Chapter - 10
ကျောင်းအပြင်ဘက်တွင် လူအများစုသည် လမ်းသွားလမ်းလာများနှင့် ဈေးသည်များဖြစ်ကြသည်။ ဈေးသည်များသည် အချိန်တိုအတွင်းမှာပင် ထိုမိဘများက ပြန်လည်လာရောက်တောင်းပန်ကြလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ ၎င်းအချိန်လေးတွင် သူတို့သည် ထိုအခြေအနေနှင့်ပတ်သက်၍ နားမလည်နိုင်ဖြစ်ကာ ရှုပ်ထွေးသွားကြလေသည်။ စစ်ဆေးသူများ ပြန်သွားပြီးနောက် ဈေးသည်များသည် စတင်၍ တီးတိုးပြောဆိုကြလေသည်။
" သူမ မသန့်ရှင်းတဲ့ဆီတွေကို သုံးမယ်လို့ မင်းထင်လား "
" အဲ့ဒါက ပြောဖို့ခက်တယ် "
လူတစ်ယောက်က ခေါင်းညိတ်ပြီးတော့
" သူမက လူတစ်ယောက်ကို လမ်းပေါ်ရောက်အောင် လုပ်နိုင်တယ်လို့မထင်ဘူးလား? ။ စစ်ဆေးသူတစ်ယောက်အနေနဲ့ ဟန်ဆောင်ပေးဖို့အတွက် လူတစ်ယောက်ကို ပိုက်ဆံအနည်းငယ်ပေးလိုက်မယ်၊ သူမကို မသန့်ရှင်းတဲ့ဆီ မသုံးဖို့အတွက် ငါတို့ကိုလာပြီးပြောခိုင်းတယ်"
ဈေးသည်များသည် ချင်းရှင်းက ကောင်းမွန်စွာ ရောင်းချပြီး တစ်စုံတစ်ရာက ပြဿနာရှိနေလိမ့်မည်ဟု ယုံကြည်ကြလေသည်။ သူတို့၏လက်ထဲတွင် မသန့်ရှင်းတဲ့ဆီများကို ဝယ်ယူထားလိမ့်မည်။ တစ်စုံတစ်ယောက်က အနာဂတ်အတွက် ချင်းရှင်း၏ ရောင်းကုန်ပစ္စည်းကို ဝယ်ယူပြီးနောက် ထိုလူများက တခြားသူတွေကို ချင်းရှင်းက စွန့်ပစ်ပစ္စည်းတွေကို အသုံးပြုနေတယ်လို့ ပြောမယ်။ ဒါက မှန်လား၊ မှားလား ဆိုတာလည်း ဘယ်သူက ဂရုစိုက်မှာလဲ?။ တစ်ချို့အရာတွေကို သူတို့မှားယွင်းနေရင်တောင်မှ အမှန်လုပ်ပြီး အတော်လေးကို ပြောဆိုနေတယ်။ ဘယ်သူကများ ချင်းရှင်းက စီးပွားရေးကို ကောင်းမွန်စွာ လုပ်ကိုင်နေတယ်လို့ ပြောနိုင်တော့မှာလဲ?။
အနီးနားက အန်တီကြီးတစ်ယောက်က ခေါင်းခါပြလေသည်။ ထိုစစ်ဆေးသူသည် သူမ ဒီဆိုင်မှာ မနက်စာဝယ်ခဲ့ပြီး ပြဿနာတွေရဲ့ဦးဆောင်သူဖြစ်သည်ကို အခုလေးတင် သိခဲ့လေသည်။ ထိုလူသည် စိတ်လိုလက်ရဖြင့် လူများကို တောင်းပန်ခဲ့ခြင်းက ထိုလူအုပ်စုတစ်စုထဲကသာ မသန့်ရှင်းတဲ့ဆီများကို မသုံးဘူးဟု ဆိုလိုခြင်းဖြစ်သည်။
ဆာလောင်မှုက လူတွေရဲ့အသိတရားကို ဖုံးကွယ်စေလေသည်။
