Chapter 84

250 38 0
                                    

အပိုင်း(၈၄)

ချင်းရှင်းက ဆိုင်ထဲမှ ထွက်လာပြီး ကားပေါ်သို့ တက်လာသောအခါ ကုဝူယွီက ကားကို စတင်မောင်းလိုက်သည်။ 

ယနေ့ သွားမည့်နေရာကား Tမြို့၏ တောင်ဘက်ပိုင်းဖြစ်သည်။

အချိန်(၁၅)ရက် အတွင်း၌ T မြို့သည် အမှန်တကယ် ပြောင်းလဲသွားခဲ့သည်။ 

ချင်းရှင်းက လမ်းတစ်လျှောက်လုံး T မြို့၏ ပြောင်းလဲသွားပုံများကို ငေးမောနေရင်း မြို့တောင်ပိုင်းသို့ ရောက်လာသောအခါ ကုဝူယွီက "ကိုယ်တို့ သွားမယ့်နေရာက ရှေ့ဆိုရောက်ပြီ" ဟုပြောလိုက်သည်။

ချင်းရှင်းက ရှေ့သို့ လှမ်းကြည့်လိုက်ရာ "Old House" ဟူသော ဆိုင်းဘုတ်တစ်ခုကို တွေ့လိုက်ရသည်။

ခြံထဲသို့ မောင်းဝင်လာသောအခါ “Old House” ဟု ဆိုင်းဘုတ်တင်ထားသော နေရာက လယ်သမားအိမ်ဟောင်းပုံစံ တည်ဆောက်ထားသည်ကို တွေ့လိုက်ရသည်။

ချင်းရှင်းက ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်သောအခါ ခြံဝင်းအကျယ်ကြီးထဲတွင် အပြင်ဘက်ဆုံး နေရာကို ကားပါကင်အတွက် သီးသန့် ထားထားပြီး ခြံအတွင်းဘက်ပိုင်းတွင် လယ်သမားအိမ်ပုံစံ အဆောက်အဦကို တည်ဆောက်ထားပြီး အဆောက်အဦ ပတ်လည်တွင် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးထားသည်ကို တွေ့လိုက်ရသည်။

ဤသို့သော သဘာဝပတ်ဝန်းကျင်ကို ကြည့်ပြီး ချင်းရှင်းက အလွန်နှစ်သက်နေခဲ့သည်။

ကုဝူယွီက ကားကိုရပ်လိုက်ပြီး "ကိုယ်တို့ ဆင်းကြမယ်" ဟုပြောလိုက်သည်။

နှစ်ယောက်သား ခြံထဲသို့ လျှောက်လာသောအခါ တံတားငယ်တစ်ခုကို ဖြတ်ကူးကြရသည်။ 

တံတားငယ်၏ အောက်၌ ချောင်းတစ်ခုရှိပြီး ထိုချောင်းထဲတွင် ဘဲများကို မွေးထားကြောင်းကို နှစ်ယောက်သား တံတားကိုဖြတ်ရင်း တွေ့ခဲ့ကြသည်။

ချင်းရှင်းက အလွန်သဘောကျနေသဖြင့် "ရှင်ဒီနေရာကို ဘယ်လို ရှာတွေ့တာလဲ" ဟုကုဝူယွီအား မေးမြန်းလိုက်သည်။

ကုဝူယွီက "ကိုယ် မတော်တဆတွေ့ခဲ့တာ" ဟုသာ ပေါ့ပေါ့ပါးပါး ပြန်ဖြေခဲ့သည်။

သို့သော် လုယိမင်သာ ဤနေရာ၌ ရှိနေပါက သွေးအန်မည်မှာ အသေအချာပင် ဖြစ်သည်။

လုယိမင်က အချိန်အတော်ကြာအောင် ရှာဖွေပြီးမှ ဤနေရာကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။

လုယိမင်က သူ၏ လက်အောက်ငယ်သားများကို အကူအညီတောင်း၍ စားသောက်ဆိုင် အတော်များများတွင် သွား‌စားစေခဲ့ပြီးမှ နောက်ဆုံးတွင် ဤဆိုင်ကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ 

