Chapter 64

724 69 0
                                    

အပိုင်း(၆၄)

"နင်က အရမ်းတော်တာပဲ"

ချင်းရှင်း ချက်ပြုတ်သည်ကို ကိုယ်တိုင်သာ မမြင်ခဲ့ရလျှင် ထန်ရှီးလန်က ငရုတ်ဆီ အမျိုးအစားသုံးမျိုးသုံးထားသည်ဟုပင် ထင်လိမ့်မည် ဖြစ်သည်။

ထန်ရှီးလန်က ချင်းရှင်းကို ချီးကျူးပြီးနောက် ထမင်းကုန်အောင် ဆက်စားလိုက်သည်။

ပြီးနောက် ထန်ရှီးလန်က ပန်းကန်အလွတ်ကို ကြည့်ပြီး "ငါ ဒီလောက်ကောင်းကောင်း မစားရတာ ကြာပြီ" ဟုစိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။

ချင်းရှင်း၏ လက်ရာနှင့် ယှဉ်လျှင် ထန်ရှီးလန်က ကျောင်း၌ စားခဲ့သမျှတိုင်းကို အဖျင်းတွေချည်းဟုသာ ခံစားရသည်။

ကျန်းအုပ်စု၏ ဟင်းလျာများကို ယခင်က အရသာမရှိဟု ချင်းရှင်းက ထင်ခဲ့ခြင်းမှာ အံ့ဩစရာမဟုတ်ဘဲ အမှန်တကယ် အရသာမရှိခြင်းသာ ဖြစ်သည်။


ထန်မန်ရင်းက ထိုင်ခုံနောက်ကျောကိုမှီ၍ "ရှောင်ရှင်း ရဲ့ တစ်နေ့ ထမင်းသုံးနပ်ကျွေးမယ်ဆိုတဲ့ အလုပ်ခေါ်စာကို‌တွေ့ပြီး အလုပ်လျှောက်ဖို့ လာလိုက်တာ မှန်သွားတယ်" ဟုပြောလိုက်သည်။

ထိုအခါ ချင်းရှင်းက ပြုံး၍ "အဲ့ဒါဆို အစ်မမန်ရင်းက အဲ့ဒါကြောင့် ဒီကိုရောက်လာတာပေါ့ ဟုတ်လား" ဟုပြောလိုက်သည်။

ထန်မန်ရင်းက "လူတွေ အသက်ရှင်နေတာ ဒီပါးစပ်အတွက်ပဲ မဟုတ်လား" ဟုရယ်မောပြီး ပြောလိုက်သည်။

ထန်ရှီးလန်က မူလက တက္ကသိုလ်မှ ဘွဲ့ရပြီးလျှင် အလုပ်သင်လုပ်ရန် ကုမ္ပဏီကြီးတစ်ခုကို ရှာမည်ဟု စဉ်းစားထားခဲ့သည်။

သို့သော် နောက်ပိုင်း၌ ကုမ္ပဏီကြီးများက ပညာရပ်ဆိုင်ရာ အရည်အချင်းများကို အထူးတန်ဖိုးထားကြောင်း သိရှိခဲ့သည်။

ထို့ကြောင့် ထန်ရှီးလန်က ကုမ္ပဏီငယ်တစ်ခု၌သာ အလုပ်လျှောက်ရန် ရည်ရွယ်ခဲ့သည်။

သို့သော် ထိုကုမ္ပဏီက လွန်ခဲ့သည့် ရက်အနည်းငယ်က သူမကို ဖုန်းဆက်၍ အလုပ်မခန့်နိုင်တော့ဟု ပြောလာခဲ့သည်။

ထန်ရှီးလန်က အကြောင်းပြချက်ကို မသိသဖြင့်
ဖုန်းပြန်ဆက်၍ မေးမြန်းခဲ့ရာ "မင်းက မစော်ကားသင့်တဲ့သူကို စော်ကားခဲ့လို့ ငါတို့လည်း ဘယ်လိုမှ မတတ်နိုင်ဘူး" ဟုထိုကုမ္ပဏီမှ ပြန်ဖြေခဲ့သည်။

ထန်ရှီးလန်က သူမ မည်သူ့ကို စော်ကားခဲ့သည်ကို အမှန်တကယ် မသိသော်လည်း စုံစမ်းမေးမြန်းပြီးနောက်၌ ကျန်းရှုရန်ကြောင့် ဖြစ်ကြောင်းကို သိလိုက်ရသည်။