ချင်ရှင်းသည် ထိုဈေးသည်တွေရဲ့ အတွေးများကို မသိသလို သိရင်လည်း ဂရုစိုက်နေမှာ မဟုတ်ပါဘူး။ ကောလာဟလတွေဆိုတာ အမြဲတမ်း မဟုတ်မမှန်
ကုဝူယွိသည် ဈေးကွက်ကြီးကြပ်မှုနှင့် ကြီးကြပ်မှုဌာနမှ နမူနာ၂ခု၏ စစ်ဆေးမှုရလဒ်ကို ရရှိခဲ့လေသည်။ အလွန်စံချိန်စံညွှန်းကောင်းပြီး အရည်အသွေးကောင်းမွန်သော ဆီများကို တွေ့လိုက်ရခြင်းကြောင့် ကုဝူယွိသည် အတွေးများ ပျောက်ဆုံးသွားလေသည်။
" သူဌေး ၊ ခင်ဗျားမသိဘူး ။ အခုလေးတင် ကြီးကြပ်ရေးမှူးက ကျွန်တော် ဘယ်နေရာကနေ ဆီကိုဝယ်တာလဲလို့ မေးနေတယ်။ သူတို့ ငရုတ်ဆော့စ်ကိုရော ဝယ်လို့ရနိုင်လား? " ဟု ပြောလေသည်။
လုယိမင်သည် ၁၀ယွမ် ချဉ်စပ်ခေါက်ဆွဲကို မစားခဲ့သောကြောင့် ထိုအရသာရှိလှသောငရုတ်ဆော့စ်ကို မသိသည်မှာ သဘာဝကျလေသည်။
စစ်ဆေးသူများသည် နမူနာယူနေစဥ်က အများကြီးယူခဲ့ကြပေမဲ့ အမှန်တကယ်တော့ နမူနာယူဖို့ရာ အနည်းငယ်လောက်ဆို လုံလောက်လေသည်။ ဝန်ထမ်းများသည် အနံ့ခံလိုက်သည့်အခါ အလွန်မွှေးကြိုင်နေသည်ကို တွေ့ရလေသည်။ အစပိုင်းတွင် သူတို့သည် အနံ့အရသာတစ်ခုခုရှိနေလိမ့်မည်ဟု တွေးနေကြပေမဲ့ စစ်ဆေးမှုရလဒ်ကို မြင်လိုက်ရသည့်အခါတွင် ပို၍တောင်မှ အံ့ဩသွားကြလေသည်။
စစ်ဆေးပြီးနောက် အနည်းငယ်ငုံ့၍ ကျန်ရှိနေသည့် ငရုတ်ဆော့စ်များကို မြည်းစမ်းကြည့်နေသော အစားကြီးသည့် ဝန်ထမ်းတစ်ယောက်ရှိလေသည်။ အကယ်၍ မမြည်းစမ်းကြည့်ဘဲနဲ့တောင်မှ ငရုတ်ဆော့စ်၏အရသာသည် အနံ့ထက် ပို၍ကောင်းမွန်ကြောင်း သိနိုင်လေသည်။
ထို့နောက် ဝန်ထမ်းများသည် ထိုငရုတ်ဆော့စ်ကို မည်သည့်နေရာတွင် ဝယ်ယူရရှိနိုင်ကြောင်းကို ခေါင်းဆောင်ကို မေးကုန်ကြလေသည်။ ပုံမှန်အားဖြင့် ဝန်ထမ်းများသည် ခေါင်းဆောင်ကို တိုက်ရိုက်စကားမပြောဆိုရဲကြပေ။ ငရုတ်ဆော့စ်အစပ်သည် အလွန်အရသာရှိလွန်းသောကြောင့် ဝန်ထမ်းများသည် ခေါင်းဆောင်ကို မမေးရဲပဲမနေနိုင်အောင် ဖြစ်ကြလေသည်။
ထိုအချိန်တွင် ခေါင်းဆောင်သည် လုယိမင်နှင့် ဖုန်းပြောနေလေသည်။ မေးခွန်းများ မေးပြီးနောက်တွင် သူသည် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ခံစားရလေသည်။ သူသည် ဓာတ်ခွဲခန်းသို့သွားကာ ငရုတ်ဆော့စ်၏အနံ့ကို ရှူရှိုက်ကြည့်လေရာ ၎င်းသည် ကောင်းမွန်သော