ကုဝူယွီ ကိုယ်တိုင်ကလည်း ချင်းရှင်းကို မဖိတ်ခေါ်ခင် အရင်လာစားခဲ့ရာ ဤဆိုင်၏ လက်ရာက သာမန်သာ ဖြစ်သော်လည်း ပါဝင်ပစ္စည်းများက ကောင်းမွန်၍ ထူးခြားလှကြောင်းကို သိရှိခဲ့သည်။

သို့သော် ထုံးစံအတိုင်း ချင်းရှင်းက ထိုအရာများကို မသိခဲ့ချေ။ 
နှစ်ယောက်သား တံတားကိုဖြတ်၍ အဆောက်အဦထဲသို့ ၀င်လိုက်ကြသည်။ 

အဆောက်အဦ၏ အပြင်အဆင်က ရှေးခေတ်လယ်သမားအိမ်ပုံစံအတိုင်း ပြင်ဆင်ထားသဖြင့် လယ်သမားအိမ်အို၏ အငွေ့အသက်ကို ခံစားလိုက်ရသည်။

အိမ်ထဲတွင် အခန်းများရှိပြီး ချင်းရှင်းနှင့် ကုဝူယွီတို့က နှစ်ယောက်သာ ရှိသဖြင့် အခန်းကျဉ်းလေးထဲ၌ ဝင်ထိုင်ခဲ့ကြရသည်။

ထို့နောက် စားပွဲထိုးမှ ရေနွေးကြမ်းအိုးတစ်လုံးနှင့် ကြွေခွက်နှစ်ခွက်ကို ယူလာပေးခဲ့သည်။

ကုဝူယွီက "ဒီနေ့ ဘာမှာလို့ရလဲ" ဟုမေးလိုက်သဖြင့်စားပွဲထိုးက "အသားဟင်းတွေထဲမှာ ကြက်၊ ဘဲ၊ ငါး၊ အမဲသားနဲ့ သိုးသားမှာလို့ ရပါတယ်" ဟုပြန်ဖြေခဲ့သည်။

ချင်းရှင်းက ဤနေရာ၌ မီနူးမရှိသည်ကို ထူးဆန်းနေခဲ့သည်။

ချင်းရှင်း၏ အမူအယာကို မြင်လိုက်သောအခါ စားပွဲထိုးက "ကျွန်တော်တို့ဆီမှာ နေ့တိုင်း မတူညီတဲ့ ဟင်းပွဲတွေ ရှိတယ်။ လတ်လတ်ဆတ်ဆတ် ရတဲ့ဟင်းပွဲတွေကိုပဲ ရောင်းချပေးနေတာကြောင့်ပါ" ဟုပြောလိုက်သည်။

ကုဝူယွီနှင့် ချင်းရှင်းတို့က တောကြက်စွပ်ပြုတ်၊ အာလူးတောချက်နှင့် အစိမ်းကြော်၊ အမဲသားကြော်တို့ကို မှာကြားခဲ့သည်။

ခဏအကြာတွင် ဟင်းပွဲများ ရောက်ရှိလာပြီး ပထမဟင်းပွဲမှာ တောကြက်စွပ်ပြုတ် ဖြစ်သည်။ 

ကုဝူယွီက ချင်းရှင်းအတွက် ပန်းကန်လုံးထဲသို့ ခပ်ထည့်ပေးပြီး "ဒီဟင်းက အဆင်ပြေတယ်။ စားကြည့်ပါဦး" ဟုပြောလိုက်သည်။

ကုဝူယွီက ထိုဟင်းပွဲကို အရင်တစ်ခေါက် ရောက်လာစဉ်က မြည်းစမ်းဖူးသည်။

ချင်းရှင်းက တစ်ငုံသောက် ကြည့်လိုက်ရာ ကြက်သားက အမှန်တကယ် တောကြက်ဖြစ်ပြီး ငရုတ်ကောင်းနှင့် ပေါင်းစပ်၍ ချက်ပြုတ်ထားရာ ကွဲပြားသော အရသာကို ခံစားလိုက်ရသည်။

"တကယ် စားကောင်းတယ်"
အာလူးတောချက်ဟင်းပွဲလည်း ရောက်လာပြီ ဖြစ်ပြီး ပန်းကန်ထဲတွင် အာလူးလုံးအသေးများဖြင့် ပြည့်နေခဲ့သည်။ 
ချင်းရှင်းက အာလူးသေးသေးလေး တစ်လုံးကို တစ်ကိုက် ကိုက်လိုက်သောအခါ အလွန်ပျော့ပျောင်းပြီး အရသာရှိကြောင်း သိလိုက်ရသည်။ 
...


