system နှင့်တွေ့ဆုံခြင်း

15K 525 10
                                    

လရိပ် ရုတ်တရက်မုန့်စားချင်လာလို့ နီးစပ်ရာ စတိုးဆိုင်တခုမှာ မုန့်ဝယ်ဖို့ဝင်သွားလိုက်သည်။

စတိုးဆိုင်ထဲရောက်တော့ သေချင်စော်နံသွားသည်။
ဘာလို့လဲလာမမေးနဲ့ စတိုးဆိုင်ထဲမှာ ဝယ်စရာရှိတာကို မဝယ်ဘဲ ကျီစယ်နေကြတဲ့စုံတွဲတွေဘဲ

မိုးနတ်မင်းကမတရားဘူး ငါ့လို အချောအလှကိုကျတော့ တယောက်ထဲနေခိုင်းတယ်

ငါလည်းရည်းစားလိုချင်တယ်
လရိပ်လည်း ကောင်းကင်ကို မော့ကြည့်ပြီး မိုးနတ်မင်းကို ကျိန်ဆဲလိုက်တယ်

"ငိုးမ မိုးနတ်မင်း ငါ့ကိုကျတော့ တယောက်ထဲနေခိုင်းတယ် သူများတွေကျတော့ အတွဲကိုယ်စီနဲ့ မတရားလိုက်တာ မြှားနတ်မောင်လည်း သေများ သေနေပြီလားမသိဘူး ဟူး..စောက်ချောကြီးဖြစ်ပြီး ရည်းစား မရှိတဲ့ဘဝက မလွယ်ပါလား"

လရိပ်လည်း မိုးနတ်မင်းကို ကျိန်ဆဲပြီး တဖက်က လာတဲ့ကားကိုမမြင်ဘဲ
ကားလမ်းမကြီးကိုဖြတ်အကူး
"ကျွီး ဒုန်း"
ကားနဲ့ တိုက်မိပြီး ခန္ဓာကိုယ်က နှစ်ပတ်လောက်လိမ့်သွားတယ် နောက်တော့ ခေါင်းပေါ်က အနီရောင်သွေးတွေစီးဆင်းလာတယ် မကြာပါဘူး မျက်လုံးတွေဝေဝါးလာပြီး ကမ္ဘာကြီးမှောင်မဲသွားတော့တယ် ကမ္ဘာကြီးမမှောင်မဲခင် လည်း ရှိသမျှ နတ်တွေ အကုန်ကို ပတ်ဆဲလိုက်ပါသေးတယ် သူထင်တာ မမှားရင် မျက်လုံးမမှိတ်ခင်
"baby" လို့ခေါ်သံ ကြားလိုက်သလိုဘဲ

လရိပ်နိုးလာတော့ အခန်းတခုမှာ
"အင်း....အဲ ငါသေသွားပြီမဟုဘူးလား"

လရိပ်လန့်ပြီး ထထိုင်လိုက်မိတယ်

" wtf ငါဘယ်ရောက်နေတာလဲ"
လရိပ်အခန်းကိုလှည့်ပတ်ကြည့်မိတော့ တခန်းလုံးကို အဝါရောင်တွေဘဲသုံးထားတယ် ကုတင်တခုဘဲရှိပြီး ကျန်တာဘာမှမရှိဘူး တံခါးရှာကြည့်တော့လည်းမတွေ့ဘူး လရိပ်ဝမ်းနည်းလာပြီးငိုပါတော့တယ်

"အီး ဟီးဟီး ရည်းစားမရလို့ ဝမ်းနည်းနေပါတယ်ဆို ဘယ်နေရာကိုရောက်နေတာလဲ မသိဘူး အီးဟီး "

" Hello helloကြားလား ကြားလား"

"အီးဟီး အမေရေ သရဲ သရဲ "

system 810 (Complete)Donde viven las historias. Descúbrelo ahora