အနံ့ဖြစ်သည်။ ဝန်ထမ်းများသည် ခေါင်းဆောင်ကို မြည်းစမ်းကြည့်ခွင့်ပေးထားလေသည်။ ခေါင်းဆောင်သည် ဆော့စ်ထဲသို့ သူ၏လက်ကိုနှစ်၍ ထပ်ကာထပ်ကာ မြည်းစမ်းကြည့်မိသည်အထိ ရှုပ်ထွေးနေလေသည်။ ခဏကြာတွင် အဓိကအချက်ကို သိရှိပြီးနောက် ဝန်ထမ်းများက ဘာကြောင့်မေးကြလဲဆိုတာ နောက်ဆုံးတွင် သိလိုက်လေသည်။
ချင်းရှင်းသည် ပါဝင်ပစ္စည်းများကို ရောင်းချပြီးနောက် မကြာသေးမီက သူမ ပြုလုပ်ထားသည့်အရာများနှင့် နောက်တွင် မည်သည့်အရာအား ပြုလုပ်ရမည်ကို ရွေးချယ်ဆုံးဖြတ်ပြီးနောက် အိမ်သို့ပြန်လာခဲ့လေသည်။
စားသောက်ကုန်လုပ်ငန်းတွင် ယခုလိုဆိုင်ခန်းသေးသေးလေးမှာ ရောင်းခြင်းသည် အနည်းငယ်ပိုကောင်းလေသည်။ အနာဂတ်တွင် စတိုးဆိုင်တစ်ဆိုင်ဖွင့်လိုပါက တောင်းဆိုမှုများ ပိုမိုများပြားလာမည်ဖြစ်ပြီး တစ်စုံတစ်ယောက်မှ မသန့်ရှင်းသောရေများဖြင့် ပက်ကာ ဖျက်လိုဖျက်ဆီးလုပ်ခြင်းကဲ့သို့ အရာများလည်း ပုံမှန်ကိစ္စတစ်ခုလို ဖြစ်လာမည်
ဖြစ်သည်။ ချင်းရှင်းသည် ဒီလမ်းကိုရွေးချယ်လိုက်ခြင်းကြောင့် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အရာအားလုံးအတွက် အဆင်သင့်ဖြစ်နေလေသည်။
ဘာပဲဖြစ်ဖြစ် ဆိုးရွားလွန်းသည့် မသန့်ရှင်းသောရေများမှ ကာကွယ်ရန်အတွက် ချင်းရှင်းသည် မနက်ဖြန်အစောပိုင်းတွင် ကျန်းမာရေးထောက်ခံချက်ကို လျှောက်ထားရန် စီစဉ်ထားလေသည်။
မေ့ကုန်းချင်သည် ချင်းရှင်း တွေဝေမိန်းမောနေသည်ကို မြင်သည့်အခါ
" နင်ဘာတွေတွေးနေတာလဲ? "
ချင်းရှင်း : " နောက်ဘာဆက်လုပ်ရမလဲဆိုတာ တွေးနေတာပါ "
မေ့ကုန်းချင် : " နင် ပါဝင်ပစ္စည်းအသစ်တွေကို စဉ်းစားနေတာလား "
ထိုကာလတွင် ချင်းရှင်း၏ ပါဝင်ပစ္စည်းများသည် ရောင်းလုနီးပါး ဖြစ်ခဲ့လေသည်။ ချင်းရှင်းသည် မနက်စာအသစ်တစ်ခုကို စားတော့မလို့လားမသိဘူးဟု မေ့ကုန်းချင် မှန်းဆလိုက်လေသည်။
ချင်းရှင်း : " ထားလိုက်ပါတော့ "
ချဉ်စပ်ခေါက်ဆွဲတွေနဲ့တောင် သူမရဲ့ပါဝင်ပစ္စည်းတွေက ရောင်းကုန်နိုင်လေသည်။ အမှန်တကယ်တော့ ချင်ရှင်းသည် နောက်ထပ် မည်သည့်ပါဝင်ပစ္စည်းကို ပေါင်းထည့်နိုင်မည်ဆိုသည်ကို စဉ်းစားနိုင်လေသည်။
မေ့ကုန်းချင်သည် စတင်စဉ်းစားကာ