နှစ်ယောက်သား ထမင်းစားပြီးနောက် ချင်းရှင်း က တောင်ပေါ်၌ ရွေ့လျားနေသည့် တစ်စုံတစ်ခုကို ရုတ်တရက် မြင်လိုက်ရသဖြင့် ပြတင်းပေါက်ဆီသို့ လျှောက်သွားခဲ့ပြီး "တောင်ပေါ်မှာ ကြက်တွေ ရှိနေတာပဲ" ဟုကုဝူယွီအား ပြောလိုက်သည်။

ကုဝူယွီက "ဟုတ်တယ်" ဟုပြန်ဖြေခဲ့ပြီး လက်ဖက်ရည် ထပ်ဖြည့်ပေးရန် ဝင်လာသော စားပွဲထိုးက ချင်းရှင်း၏ စကားကိုကြားလိုက်သဖြင့် "ဧည့်သည်တို့ စားလိုက်တဲ့ ကြက်သားက အဲ့ကြက်တွေကို ဖမ်းပြီး ချက်ထားတာပါ" ဟုပြောလိုက်သည်။

ချင်းရှင်းက "ဒီလိုကိုး" ဟုရေရွတ်လိုက်သောအခါ စားပွဲထိုးက "ကြက်တွေအပြင် ငါးတွေ မွေးထားတဲ့ ကန်လည်းရှိသေးတယ်" ဟုပြောလိုက်သည်။

ချင်းရှင်းက သက်ပြင်းချ၍ "ဒီလို ခြံလေး တစ်ခြံသာ ရှိရင် ဘယ်လောက် ကောင်းလိုက်မလဲ" ဟုတစ်ယောက်တည်း ရေရွတ်မိလိုက်သည်။

ကုဝူယွီက ငွေရှင်းပြီးသောအခါ စားပွဲထိုးက "ဒီနေ့ အစားအသောက် အဆင်ပြေရဲ့လား" ဟုမေးမြန်းလိုက်သည်။

ချင်းရှင်းက "အင်း အရမ်းကောင်းတယ်၊ ကျေးဇူးတင်ပါတယ်" ဟုပြန်ဖြေလိုက်သောအခါ စားပွဲထိုးက "ကျွန်တော်တို့ကသာ ကျေးဇူးတင်ရမှာပါ။ ဒီက လူကြီးမင်းက အရင်တစ်ခေါက် ရောက်လာတုန်းက ဟင်းပွဲတွေ အကုန်လုံးကို မှာစားသွားတာ" ဟုပြောလိုက်သည်။

ချင်းရှင်းက ကုဝူယွီကို လှမ်းကြည့်လိုက်သောအခါ ကုဝူယွီ၏ နားရွက်များက နီမြန်းလာပြီး "သွားရအောင်" ဟုပြောလိုက်သည်။

"အင်း"


ကုဝူယွီက ချင်းရှင်းကို စားသောက်ဆိုင်သို့ ပြန်ပို့၍ ကုမ္ပဏီသို့ ပြန်သွားကာ လုယိမင်ကို ချက်ချင်း ခေါ်လိုက်သည်။


လုယိမင်က ရုံးခန်းထဲသို့ ဝင်လာသောအခါ ကုဝူယွီက "ခြံစိုက်ဖို့အတွက် သင့်တော်တဲ့နေရာရှိ၊မရှိ စုံစမ်းပြီး ဝယ်ထားလိုက်" ဟုစေခိုင်းလိုက်သည်။
လုယိမင်က "ဟုတ်ကဲ့ သူဌေး" ဟုပြန်ဖြေပြီး ရုံးခန်းထဲမှ ပြန်ထွက်လာခဲ့သည်။
ကုဝူယွီက ချင်းရှင်းနှင့် ချိန်းတွေ့ပြီး ပြန်လာတိုင်း တစ်ခုခု လုပ်ခိုင်းနေကြ ဖြစ်သည်ကို လုယိမင်က ကြိုသိနေပြီးသား ဖြစ်နေခဲ့သည်။