ချင်းရှင်းအတွက် စကားအနည်းငယ်ပြောရုံနှင့် ကျန်းအုပ်စု၏ မုန်းတီးမှုကို ခံရမည်ဟု ထန်ရှီးလန်က မမျှော်လင့်ထားခဲ့ပေ။

မူလက ကျန်းအုပ်စုသည် ကုမ္ပဏီကောင်းတစ်ခု ဖြစ်

မည်ဟု ထန်ရှီးလန်က ထင်ခဲ့သော်လည်း ယခု၌ ထိုသို့ မမြင်နိုင်တော့ပေ။

သို့သော် ထန်ရှီးလန်က ထိုအကြောင်းများကို ချင်းရှင်းအား မပြောခဲ့ပေ။

လေးယောက်သား ထမင်းစားပြီးနောက် ခဏတာ အနားယူလိုက်ကြသည်။

ထို့နောက် ချင်းရှင်းက "ငါနင်ငှားနေတဲ့နေရာကို အရင် လိုက်ပို့ပေးမယ်" ဟုပြောပြီး ထန်ရှီးလန် ငှားထားသောအိမ်သို့ လျှပ်စစ်ကားဖြင့် လိုက်ပို့ပေးခဲ့သည်။

ထန်ရှီးလန် ငှားထားသောအိမ်ကား ချင်းရှင်း၏ စားသောက်ဆိုင်နှင့် မနီးမဝေးတွင်ရှိသော လယ်သမားအိမ်၌ ဖြစ်သည်။

ကားမောင်းသွားလျှင် ငါးမိနစ်သာ ကြာပြီးလယ်သမားအိမ်ဟု ဆိုသော်လည်း အိမ်၏အခြေအနေက မဆိုးလှပေ။

အိမ်ရှင်က အလွန်သဘောကောင်းသဖြင့် ထန်ရှီးလန်

က ခြောက်လစာ ငှားရမ်းခပေးလိုက်သည်။

ချင်းရှင်းက မပြန်ခင်၌ ထန်ရှီးလန်၏ အခန်းကို ကူ၍ သန့်ရှင်းရေး လုပ်ပေးခဲ့သည်။

အိမ်‌သို့ပြန်ရောက်ပြီးနောက် စနစ်ထဲသို့ ဝင်လိုက်ကာ ချင်းရှင်းက ဝက်သားနှပ်ကို လဲလှယ်ပြီးနောက် စနစ်၌ အမှတ်ပေါင်း 5,000 ကျော်သွားသည်ကို တွေ့ရှိခဲ့ရသည်။

လဲလှယ်ရန်အတွက် ချင်းရှင်းက ဆီအပြင် အလယ်အလတ်အဆင့် မျက်လုံးအားကောင်းဆေးကို လဲလှယ်ရန် အမှတ် 100ကို သုံးခဲ့သည်။

မျက်လုံးအားကောင်းဆေးကို စားပြီးနောက် ချင်းရှင်းက သူမ၏ အရည်အချင်းဇယား၌ နောက်ထပ် အရည်အချင်းတစ်ခု တိုးလာကြောင်း တွေ့ရှိခဲ့သည်။

အမြင်အာရုံတန်ဖိုး - 10

ချင်းရှင်းက 1.5 နှင့် 1.2 ကဲ့သို့သော မျက်စိမှုန်ခြင်းကို တွက်ချက်သည့် နည်းလမ်းကို ကျင့်သုံးလေ့ရှိ

သဖြင့် တန်ဖိုး 10 ကို မြင်လိုက်သောအခါ၌ အနည်းငယ် စိတ်မသက်မသာ ခံစားခဲ့ရသည်။

ထို့ကြောင့် ချင်ရှင်းက အလယ်အလတ်အဆင့် မျက်လုံး အားကောင်းဆေး (9)လုံးကို ထပ်မံလဲလှယ်ခဲ့ပြီး သူ၏အမြင်အာရုံကို 100 အထိတိုးခဲ့သည်။

အမြင်အာရုံတန်ဖိုး 100 ပြည့်သွားပြီးနောက် ချင်းရှင်းက မီးဖိုချောင်ထဲ၌ မတ်တပ်ရပ်နေရင်းဖြင့် အပြင်ဘက်ရှိ ဧည့်သည်များ၏ ပန်းကန်ထဲမှ ထမင်းစေ့များကိုပါ မြင်နိုင်ခဲ့သည်။