" ဘန်ဇီဘိန်းမုန့်၊ အဲ့လိုမုန့်တွေက နင့်အတွက် သိပ်ပြီးအဆင်ပြေမှာ မဟုတ်တော့ဘူး၊ တခြားဘယ်လိုမုန့်တွေက ပိုအဆင်ပြေမလဲဆိုတာ စဉ်းစားကြည့်ကြတာပေါ့ " ဟု ပြောလေသည်။
နှစ်ယောက်သား စကားစမြည်ပြောရင်း မေ့ကုန်းချင်သည် ရုတ်တရက်ထပြောလေသည်။
သူ့ရဲ့မျက်လုံးများသည် အံ့ဩမှုများဖြင့် ပြည့်နှက်နေလေသည်။
ချင်းရှင်းသည် အပြစ်နာဆာကင်းမဲ့နေသော သူမ၏လက်များကို ကြည့်ကာ
" ညီမမိန့်ကနေ ယုမိန့်ကျင်း (အလှကုန်ပစ္စည်းတစ်မျိုး)အတွက် ကျေးဇူးတင်ပါတယ်လို့ပြောပေးပါဦး၊ ဒါပေမဲ့ ငါ့မှာ အရမ်းအသုံးဝင်တဲ့ မုန့်ခရင်မ်တစ်မျိုးရှိပါသေးတယ်၊ ငါ မနေ့က အဲ့ခရင်မ်နည်းနည်းကျန်တာကို သုံးလိုက်ပြီး ကုန်သွားလို့ ငါ့ရဲ့အတန်းဖော်ကို ငါ့ဆီပို့ပေးလို့ရမလားဆိုပြီး တောင်းဆိုထားတယ်၊ မှာထားတာရောက်လာရင် ငါနင့်ကို တစ်ဘူးပေးမယ် "ဟု ပြောလိုက်သည်။
ချင်းရှင်းသည် မုန့်ခရင်မ်တစ်ဘူးကိုဝယ်ဖို့ စူပါမားကတ်ကိုသွားပြီး ပါကင်ထုတ်ပြီးမှ မုန့်နဲ့အတူ မိန့်ရန်ဒန်(အလှကုန်ပစ္စည်းတစ်မျိုး)ကို ထည့်ပေးလိုက်မည်ဟု စဉ်းစားထားလေသည်။
"အဲ့ဒါအရမ်းကောင်းတယ်"
သေချာပေါက်ကို မေ့ကုန်းချင်သည် ဒီအရာတွေအားလုံးက ယုမိန့်ကျင်း(အသားရည်လှစေသည့် ခရင်မ်)ကြောင့်ဆိုတာ တွေးမိမှာမဟုတ်ပါဘူး။
နောက်ဆုံးတွင် မေ့ကုန်းချင်သည် သူမ၏လက်ကို ယုမိန့်ကျင်း(အသားရည်လှစေသည့် ခရင်မ်) သုံးကြည့်ဖို့ရန် ကြိုးစားခဲ့သည်။ အကျိုးရလဒ်ကတော့ ချင်းရှင်းလောက် သိသာမှုမရှိလှပေ။ နောက်ဆုံးမှာတော့ ဒါက ခရင်မ်တစ်ခုမျိုးပါပဲ။
ချင်းရှင်းအခန်းထဲသို့ မပြန်သွားခင် နှစ်ယောက်သား စကားစမြည်ပြောခဲ့ကြလေသည်။ ဒီနေ့စနစ်တွင် ချင်းရှင်းသည် ဆီနှင့် အလှကုန်ဆေးများကို လဲလှယ်လိုက်ပြီး အမှတ် ၃၆ မှတ် ကျန်နေသည်။
အလှကုန်ဆေးများ၏ အကျိုးရလဒ်သည် အလွန်အံ့ဩဖွယ်ကောင်းသောကြောင့် ချင်းရှင်းသည် ထိုထဲမှ အချို့ကို ခွဲထုတ်ဖို့ရန် စီစဉ်ထားလေသည်။
စနစ်ထဲမှထွက်လာပြီးနောက် ချင်းရှင်းသည် အကောက်တစ်ခုကို ထပ်မံသိမ်းဆည်းထားလိုက်လေသည်။ ပြီးခဲ့သည့်လဝက်လောက်က ချင်းရှင်း၏ အာမခံငွေများသည် ၂၀မှ ၂၀၀၀၀သို့ ပြောင်းလဲသွားလေသည်။ ချင်းရှင်းသည် ပင်ပန်းသည်ကို ဂရုမထားဘဲ ပျော်ရွှင်နေလေသည်။