ချင်းရှင်းက ဆိုင်သို့ ပြန်ရောက်လာပြီးနောက် 2:58 မိနစ်တွင် Weibo ပေါ်၌ တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်သည်။ 

တိုက်ရိုက် ထုတ်လွှင့်မှုကို သူမ စတင်လိုက်သည်နှင့် ကြည့်ရှုသူ သုံးသန်းကျော်ကို တွေ့ရှိခဲ့ရသည်။
ချင်းရှင်းက ဖုန်းကို သူမ၏ မျက်နှာချင်းဆိုင်တွင် 
ချထားပြီး "အားလုံးပဲ မင်္ဂလာပါ။ ကျွန်မက ရှင်းရှင်း ပါ" ဟုမိတ်ဆက်လိုက်သည်။

Live ကြည့်နေသူ အချို့က "ရှင်းရှင်း ၊ အခု မီးဖိုချောင်ထဲရောက်နေပြီလား" ဟုမှတ်ချက်ပေး မေးမြန်းလာသောအခါ ချင်းရှင်းက "ဟုတ်တယ်၊ ကျွန်မ အခု မီးဖိုချောင်ထဲ ရောက်နေပြီ။ အခု Live ကြည့်ဖို့ ဝင်လာတဲ့သူတွေ ရှိသေးတယ်လို့ ထင်တယ်။ ငါးမိနစ်လောက်စောင့်ပြီးရင် အားလုံး ကြည့်ဖို့ ခြံထဲကို ခေါ်သွားပေးမယ်" ဟုပြန်ပြောလိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်မှု စတင်ချိန်မှစ၍ ယခုအထိ ကြည့်ရှုသူ ငါးသန်းကျော် ရှိနေပြီ ဖြစ်သည်။
"ရှင်းရှင်း တိုက်ရိုက်ထုတ်လွှင့်ဖို့ အချိန်ရှိတယ်ဆိုတော့ ဒီနေ့ ပိတ်တာလား"
"ဟုတ်တယ်။ နိုဝင်ဘာလ အားလပ်ရက်မှာ ခုနစ်ရက် ဆက်တိုက်  အလုပ်ရှုပ်သွားလို့ ဝန်ထမ်းတွေ အနားယူနိုင်အောင် သုံးရက် ဆိုင်ပိတ်ထားပါတယ်"

"ရှင်းရှင်းရဲ့ ဟင်းပွဲတွေကို အရမ်းစားချင်တယ်"

"အားလပ်ရက်ကို စောင့်ပေးပါ" 

တိုက်ရိုက်ထုတ်လွှင့်မှုတွင် ကြည့်ရှုသူအရေအတွက်က လျင်မြန်စွာဖြင့် 10 သန်းအထိ ရောက်ရှိသွားခဲ့သည်။ 

ချင်းရှင်းက နာရီကို တစ်ချက်ကြည့်လိုက်ပြီး "ကောင်းပြီ မေးခွန်းတွေကို နောက်မှဖြေပေးမယ်။ ခု ခြံထဲက အိုးတွေကို အရင်ကြည့်ရအောင်" ဟုပြောလိုက်သည်။

ချင်းရှင်းက သူမ၏ လက်ကိုင်ဖုန်းဖြင့် အိမ်နောက်ဖေးသို့ ရောက်လာခဲ့သည်။ 

ချင်းရှင်းက ခြံထဲသို့ လျှောက်သွားပြီး ခြံတစ်ခုလုံးကို မြင်နိုင်စေရန် ဖုန်းထားမည့်နေရာကို လိုက်ရှာနေခဲ့သည်။ 

