Chapter 38

886 97 0
                                    


အပိုင်း (၃၈)

မေ့ကုန်းလန်က ကား၏ တစ်ဖက်ခြမ်းတွင် ပါဝင်ပစ္စည်းများကို ပြင်ဆင်ပြီး ချင်းရှင်းက အခြားတစ်ဖက်၌ ဆူရှီအတွက် ပြင်ဆင်နေခဲ့သည်။

ပါဝင်ပစ္စည်းများ အားလုံးကို အရင်ဆုံး စီစဉ်ပြီး ဆူရှီထမင်းကို ချက်ထားလိုက်သည်။

ဟူရှင်းကောက ချင်းရှင်းအတွက် ဆူရှီ ပါဝင်ပစ္စည်း အမျိုးမျိုးကို ဒါဇင်ပေါင်းများစွာ ဝယ်ယူပေးခဲ့သည်။

ဟူရှင်းကော၏ ဈေးဝယ်ကျွမ်းကျင်မှုကြောင့် ပါဝင်ပစ္စည်းများက အကောင်းဆုံး ဖြစ်နေခဲ့သည်။

အထူးသဖြင့် ဟူရှင်းကော ဝယ်ယူပေးထားသော ငါးရှဉ့်က အေးခဲထားသော်လည်း အရည်အသွေး ကောင်းမွန်‌နေဆဲ ဖြစ်သည်။

ချင်းရှင်းက ငါးရှဉ့်ကို ရေဆေး၍ အမြီးဖြတ်ကာ catago ငံပြာရည်အလွှာဖြင့် သုတ်ပြီး အကင်စက်ထဲသို့ ထည့်လိုက်သည်။


မကြာခင်၌ ထမင်းပေါင်းအိုးမှ အသံထွက်လာသဖြင့် ချင်းရှင်းက ကျက်သွားသော ထမင်းကို ထုတ်ပြီး ရှာလကာရည်နဲ့ ရောကာ အအေးခံရန်အတွက် ဇလုံကြီးတစ်လုံးထဲ၌ ထည့်လိုက်သည်။

ငါးရှဉ့်ဆူရှီကို ရေညှိမပါဘဲ ထုပ်ပိုးနိုင်သောကြောင့် ချင်းရှင်းက နှမ်းဖြူစေ့များကို မီးအေးအေးဖြင့် လှော်လိုက်သည်။

ချင်းရှင်းက ထမင်းကို ထိကြည့်လိုက်ရာ အေးလုနီးပါး ဖြစ်နေသဖြင့် စတုဂံပုံစံ ပုံဖော်လိုက်သည်။

ထိုအချိန်၌ ငါးရှဉ့်ကင်လည်း ကျက်သွားသဖြင့် ပုံဖော်ထားသော ထမင်းပေါ်တွင် ငါးရှဉ့်များကို တင်ကာ နှမ်းဖြူစေ့များကို ဖြူးလိုက်သည်။

ဆူရှီဘူး မရောက်သေးသောကြောင့် ချင်းရှင်းက ငါးရှဉ့်ဆူရှီကို စက္ကူ ပန်းကန်ပြားထဲသို့ ထည့်ကာ မေ့ကုန်းလန်အား "မြည်းကြည့်ပါဦး အစ်မ ကုန်းလန်" ဟု ပြောလိုက်သည်။

ငါးရှဉ့်ဆူရှီကို အနံ့ခံရင်း မေ့ကုန်းလန်က ချက်ချင်း မြည်းကြည့်ချင်သွားသော်လည်း "ငါ ဒါကို ကုန်းချင်း နဲ့ ရှင်းကောဆီ အရင်ပို့ပေးလိုက်မယ်" ဟုပြော၍ မေ့ကုန်းချင်းတို့ထံ သွားပေးလိုက်သည်။

မေ့ကုန်းလန်က မေ့ကုန်းချင်းတို့ကို ပေးပြီးနောက် သူ့ဝေစုကို ယူရန် ကားပေါ်သို့ ပြန်တက်သွားသည်။