ချင်းရှင်းသည် မနက်အစောပိုင်းတွင် ကျန်းမာရေးစစစ်ဆေးရန် ဆေးရုံသို့ သွားခဲ့သည်။ စစ်ဆေးချက်ရလဒ်မထွက်မချင်း ကျန်းမာရေးထောက်ခံချက်ကို ထုတ်ပေးမည်မဟုတ်ပေ။ စစ်ဆေးမှုရလဒ်ကို မနက်ဖြန်မနက်ထိ ရရှိနိုင်မည် မဟုတ်ပေ။ စစ်ဆေးမှုပြီးသည့်နောက် ချင်းရှင်းသည် ဆိုင်အတွက် အစားအသောက်များ ပြင်ဆင်ဖို့ရန် အိမ်သို့ပြန်ခဲ့လေသည်။
ချင်းရှင်းသည် ဆေးစစ်ချက်စစ်ဆေးရာတွင် နှောင့်နှေးမှုများ ရှိခဲ့လေသည်။ လုယိမင်သည် ကုဝူယွိထံမှ သတင်းအချက်အလက်များ လက်ခံရရှိပြီးနောက် ပထမဆုံးအနေဖြင့် ချဉ်စပ်ခေါက်ဆွဲကို ဝယ်ရန် စီစဉ်ထားလေသည်။ မနေ့ကဆို ကြီးကြပ်ရေးဌာနမှ ခေါင်းဆောင်တွေတောင်မှ ငရုတ်ဆော့စ်အကြောင်းကို မေးမြန်းကြသည်။ အဲ့ဒီငရုတ်ဆော့စ်နှင့် ပတ်သက်ပြီး ဘာတွေထူးခြားနေတာလဲဆိုတာ သူသိချင်နေသည်။ သို့ပေမဲ့ ချင်းရှင်းသည် ဆိုင်ထဲမှ မထွက်သည့်အခါ ဘေးချင်းကပ် ဈေးဆိုင်မှ ဈေးရောင်းသူကို " ခင်ဗျားရဲ့ဆိုင်ဘေးက ချဉ်စပ်ခေါက်ဆွဲနဲ့ ကိတ်မုန့်မျိုးစုံရောင်းသည့် မိန်းကလေးကို တွေ့မိသေးလား " ဟု မေးလိုက်သည်။
ဘေးဆိုင်မှ ဆိုင်ရှင်သည် ပန်ကာများကို ရောင်းချသော သတ်လတ်ပိုင်းလူကြီးတစ်ယောက်ဖြစ်လေသည်။ လုယိမင်၏ ချင်းရှင်းအကြောင်းအား စုံစမ်းမေးမြန်းမှုကို ကြားသည့်အခါ သူ၏မျက်နှာသည် ပြောင်းလဲသွားပြီး " ညီငယ်လေး၊ မင်းမသိသေးဘူးလား? ။ ဒီမိန်းကလေးရဲ့စိတ်ထားက မဖြူစင်ဘူး၊ သူမက မသန့်ရှင်းတဲ့ဆီတွေကို အသုံးပြုတယ်၊ မင်း သူမဆီက ဈေးဝယ်ချင်နေသေးတယ်ပေါ့ " တိုးတိုးတိတ်တိတ်ပြောလေသည်။
လုယိမင်သည် ထိုသို့သော တုန့်ပြန်မှုကို မမျှော်လင့်ထားသောကြောင့် လူအချို့၏အဓိပ္ပာယ်မရှိသည့် ပြောဆိုမှုများကို ဒေါသထွက်ကာ " ခင်ဗျားနာမည်ဘယ်လိုခေါ်လဲ" ဟု မေးလိုက်လေသည်။
သက်လတ်ပိုင်းလူကြီးသည် လုယိမင် ဘာကြောင့်ထိုသို့မေးသလဲဆိုတာ နားမလည်ခဲ့ပေ။ သို့သော် လုယိမင်၏ ခက်ထန်သောအကြည့်ကြောင့် ပြန်ဖြေလိုက်သည်။ " ငါ၊ ငါ့ရဲ့နာမည်က ချွန်းတချောင်ပါ "
