ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V6 Chapter 18 - လိပ်နက်ဖမ်းပွဲဖရာလီတာက ရှိသမျှလက်နက်တွေနဲ့ ပစ်ခတ်ပြီးတဲ့နောက် မြေပြင်အခြေအနေကို ကြည့်လိုက်တယ်။ မှိုဝါတွေက မြက်ခင်းပြင်တစ်ခုလုံးကို ဖုံးလွှမ်းထားခဲ့ပေမဲ့ အခုတော့ မြက်ခင်းပြင်ကြီးတစ်ခုလုံးက မီးပင်လယ်ကြီး ဖြစ်နေပါပြီ။ မှိုဝါတွေက မီးလောင်လွယ်ပါတယ်။
ထိန်းချုပ်ခန်းထဲကို ကိုင်းတိုနဲ့တခြား S rank တွေလည်း ဝင်လာကြတယ်။ ဖရာလီတာက ခေါင်းကိုခါယမ်းလိုက်ရင်း မြေပြင်မှာလူးလွန့်နေပြီဖြစ်တဲ့ အသားစားပန်းနီကြီးတွေကို ကြည့်ရင်းခေါင်းခါယမ်းလိုက်လေရဲ့။
"ဗီးနပ်စ်က အချိန်တိုအတွင်း ဒီလောက်စွမ်းအားကြီးလာမယ် မထင်ထားဘူး။"
ကိုင်းတိုက ဒီစကားကိုကြားတော့ ဖရာလီတာရဲ့အမြင်ကို ဆန့်ကျင်ကာပြောလိုက်ပါတယ်။ "ဗီးနပ်စ်က စွမ်းအားမကြီးဘူး။ ပတ်ဝန်းကျင်က အသက်ဓာတ်တွေကို စုပ်ယူနိုင်ရုံပဲ။ စွမ်းအင်အလုံအလောက်ရှိနေရင် သူ့ထက်အင်အားကြီးတဲ့ ရန်သူတွေကို အနိုင်ယူနိုင်တာ ပုံမှန်ပဲ။"
ဒရုန်းဇုန်ကတော့ အသားစားပန်းပင်ကြီးတွေကြားကနေ ရုန်းထွက်လာတဲ့ သစ်ဘီလူးကြီးကို လက်ညိုးထိုးကာ မေးလိုက်တယ်။ "အဲဒီတစ်ယောက်ကရော၊ သစ်သားစွမ်းအားက ရှားတယ်ဆိုပေမဲ့ သူ့အဆင့်က S rankဆိုတာ သိသာနေတာပဲမဟုတ်လား။"
ဒါပေမဲ့ မကြာခင်မှာပဲ သစ်ဘီလူးက ကြုံဝင်လာပြီး လူသားတစ်ယောက်အဖြစ် ပြန်ပြောင်းသွားတဲ့အတွက် ဘယ်သူလဲဆိုတာ သူတို့သိသွားပြီ။ ဖရာလီတာက မျက်ခုံးပင့်လိုက်တယ်။ ဒီတစ်ယောက်ကို သူလိုက်ရှာနေတာ အတော်ကြာပါပြီ။
"အဲဒါဖရန့်မဟုတ်လား။" ဖရာလီတာရဲ့မျက်ဝန်းတွေက ရုတ်တရက် မှိုင်းညို့သွားတယ်။
ဆိုးလ်ဖြစ်ရပ်မှာ အမိန့်တော်အဖွဲ့ရဲ့အရေးကြီးအဖွဲ့ဝင်တစ်ယောက်ကို ဆုံးရှုံးခဲ့ရပြီး တခြားတစ်ယောက်ကတော့ ပျောက်ဆုံးသွားပါတယ်။ လူကန်က ဖရာလီတာရဲ့အစ်ကိုဝမ်းကွဲဖြစ်ပြီး ဖရန့်ကတော့ လူကန်ရဲ့သူငယ်ချင်းပါ။ ပြီးတော့ ဆိုးလ်မှာ ဖြစ်ခဲ့တဲ့အရာတော်တော်များများကို အမိန့်တော်အဖွဲ့က သိမနေပါဘူး။ ဖရာလီတာမှာ ဖရန့်နဲ့တွေ့ပြီး ဖြေရှင်းစရာတွေ အများကြီးရှိနေတယ်။
ESTÁS LEYENDO
I just Wanna be Hero, not Heroine (Season 2)
Ciencia FicciónSeason 2 ဖြစ်လို့ Season 1 ဖတ်ထားပြီးမှ ဖတ်လို့ရပါမယ်။ S1ရဲ့အဆုံးသတ်မှာ မက်ဒါနာဒဏ်ရာအပြင်းအထန်ရပြီး ကိုမာဝင်သွားတာနဲ့ အဆုံးသတ်ထားခဲ့ပါတယ်။ မက်ဒါနာရဲ့အချိန်တွေက ရပ်တန့်သွားပေမဲ့ လောကကြီးကတော့ ဆက်သွားနေဆဲပါ။ မြူတန့်သိပ္ပံပျက်စီးသွားပေမဲ့ ဗီလိန်အဖွဲ့...