ချင်းရှင်းက "အစ်မကုန်းလန် ကျန်တဲ့ပစ္စည်းတွေကိုတော့ မနက်ဖြန်မှပဲ ပြင်ဆင်တော့မယ်။ နားတော့နော်" ဟုပြောလိုက်သဖြင့် မေ့ကုန်းလန်က သူမ၏ ဆူရှီကို ယူကာ ဝမ်းသာအားရ ပြန်သွားတော့သည်။

မေ့ကုန်းချင်းက ဆူရှီ စားဖူးသော်လည်း ချင်းရှင်း၏ လက်ရာကို သိနေသူ ဖြစ်သဖြင့် ငါးရှဉ့်ဆူရှီ၏ အရသာကို မျှော်လင့်နေခဲ့သည်။

ထို့ကြောင့် ဆူရှီတစ်ခုကို ကောက်ယူပြီး စားလိုက်ရာ လတ်လတ်ဆတ်ဆတ် ကင်ထားသော ငါးရှဉ့်‌ အရသာက ချိုမြိန်၍ လတ်ဆတ်နေသည်။

ချင်းရှင်း၏ လက်ရာက အလွန်ပင် ထူးခြားနေ

သဖြင့် မေ့ကုန်းချင်းက ဆူရှီ တစ်ပန်းကန်လုံးကို သူမတစ်ယောက်တည်းသာ စားခဲ့သည်။

သာမာန် အချိန်များတွင် မေ့ကုန်းချင်းက ဤမျှလောက် ထမင်းပမာဏကို မစားနိုင်သော်လည်း ယနေ့၌ မေ့ကုန်းချင်းက ထမင်းပန်းကန်လုံးကြီးတစ်လုံးစာကို လွယ်လွယ်ကူကူ စားနိုင်ခဲ့သည်။

စားသောက်ပြီးသည့်တိုင် ဗိုက်ပြည့်နေသော်လည်း မေ့ကုန်းချင်းက နောက်ထပ် စားချင်နေသေးသည်။

ချင်းရှင်းက ဆူရှီကို ယူ၍ တတိယထပ်သို့ တက်လာခဲ့သည်။

ချင်းရှင်းက အဓိကအားဖြင့် ဆူရှီအတွက် အမှတ်မည်မျှ လဲလှယ်နိုင်သည်ကို သိချင်‌နေခဲ့သည်။

အကယ်၍ အမှတ် နည်းခဲ့ပါက ဆူရှီကို လဲလှယ်လိမ့်မည် မဟုတ်ပေ။

ချင်းရှင်းက စနစ်ကို ဆင့်ခေါ်၍ Oden နှင့် ချဉ်စပ် ခေါက်ဆွဲကို လဲလှယ်ပြီးနောက် စနစ်၏ အမှတ်က

1009 မှတ်ဖြစ်လာခဲ့သည်။

စနစ်၏ အသွင်အပြင်က များစွာ ပြောင်းလဲသွားပြီး နောက်ထပ် လုပ်ဆောင်ချက် အများကြီး ပေါ်လာခဲ့သည်။

စနစ်၏ ဘယ်ဘက်အပေါ်ထောင့်ရှိ ဖောက်သည် နေရာ၌ ချင်းရှင်း ဟူ၍ ပေါ်လာခဲ့သည်။

နောက်ဆုံး၌ ချင်းရှင်းက ဖောက်သည် နံပါတ် (၀၈၂၇၇)မှ ကိုယ်ပိုင် နာမည် ရှိလာခဲ့သည်။ 

အပေါ် ညာဘက်ထောင့်ရှိ အဆင့်(၁) ဖောက်သည်သည်လည်း အဆင့်(၂) ဖောက်သည် ဖြစ်လာခဲ့သည်။

လဲလှယ်နိုင်သော ပစ္စည်းအရေအတွက်ကလည်း တိုးလာခဲ့သည်။

ထို့အပြင် စွမ်းရည်ဆိုင်ရာ လုပ်ဆောင်ချက်များလည်း တိုးလာခဲ့သည်။

ဥပမာအားဖြင့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု၊ အလှအပ၊ ချက်ပြုတ်စွမ်းရည် စသည့် အစွမ်းများကို လဲလှယ်နိုင်သည်။