အမှတ် ငါးထောင် ကျော်ပြီးနောက် စနစ်ရှိ ချင်းရှင်း၏အဆင့်က အဆင့် 4 သို့ တက်လာခဲ့သည်။

ရှောင်းရှောင်းက "အခု ဖောက်သည်မှာ အကန့်အသတ်မဲ့ သိုလှောင်စရာ နေရာရှိသွားပြီ" ဟုပြောလိုက်သည်။

တစ်နည်းဆိုရလျှင် ချင်းရှင်းက စနစ်ထဲ၌ အကန့်အသတ်မရှိ အရာများစွာကို ထည့်နိုင်ပြီ ဖြစ်သည်။

ချင်းရှင်းက စနစ်ထဲရှိ စာမျက်နှာများကို ဆက်လက်ကြည့်ရှုနေရင်း "ဒါက ဘာကိုဆိုလိုတာလဲ" ဟုရှောင်းရှောင်းအား မေးလိုက်သည်။

ရှောင်းရှောင်းက "မင်းရဲ့ဖောက်သည် နံပါတ်က 08277 ဆိုရင်၊ အဆင့် 4 အထက် ဖောက်သည်တွေက မင်းရဲ့ပစ္စည်းတွေကို ဝယ်တဲ့အခါ၊ သူတို့အဆင်ပြေရင် မင်းကိုဆက်သွယ်ဖို့ နံပါတ်ကို နှိပ်လို့ရတယ်" ဟုရှင်းပြလိုက်သည်။

ချင်းရှင်းက နံပါတ်ကို နှိပ်လိုက်သောအခါ စကားပြောခန်းတစ်ခု ပေါ်လာခဲ့သည်။

ချင်းရှင်းက စကားပြောခန်းကို ပိတ်လိုက်ပြီး "ဒါဆို ငါက တခြားသူတွေနဲ့လည်း ဆက်သွယ်လို့ ရပြီပေါ့" ဟုမေးမြန်းလိုက်သဖြင့် ရှောင်းရှောင်းက "ဟုတ်ပါတယ်" ဟုပြန်ဖြေခဲ့သည်။

"နောက်ထပ် ဘာရှိသေးလဲ"

ချင်းရှင်းက စနစ်၏ မျက်နှာပြင်ကို ကြည့်ရင်း ရှောင်းရှောင်းအား မေးလိုက်သည်။


ရှောင်းရှောင်း က "အရောင်းလုပ်ဆောင်ချက်လည်း ပြောင်းသွားပါပြီ။ အခု ရွေးချယ်စရာ နှစ်ခုရှိပါတယ်။ ပထမတစ်ခုက အရင်က အတိုင်းပဲ ရွေးချယ်နိုင်ပါတယ်။ တစ်နေ့ကို သတ်မှတ်ထားတဲ့ အရောင်းအရေအတွက် ရှိတယ်။ အဆင့်လေး ဖောက်သည်တစ်ယောက်အဖြစ် အဆင့်မြှင့်တင်ပြီးသွားပြီဆိုတော့ တစ်နေ့ကို အကြိမ် 20 ရောင်းချနိုင်ပြီး လဲလှယ်မှု အရေအတွက်ကလည်း အတူတူပါပဲ" ဟုရှင်းပြလိုက်သည်။

ချင်းရှင်းက "နောက်ထပ် ရွေးချယ်စရာက ဘာလဲ" ဟုထပ်မေးလိုက်သဖြင့် ရှောင်းရှောင်းက "နောက်တစ်ခုက ပစ္စည်းအခု (၁၀၀)ပြည့်အောင် လဲလှယ်ဖို့။ ဒါပေမယ့် ပစ္စည်းတွေရောင်းပြီးမှ အမှတ်တွေကို ရနိုင်မယ်" ဟုထပ်ရှင်းပြလိုက်သည်။

ထိုအခါ ချင်းရှင်းက "ငါ နောက်တစ်ခု ရွေးမယ်" ဟုပြောလိုက်သဖြင့် ရှောင်းရှောင်းက ချင်းရှင်းအား "အတည်ပြုပြီးရင် ပြန်ပြောင်းလို့မရပါဘူး။ ရွေးချယ်မှုအရ နောက်ဆက်တွဲ လုပ်ဆောင်ချက်များပါ ပြောင်းလဲပါမယ်" ဟုပြောလိုက်သည်။