လုယိမင်သည် ကားဆီသို့ တိုက်ရိုက်ပြန်သွားပြီးနောက် ထိုကိစ္စအား မကျေမနပ်ဖြင့် ကုဝူယွိအား ပြောပြလေသည်။ ကုဝူယွိသည် သိပ်ပြီး တုံ့ပြန်
ချက်မရှိပေ။
လုယိမင်သည် ဒေါသထွက်စွာ မကျေမနပ်ဖြင့်
" ကျွန်တော် အဲ့လူဆီ ရှေ့နေရဲ့သတိပေးစာတစ်စောင် ပို့ချင်တယ် " ဟု ပြောလိုက်သည်။
လုယိမင်သည် သူ၏လျှာကို ကိုက်လုနီးပါးဖြစ်သွားခဲ့သည်။ သူပြောလိုက်သော ရှေ့နေရဲ့သတိပေးစာဆိုသည့် စာကြောင်းသည် ဒီတိုင်းသာမန်ပြောလိုက်ရုံမျှသာဖြစ်လေသည်။ အဲ့ဒါကို တကယ်ပို့မှာ မဟုတ်ပါဘူး။ ပထမဆုံးအချက်အနေဖြင့် ချင်းရှင်းက သူနှင့် ဘာမှမသက်ဆိုင်သလို သူတို့ကုမ္ပဏီမှ အဖွဲ့ဝင်တစ်ယောက်လည်း မဟုတ်ပေ။ ဒါပေမဲ့ ကုဝူယွိက ပို့လိုက် ဟု ပြောနေသည်။
လုယိမင်သည် အစပိုင်းတွင် အပျော်သဘောအနေဖြင့် ပြောလိုက်သော်လည်း ယခုမူ အတွေးများ လေးနက်နေသည်။ အခု ရှေ့နေရဲ့သတိပေးစာကို ပို့ကိုပို့ရမယ်။
ချင်းရှင်း အပြင်သို့ထွက်လာသည့်အခါ လုယိမင်၏ကားသည် အဝေးသို့ ရောက်နေပြီဖြစ်သည်။
ချွန်းတချောင်သည် ချင်းရှင်းအား အကြိမ်ရေများစွာ ချောင်းကြည့်နေသည်က လွဲ၍ ဘာမှမပြောပေ။ ချင်းရှင်းမမြင်သည့်အခါ အန်းအန်ရှင်းသည် သူမ၏ပါဝင်ပစ္စည်များကို ၃ ကြိမ်တိုင်တိုင် ရောင်းချပြီးနောက် ထိုလူကို စိုက်ကြည့်ကာ ထွက်သွားလေသည်။
အိမ်ပြန်လမ်းတွင် ချင်းရှင်းသည် ပါဝင်ပစ္စည်းများနှင့် ဖန်ပုလင်းတစ်ခုကို ဝယ်ဖို့ရန် စူပါမားကတ်ဆီသို့ သွားလေသည်။ အိမ်ပြန်ရောက်သည့်အခါတွင် ချင်းရှင်းသည် ဖန်ပုလင်းများကို ဆေးကြောပြီး hair dryer ဖြင့် အခြောက်ခံလေသည်။ ထို့နောက် သူအသုံးပြုသည့် ဆီးနှင်းခဲအစိတ်အပိုင်းတစ်ခုကိုခွဲကာ ထိုအရာများကို ဖန်ပုလင်းထဲများသို့ ထည့်လိုက်ပြီး မိန့်ရန်ဒန်( အလှကုန်ခရင်မ်တစ်မျိုး)ကို သုံးပုံတစ်ပုံခန့် ပေါင်းထည့်ကာ ရောမွှေလိုက်လေသည်။
မူလတွင် ချင်းရှင်းသည် ခရင်မ်၏အနံ့ သိသာထင်ရှားနေမည်ကို စိုးရိမ်နေခဲ့သည်။ အလှကုန်ဆေးထည့်ပြီးနောက်တွင် ခရင်မ်၏အနံ့သည် လုံးဝပြောင်းလဲသွားသည်။ ပေါ့ပါးသင်းပျံ့သော မွှေးရနံ့လေးနှင့် ခရင်မ်မျက်နှာပြင်သည် နို့နှစ်ရောင်ကဲ့သို့ လုံးဝပြောင်းလဲသွားပြီး မူလခရင်မ်ကို မှတ်မိနိုင်တော့မည်မဟုတ်ပေ။ ဒါကဘာလဲ?