ထို့အပြင် ပစ္စည်းတစ်ခုအတွက် အမှတ်မည်မျှ လဲလှယ်နိုင်သည်ကိုပါ ရှာဖွေနိုင်သည်။

သို့သော် ချင်းရှင်း စိတ်အဝင်စားဆုံးအရာမှာ ချက်ပြုတ်စွမ်းရည်ကော်လံ၌ အမှတ်များဖြင့် လဲလှယ်နိုင်သော ဟင်းချက်နည်း စာအုပ်ကို ဖြစ်သည်။

ထိုစာအုပ်ကို လဲလှယ်ရန်အတွက် အမှတ်တစ်ထောင်အသုံးပြုရမည် ဖြစ်သည်။

ချင်းရှင်းက အလျင်စလို မလဲလှယ်သေးဘဲ ရောင်းကုန်ကော်လံဆီသို့ ကူးပြောင်းသွားခဲ့သည်။

ချင်းရှင်း ပြုလုပ်ထားသော ဆူရှီက ခုနစ်မှတ်တန်သည်ဟု ထိုနေရာတွင် ပေါ်လာသည်။

ထို့နောက် ဆက်လက်ကြည့်ရှုခဲ့ရာ ရောင်းချနိုင်သည့်အကြိမ်အရေအတွက်က သုံးကြိမ် ဖြစ်လာသည်ကို

တွေ့လိုက်ရသည်။

ချင်းရှင်းက ယခုလေးတင် ပစ္စည်းနှစ်ခုကို လဲလှယ်ခဲ့သော်လည်း စနစ်မွမ်းမံပြီးသည့်နောက် သုံးကြိမ်တိုင်တိုင် လဲလှယ်နိုင်သဖြင့် ထပ်မံလဲလှယ်ခွင့် ရလာခဲ့သည်။

ထို့ကြောင့် ချင်းရှင်းက ချဉ်စပ်ခေါက်ဆွဲ၊ Oden နှင့် နောက်ဆုံးအနေဖြင့် ဆူရှီကို လဲလှယ်ခဲ့သည်။

စနစ်၌ တူညီသော ပစ္စည်းတစ်ခုကို နှစ်ခါ လဲလှယ်ခွင့်မရှိပေ။

ညာဘက်အပေါ်ထောင့်ရှိ စနစ်အမှတ် 1,074 မှတ်ကိုကြည့်ပြီး ချင်းရှင်းက အမှတ် 1,000 ဖြင့် လဲလှယ်ရသော ထမင်းချက်စာအုပ်ကို လဲလှယ်ခဲ့သည်။

အမှတ် 74 မှတ်သာ ကျန်တော့သဖြင့် ချင်းရှင်းက နာကျင်စွာဖြင့် စနစ်မှ ထွက်လိုက်သည်။

စနစ်မှ ထွက်လိုက်ပြီးနောက် ချင်းရှင်းက သူမ၏ ဘေး၌ ဟင်းချက်နည်း စာအုပ်တစ်အုပ်ကို တွေ့ရှိခဲ့

သည်။

ချင်းရှင်းက ထိုစာအုပ်ကို ကောက်ကိုင်လိုက်ပြီး ထိုဟင်းချက်စာအုပ်နှင့် ပတ်သက်သည့် ထူးခြားချက်များကို သိချင်နေမိသည်။

သို့သော် စာအုပ်ကို ကောက်ကိုင်လိုက်သောအခါ သူမ၏ ခေါင်းထဲသို့ တစ်စုံတစ်ခု ဝင်လာသည်ဟု ခံစားလိုက်ရပြီး သူ၏လက်ထဲမှ စာအုပ်က ပျောက်သွားခဲ့သည်။

ချင်းရှင်းက စိတ်ရှုပ်ထွေးသွားသော်လည်း အိပ်ယာပေါ်တွင် လှဲကာ အိပ်ပျော်သွားခဲ့သည်။

နောက်နေ့မနက် နိုးလာသောအခါ ချင်းရှင်းက စိတ်အလွန်ကြည်လင်နေကြောင်း ခံစားလိုက်ရပြီး ဗဟုသုတအပိုများ ထွက်လာခဲ့သည်။