နောက်ဆုံးတွင် ချင်းရှင်းက ပထမထပ်ရှိ အလယ်ပြတင်းပေါက်က နေရာကောင်းတစ်ခု ဖြစ်ကြောင်း ကို တွေ့ရှိခဲ့သည်။


ချင်းရှင်းက ခြေဖျားထောက်၍ ဖုန်းကို ပြတင်းပေါက်၌ ထောင်ထားလိုက်သည်။ 

ထို့နောက် ချင်းရှင်းက ဖုန်းဖန်သားပြင်ကို ကြည့်လိုက်ရာ ခြံဝင်းတစ်ခုလုံးကို မြင်နေရသဖြင့် "အားလုံးပဲ ခဏစောင့်ပေးကြပါ။ ကျွန်မ အိုးတွေကို ရွှေ့လိုက်ဦးမယ်" ဟုပြောလိုက်သည်။

ချင်းရှင်းက (၁၅)မိနစ်အတွင်း အလွန်လျင်မြန်စွာ လှုပ်ရှားနေပြီး မြေကြီးထဲတွင် မြှုပ်ထားသော အိုးများအားလုံးကို တူးထုတ်လိုက်သည်။

"အဲ့အိုးတွေက မလေးဘူးလား ရှင်းရှင်းက ဘာလို့ အသာလေး ရွှေ့နိုင်နေရတာလဲ"

"အိုး‌တွေ အများကြီးပဲ။ မြန်မြန်ဖွင့်ပြပါ"

"ငရုတ်ဆီလို့ တွေးလိုက်ရင် သွားရည်တွေ အလိုလိုကျလာတယ်"
...

ချင်းရှင်းက အိုးအဖုံးများကို တစ်လုံးပြီး တစ်လုံးဖွင့်ပြလိုက်ရာ အိုးထဲ၌ ပဲပိစပ်နှင့် ဝိုင်များ ရှိနေသည်ကို လူတိုင်း တွေ့လိုက်ရသည်။

"ဒီအိုးက ပဲပိစပ်တွေ၊ သုံးလလောက် အချဉ်ဖောက်ပြီးမှ ငရုတ်ဆီ လုပ်လို့ရတယ်။ ဒါက ဝိုင်ပါ။ အိုးပေါ်မှာ စမြှုပ်တဲ့ ရက်စွဲနဲ့ အချိန်ကို ရေးထားတယ်"

ချင်းရှင်းက တစ်လကျော်ကြာ မြှုပ်ထားသော ဝိုင်အိုးတစ်လုံးကို ဖွင့်၍ ခွက်ထဲသို့ လောင်းထည့်လိုက်ကာ "ဝိုင်က မြေကြီးထဲမှာ မြှုပ်ထားတာ ကြာလေ ပိုပြီးအရသာရှိလေပဲ" ဟုတစ်ငုံသောက်ပြကာ ပြောလိုက်သည်။

ထို့နောက် ချင်းရှင်းက "အိုးတွေ ဖွင့်ပြပြီးပြီ ဆိုတော့ အားလုံးရဲ့ မေးခွန်းတွေကို တစ်ချက်ကြည့်လိုက်ရအောင်" ဟုပြော၍ မှတ်ချက်များကို စတင်ဖတ်လိုက်သည်။

ထိုထဲတွင် "ရှင်းရှင်း မင်းက တကယ်သန်မာတာပဲ။ အဲ့အိုးက ဘယ်လောက် အလေးချိန်ရှိလဲ" ဟုမေး

ထားသည်ကို တွေ့လိုက်ရသည်။
ချင်းရှင်းက "ကျွန်မရဲ့ ခွန်အားက သိပ်တော့မနည်းဘူး။ ဒီအိုးတွေထဲက အပေါ့ဆုံးက အနည်းဆုံး (၁၀၀) ကီလိုဂ
ရမ်ရှိတယ်" ဟုပြန်လည် ဖြေကြားခဲ့သည်။

...…….................................
......................................... 

အပိုင်း (၈၄) ပြီးပါပြီ။

အမြောက်စာဇာတ်ကောင်လေးဆီမှ အချက်အပြုတ်နတ်ဘုရားမစီသို့Where stories live. Discover now