ချင်းရှင်းသည် မနက်ဖြန် မေ့ကုန်းချင်အား ၎င်းခရင်မ်ကို ပေးဖို့ရန်အတွက် အံဆွဲထဲသို့ ထည့်ထားလိုက်သည်။ ချင်းရှင်းသည် ကျန်ရှိနေသော အလှကုန်ဆေးကို သောက်ခဲ့သည်။ ပထမအကြိမ်တွင် ထိရောက်မှုမရှိသော်လည်း ချင်းရှင်းသည် သူမ၏အသားရည်မှာ ပို၍သက်တောင့်သက်သာဖြစ်လာသည်ကို ခံစားရလေသည်။
ချင်းရှင်းသည် တတိယထပ်မှ ထွက်လာပြီးနောက် ပထမထပ်ရှိဈေးဆိုင်သို့ တိုက်ရိုက်သွားလေသည်။
ဟူရှင်းကောသည် ယနေ့တွင် ကုန်ပစ္စည်းများကို ပြန်မဖြည့်ရသေးသောကြောင့် ကြက်ဥဆယ်လုံးနှင့် မေ့ကုန်းချင်ထံမှ ဟင်းချက်ဝိုင်တစ်ပုလင်းကို အရင်ဆုံး ဝယ်ခဲ့ပြီး အနီးနားက ကုန်ခြောက်ပစ္စည်းရောင်းဆိုင်သို့ သွားခဲ့သည်။ သူမသည် သစ်ကြံပိုးခေါက်နှင့် သကြားခဲများကို ဝယ်ခဲ့သည်။
ချင်းရှင်းသည် အရင်ဆုံး ကြက်ဥများကို ရေအေးဖြင့် ပြုတ်ထားလိုက်သည်။ ထိုအချိန်တွင် ချင်းရှင်းသည် star anise နှင့် သစ်ကြံပိုးခေါက်ကို ရေဆေးပြီးနောက် ပန်းကန်လုံးတစ်ခုထဲသို့ ထည့်လိုက်သည်။ ထို့နောက် သကြားခဲများကို အခွံခွာကာ ဘေးနားသို့ ကပ်ထားလိုက်သည်။
ချင်းရှင်းသည် ကြက်ဥများ ကျက်ခါနီးအချိန်တွင် ဆယ်ထုတ်၍ အခွံခွာကာ ဓားဖြင့် ကြက်ဥ၏မျက်နှာပြင်အား အနည်းငယ်လှီးဖြတ်လိုက်သည်။ ချင်းရှင်းသည် ဂရုတစိုက်ဖြင့် လုပ်ဆောင်နေလေသည်။ ကြက်ဥများကို အစောပိုင်းတွင် ပြုတ်ထားသောအခါ သူမသည် အပူကိုထိန်းသိမ်းထားနိုင်ပြီး ယခုအခါတွင် ကြက်ဥသည် အသဲပုံသကြားလုံးကဲ့သို့ ဖြစ်နေဆဲဖြစ်သည်။ ဂရုမစိုက်မိဘဲ တစ်ချက်လွဲသွားပါက အဝါရောင်ကြက်ဥနှစ်ကို အမှတ်အသားပြုလုပ်ရာတွင် ပုံကောင်းမွန်စွာ ထွက်လာမည်မဟုတ်ပေ။
ကြက်ဥများကို အမှတ်အသားပြု ပုံဖော်ပြီးနောက် ချင်းရှင်းသည် star anise ၊ သစ်ကြံပိုးခေါက်နှင့် သကြားခဲကို အိုးထဲသို့ ထည့်လိုက်သည်။ ထိုအိုးထဲသို့ ပန်းကန်လုံးဖြင့် ရေ၃ခွက်ထည့်လိုက်ပြီး ပဲကြာညို့ရည်အနည်းငယ်နှင့် ကြက်ဥများကို ထည့်လိုက်လေသည်။
ချင်းရှင်းသည် အိုးကိုအဖုံးဖြင့် ဖုံးအုပ်လိုက်ပြီးနောက် မီးကိုအမြင့်ဆုံးထိဖြင့်အောင် ချိန်ညှိထားလိုက်လေသည်။ အိုးထဲမှ စွပ်ပြုတ်ပွက်ပွက်ဆူလာမှသာ မီးကိုလျှော့ချလိုက်လေသည်။ အဖုံးကိုဖုံးအုပ်ထားတာတောင်မှ အိုးထဲရှိ စွပ်ပြုတ်၏မွှေးရနံ့သည် အိုးအဖုံးကိုဖြတ်ပြီး ရနံ့ရရှိနိုင်လေသည်။
ချင်းရှင်းသည် အိုးအဖုံးကိုဖွင့်ကာ အရသာမညီမမျှမဖြစ်စေရန် ကြက်ဥတစ်ဖက်စီကို ဆော့စ်ထဲသို့ နှစ်ပြီး သေချာစေရန် ယောက်မဖြင့် အကြိမ်အနည်းငယ်မျှမွှေပေးရသည်။