ချင်းရှင်းက အပြင်ဘက်ရှိ ကြက်သွန်မြိတ်ကို ကြည့်လိုက်ရာ ရုတ်တရက် သူမ၏ ဦးနှောက်ထဲတွင် ကြက်သွန်မြိတ်နှင့် ပတ်သက်သော ဟင်းချက်နည်းများစွာ ထွက်ပေါ်လာခဲ့သည်။


ချင်းရှင်းက ဤစနစ်ကို အမှန်တကယ် အံ့သြဖွယ်ကောင်းသည်ဟု ခံစားလိုက်ရပြီး သူမ၏ ချက်ပြုတ်မှုစွမ်းရည်မှာ များစွာတိုးတက်လာသည်ဟု ခံစားလိုက်ရသည်။

ထိုအတွေးဖြင့် ချင်းရှင်းက စနစ်ထဲသို့ ဝင်သွားလိုက်သည်။

သင်၏ ကိုယ်ပိုင်အရည်အချင်းဇယားကိုဖွင့်ရန် နှိပ်ပါ။

အမည် : ချင်းရှင်း(08277)
ကျား/မ : မ
အသက် : 21
မျက်နှာအရည်အသွေး: 70
ကျက်သရေရှိမှု : 60
ဟင်းချက်စွမ်းရည် - 60↑
စိတ်စွမ်းအား : 15
တိုက်ခိုက်ရေးစွမ်းအား : 10

စနစ်ထဲသို့ ရောက်သွားသောအခါ မမျှော်လင့်စွာဖြင့်

ဟင်းချက်စွမ်းရည်က 23 မှ 60 အထိ တိုက်ရိုက် ခုန်တက်သွားသည်ကို တွေ့လိုက်ရသည်။

တစ်နည်းဆိုရသော် ဟင်းချက်နည်း စာအုပ်တစ်အုပ်က သူမ၏ချက်ပြုတ်စွမ်းရည်ကို ၃၇ မှတ်အထိ တိုးစေခဲ့သည်။

ချင်းရှင်းက မစောင့်နိုင်ဘဲ အောက်ထပ်ရှိ ကားဆီသို့ ပြေးသွားကာ ဆီကိုထုတ်၍ ငရုတ်ဆီ ချက်လိုက်သည်။

ယောင်းမကို ကောက်ယူလိုက်သည့် အခိုက်အတန့်တွင် သူမ၏ ခန္ဓာကိုယ်က ကွဲပြားသွားသည်ကို ချင်းရှင်းက ခံစားမိသွားသည်။

မေ့ကုန်းချင်းက အပေါ်ထပ်မှ ဆင်းလာသောအခါ ငရုတ်ဆီအနံ့ကို ရလိုက်သဖြင့် အံ့အားသင့်သွားပြီး "ရှောင်ရှင်း နင်တခြား ဘာတွေ ထပ်ထည့်ထားသေးလဲ။ ငရုတ်ဆီ အနံ့က မွှေးနေတာပဲ" ဟုပြောလိုက်သည်။

ထိုအခါ ချင်းရှင်းက "ဒါက အရင်အတိုင်းပါပဲ။ ဘာ

မှ ထပ်မထည့်ထားပါဘူး" ဟုပြောလိုက်သည်။

"ဒါဆို ရှောင်ရှင်းက လက်ရည်တက်လာတာပဲ ဖြစ်မယ်" ဟု မေ့ကုန်းလန်က ပြန်ပြောလိုက်သည်။

ချင်းရှင်းက ကားကိုရပ်လိုက်ပြီးနောက် စက်ရုံမှ လူများကလည်း ဆူရှီဘူးကို လာရောက် ပို့ဆောင်ပေးခဲ့သည်။

ထို့ကြောင့် ချင်းရှင်းက ရေတွက်ပြီး ငွေပေးချေလိုက်သည်။

တစ်ဖက်က သူမကို ကျေးဇူးတင်စကား ပြောပြီး ပြန်ထွက်သွားခဲ့သည်။

ချင်းရှင်းက ကားပေါ်သို့ ပြန်လာပြီး ဆူရှီအတွက် စတင် ပြင်ဆင်လိုက်သည်။

ကလေးမျက်နှာနှင့် မိန်းကလေးက မီနူးအသစ် ဆူရှီကိုမြင်ပြီး "အစ်မ ရှင်းရှင်း၊ ကာဗီယားဆူရှီစားချင်တယ်" ဟုပြောလိုက်သည်။

