ဘတ်ကို ဓားနဲ့ခုတ်ချတယ်။
YOU ARE READING
I just Wanna be Hero, not Heroine (Season 2)
Science FictionSeason 2 ဖြစ်လို့ Season 1 ဖတ်ထားပြီးမှ ဖတ်လို့ရပါမယ်။ S1ရဲ့အဆုံးသတ်မှာ မက်ဒါနာဒဏ်ရာအပြင်းအထန်ရပြီး ကိုမာဝင်သွားတာနဲ့ အဆုံးသတ်ထားခဲ့ပါတယ်။ မက်ဒါနာရဲ့အချိန်တွေက ရပ်တန့်သွားပေမဲ့ လောကကြီးကတော့ ဆက်သွားနေဆဲပါ။ မြူတန့်သိပ္ပံပျက်စီးသွားပေမဲ့ ဗီလိန်အဖွဲ့...