ချင်းရှင်းက "သေချာတယ်။ ငါထပ်ပြောင်းမှာ မဟုတ်ဘူး" ဟုပြောလိုက်သဖြင့် စနစ်၏ မျက်နှာပြင်က ပျောက်သွားခဲ့သည်။

စနစ်ပြန်ပေါ်လာသောအခါ ချင်းရှင်းက အပိုစာမျက်နှာတစ်ခု တိုးလာသည်ကို တွေ့လိုက်ရသည်။

ချင်းရှင်းက စာမျက်နှာ၏ အောက်ခြေရှိ လဲလှယ်မှုအရေအတွက်ကို ရှာမတွေ့သဖြင့် ရှောင်းရှောင်းက "သင့်မှာ အမှတ်တွေ လုံလောက်သရွေ့ အကြိမ် အကန့်အသတ်မရှိ လဲလှယ်နိုင်ပါတယ်" ဟုဖြေလိုက်သည်။

ထိုအရာကို သိလိုက်ရသောအခါ ချင်းရှင်းက ရွေးချယ်မှု မှန်ကန်သည်ဟု ခံစားလိုက်ရသည်။

ချင်းရှင်းက ဆီလဲလှယ်ရန်အတွက် စနစ်၏ မျက်နှာပြင်ကို နှိပ်ခဲ့ပြီး စတင် မလဲလှယ်သေးပေ။

ရှောင်းရှောင်းက "အမှတ် 1500 ပဲလိုအပ်တဲ့ ဆီ 100L ကို ရွေးလို့ရပါတယ်" ဟုအကြံပေးခဲ့သည်။


ပုံမှန်အားဖြင့် ဆီ 100ml လဲလှယ်လိုလျှင် အမှတ် 2 မှတ် လိုအပ်သည်။

ဆိုလိုသည်မှာ ဆီ 100L အတွက် အမှတ် 2000 လိုအပ်သည်။

သို့သော် တစ်ကြိမ်တည်း 100L ကို လဲလှယ်ရန် ရွေးချယ်ပါက အမှတ် (1500) သာလိုအပ်မည် ဖြစ်ပြီး အမှတ် 500 ကိုချွေတာနိုင်မည် ဖြစ်သည်။

ချင်းရှင်းက "ကျေးဇူးတင်ပါတယ် ရှောင်းရှောင်း" ဟုပြောလိုက်သဖြင့် ရှောင်းရှောင်းက "ရပါတယ်။ ဒါက ကျွန်တော့်ရဲ့ တာဝန်ပါ" ဟုပြန်ပြောလိုက်သည်။

"ဒါပေမယ့် ဆီအများကြီး တစ်ခါတည်း လဲလှယ်လိုက်ရင် ဘယ်နေရာမှာ ထားရမလဲ"

ချင်းရှင်းက တစ်ယောက်တည်း ထိုသို့ ရေရွတ်လိုက်သည်။

သူမ၏ အခန်းက ကျယ်သော်လည်း နေ့တိုင်း ဆီ

လဲလှယ်ပါက ထားရန် အဆင်မပြေတော့ပေ။

ထို့ကြောင့် ရှောင်းရှောင်းက "ဒါကို စနစ်ထဲမှာ ထားလို့ရတယ်။ လိုအပ်ရင် စနစ်ထဲက ဆီတွေကို ပြန်ထုတ်ပြီး မင်းလိုသလောက် ယူသုံးလို့ ရနိုင်တယ်"ဟုပြန်ပြောလိုက်သည်။

ချင်းရှင်းက ခေါင်းညိတ်ပြီး "ဟုတ်သားပဲ။ ဒါကို ငါဘာလို့ မေ့နေတာပါလိမ့်။ စနစ်ထဲမှာ သိမ်းထားလို့ ရတာပဲ" ဟုပြောလိုက်သည်။

ထို့နောက် ချင်းရှင်းက ဆီ 100L ကို ပြတ်ပြတ်သားသား လဲလှယ်လိုက်သည်။

မနက်ဖြန်မှစ၍ ငရုတ်ဆီအားလုံးကို စနစ်ဆီနှင့်သာမက စနစ်၏ ငရုတ်သီးနှင့်ပါ လုပ်မည်ဟု စဉ်းစားလိုက်သည်။