"ခဏနေ ရမယ်နော်"


ချင်းရှင်း၏ ဟင်းချက်နှုန်းက ယခင်ကထက် နှစ်ဆ ပိုမြန်လာခဲ့သည်။

ချင်းရှင်းက ရှာလကာရည်နှင့် နယ်ထားသော ထမင်းကို ထုတ်၍ ရေညှိပေါ် တွင် ဖြန့်ခင်းလိုက်သည်။

ထို့နောက် လှီးထားသော သခွားသီး အချောင်းများနှင့် ဝက်ပေါင်ခြောက်ကို ထည့်လိုက်ကာ လိပ်ပြီးနောက် အပေါ်မှ caviar အလွှာကို တင်လိုက်သည်။

ပြီးနောက် ချင်းရှင်းက ကလေးမျက်နှာနှင့် ကောင်မလေးကို လှမ်းပေးလိုက်သည်။

ထိုအခါ ကလေးမျက်နှာနှင့် မိန်းကလေးက မျက်တောင် ပုပ်ခတ် ပုပ်ခတ်လုပ်ပြီး "အစ်မ ရှင်းရှင်းက အရမ်းမြန်တာပဲ" ဟုအံ့ဩတကြီး ပြောလိုက်သည်။

"ဟုတ်လို့လား"

"အင်း ဟုတ်တယ်။ ညီမ စာပို့တုန်းပဲ ရှိ‌သေးတယ်။

စာပို့လို့ မပြီးခင် အစ်မက ပြီးသွားပြီ"

ကလေးမျက်နှာနှင့် ကောင်မလေးက ချင်းရှင်း၏ လက်ထဲမှ ဆူရှီကို ယူစားပြီးနောက် “ဝိုး စားလို့ကောင်းလိုက်တာ” ဟုပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။

.....

ဆူရှီကို မမှာယူသော ပုံမှန်ဖောက်သည်အချို့ကပင် ချင်းရှင်း၏ တိုးတက်လာသော လက်ရာကို ချီးကျူးကြသည်။

ထို့အပြင် ချင်းရှင်း၏ လှုပ်ရှားမှုများက ပိုမိုမြန်ဆန်လာပြီး သူမ၏လက်များက မီနူးနှစ်မျိုးကို တစ်ပြိုင်နက်တည်း ချက်ပြုတ်နိုင်ကြောင်း သိရှိခဲ့ရသည်။

ဥပမာအားဖြင့် ကော်ပြန့်မုန့်လုပ်နေသည့် အချိန်၌ ချင်းရှင်းက မုန်လာဥနီနှင့် အာလူးမုန့်ကို တစ်ပြိုင်တည်း ကြော်နိုင်သည်။

ချင်းရှင်းက မြန်မြန်ဆန်ဆန် လှုပ်ရှားနေသောကြောင့် 8:30 မတိုင်ခင်၌ ပါဝင်ပစ္စည်းများအကုန် ရောင်းကုန်သွားခဲ့သည်။

မေ့ကုန်းလန်ကမူ အံ့ဩနေဆဲ ဖြစ်သည်။

အဓိကအားဖြင့် ချင်းရှင်း၏ အရှိန်က ပုံမှန်ထက် အလွန်မြန်နေသောကြောင့် မေ့ကုန်းလန်က ယနေ့ ဘာမှ မလုပ်လိုက်ရပေ။

မေ့ကုန်းလန်က အအေးထည့်ပေးခြင်း၊ ချင်းရှင်း လုပ်ထားသည့်မုန့်များကို အိတ် သို့မဟုတ် ပန်းကန်ဖြင့် ထည့်ပေးခြင်းတို့ကိုသာ လုပ်ပေးခဲ့ရသည်။

!!.....!!
...…….................................
.........................................

အပိုင်း (၃၈) ပြီးပါပြီ။

အမြောက်စာဇာတ်ကောင်လေးဆီမှ အချက်အပြုတ်နတ်ဘုရားမစီသို့Where stories live. Discover now