မေ့သည် အဝေးမှာထဲက အနံ့ကိုရရှိနေပြီး ချင်ရှင်းလှမ်းမခေါ်ခင်ထဲက အနားသို့ရောက်လာကာ ပန်းကန်လုံးထဲက အညိုရောင်ကြက်ဥများကို မြင်ပြီး စားချင်စိတ်များ တိုးလာလေသည်။
ချင်ရှင်းသည် လက်ထဲမှယူဆောင်လာသော တူကို မေ့ကုန်းချင်ကို ပေးလိုက်လေသည်။ မေ့ကုန်းချင်သည် ကြက်ဥတစ်ခုကို တူဖြင့်ထိုးယူ၍ စားလေသည်။ တစ်ချက်ကိုက်လိုက်ရုံမျှဖြင့် ကြက်ဥ၏နူးညံ့မှုနှင့် မွှေးပျံ့သောရနံ့များဖြင့် ပြည့်နှက်လာလေသည်။ ချင်းရှင်းသည် မေ့ကဲ့သို့ တစ်ချက်ကိုက်ကြည့်သည့်အခါ ကြက်ဥနှစ်များ ထွက်လာသည်။ ထွက်လာသည့် ကြက်ဥနှစ်နှင့်ဇီးသီးအစိမ်း၏အရသာလေးသည် တစ်လုတ်ထဲဖြင့် ပါးစပ်ထဲတွင် ပျံ့နှံ့သွားကာ ကြက်ဥအကာတစ်ခုလုံးကို ပျောက်ကွယ်သွားစေသည်။
စွပ်ပြုတ်ရှိပါဝင်ပစ္စည်းများ၏ ရနံ့များနှင့် မွှေးကြိုင်သော ကြက်ဥနှစ်၏ ရနံ့များသည် အချိန်အတော်ကြာသည်အထိ မပျောက်ကွယ်သွားဘဲ ကျန်ရှိနေလေသည်။ ထို့နောက် မေ့ကုန်းချင်သည် " ဒါက တကယ်ကို အရသာရှိလိုက်တာ!! "
" မနက်ဖြန် ငါ ကြက်ဥပြုတ်ကို စရောင်းရမယ် " သူမဟင်းအသစ်တွေကို ချက်ပြုတ်သည့်အချိန်တိုင်း မေ့ကုန်းချင်နှင့် ဟူရှင်းကောသည် သူမ၏အဖိုးတန်သော ထောက်ပံ့သူများဖြစ်ကြလေသည်။
ထိုသို့ပြောသည်ကို ချင်းရှင်းကြားသည့်အခါ တစ်လုံးထဲသော ကြက်ဥပြုတ်ကို အနားယူနေသည့် မေ့ကုန်းချင်ကို ပေးလိုက်လေသည်။
" မ-မလုပ်ပါနဲ့၊ ဒီကြက်ဥက နဂိုထဲက အစ်မဝယ်ထားတာလေ၊ ဘယ်လိုလုပ်ညီမက ယူလို့ကောင်းမှာလဲ? "
သူကြက်ဥဝယ်သည့်အခါ မေ့ကုန်းချင်ထံမှ ဝယ်ယူခြင်းဖြစ်လေသည်။ ချင်းရှင်းသည် အကယ်၍သူမပိုက်ဆံလက်မခံဘူးဆိုရင် ဒီလိုအစားပြန်ပေးဖို့ စဉ်းစားထားလေသည်။
"ဒါက ဘယ်လိုလုပ်တူနိုင်မှာလဲ "
ဟုဆိုကာ ချင်းရှင်းသည် ကြက်ဥကို ထားခဲ့ကာ ဒုတိယထပ်ကို သန့်ရှင်းဖို့အတွက် ပြေးသွားလေသည်။
မနက်ဖြန်မနက်ရောင်းမဲ့ ကြက်ဥပြုတ်တွေက ခုနတုန်းက ချက်ပြုတ်သော ကြက်ဥပြုတ်နှင့် မတူညီပေ။ ချက်ပြုတ်ရန် အဆင်မပြေပါက ဟင်းခတ်အမွှေးအကြိုင်များကိုသာ ကျိုပြီး ကြက်ဥများကို တစ်ခုနှင့်တစ်ခုခြားလျက် အိုးထဲတွင် ထည့်၍ ပြုတ်ထားနိုင်လေသည်။
တစ်ညလုံးပြုတ်မယ်ဆိုလျှင် အရသာဆိုးလာနိုင်တာကြောင့် ချင်းရှင်းသည် အစောကြီးထ၍ ကြက်ဥပြုတ်ဖို့ စီစဉ်ထားလေသည်။
ချင်းရှင်းသည် ကြက်ဥများကို အပေါ်ထပ်သို့ ယူသွား၍ ဓာတ်ပုံရိုက်ကာ ရက်အနည်းငယ်ကြာအောင် မဝင်ရသေးသော Weibo(ဝေ့ပေါ်)ကို
[ ရှင်းရှင်းရဲ့ အစားအသောက်ကမ္ဘာ : ဒန်ဒန်ဒန်၊ အိုးထဲမှထုတ်ထားသော ကြက်ဥပြုတ်(ပုံ)]