ထိုအတွေးဖြင့် ချင်းရှင်းက ငရုတ်သီးကို လိုက်ရှာလိုက်ရာ ယခင်က ငရုတ်သီးတစ်ခုကို 25 မှတ်ဖြင့် လဲလှယ်ရသည်။

ယခု ငရုတ်သီး အလုံး 100 ဝယ်ပါက အမှတ် 2000

သာလိုအပ်ပြီး အမှတ် 500 သက်သာနိုင်မည် ဖြစ်သည်။

ဆီနှင့် ငရုတ်သီးနှစ်မျိုးအတွက် အမှတ်တစ်ထောင် သက်သာနိုင်သည်။

ချင်းရှင်းက ဆီနှင့် ငရုတ်သီးကို လဲလှယ်ခဲ့ပြီး အမှတ် (3500) ကိုအသုံးပြုခဲ့သည်။

ရှောင်းရှောင်း က "မင်းအတွက် ရည်ညွှန်းချက် အသစ် နှစ်ခု ကျန်သေးတယ်" ဟုသတိပေးလိုက်သည်။

ထို့ကြောင့် ချင်းရှင်းက သူမ၏ အရည်အချင်း ဇယားကို ကြည့်လိုက်သောအခါ နောက်ထပ် မီးလုံးနှစ်လုံး ရှိသေးသည်ကို တွေ့လိုက်ရသည်။

ချင်ရှင်းသည် တုံ့ဆိုင်းမနေဘဲ ထိုနှစ်ခုကို ဆက်နှိပ်လိုက်သောအခါ မှတ်ဉာဏ်: 0၊ ကျန်းမာရေး- 0 ဟူသော စာသားနှစ်ခုကို တွေ့လိုက်ရသည်။

"ဟမ် ငါ့မှတ်ဉာဏ်က 0 တဲ့လား။ ငါ့ကျန်းမာရေးက

လည်း 0 ပဲ"

ချင်းရှင်းက သူမကိုယ် သူမ ပြန်ကြည့်လိုက်ပြီး "ဒါပေမယ့် အခု ငါ အသက်ရှင်နေတာပဲမလား" ဟုရေရွတ်လိုက်သည်။

ထို့နောက် ချင်းရှင်းက ခန္ဓာကိုယ် သန်မာဆေးလုံး တစ်ခုကို အမှတ် ၅၀၀ လိုအပ်ကြောင်း ရှာဖွေတွေ့ရှိခဲ့ပြီး ဆေးတစ်လုံးကို လဲလှယ်၍ သောက်လိုက်သည်။

ဆေးသောက်ပြီးနောက် သူမ၏ ကျန်းမာရေးတန်ဖိုးက အမှန်တကယ် တိုးလာသည်ကို တွေ့ရှိခဲ့ရသည်။

သို့သော် တိုးလာသည့်တန်ဖိုးက 1 ဖြစ်နေသောကြောင့် ချင်းရှင်းက သူမ၏ ခန္ဓာကိုယ်အတွင်း ပြောင်းလဲမှုကို မခံစားရပေ။

ထို့ကြောင့် ရှောင်းရှောင်းအား "ဒါကို ရှင်းပြပါလား" ဟုမေးလိုက်သဖြင့် ရှောင်းရှောင်းက "ခန္ဓာကိုယ် သန်မာဆေးလုံးကို သောက်ရင် မတော်တဆမှုမရှိဘဲ မင်းရဲ့သက်တမ်းကို ဆယ်နှစ်အထိ သက်တမ်းတိုးနိုင်တယ်" ဟုပြန်ရှင်းပြခဲ့သည်။


ထိုအခါ ချင်းရှင်းက "ဒါဆိုကျန်းမာရေး တန်ဖိုး 100 ဆို အနှစ် 10,000 အထိ အသက်ရှင်နေနိုင်မှာပေါ့" ဟုထပ်မေးလိုက်သဖြင့် ရှောင်းရှောင်းက "အဲ့ထက် ပိုကြာနိုင်တယ်" ဟုပြန်ဖြေခဲ့သည်။

ထို့ကြောင့် ချင်းရှင်းက ကျန်းမာရေးတန်ဖိုးကို ချက်ချင်းပင် စိတ်မဝင်စားတော့ချေ။

"ဒီမှတ်ဉာဏ် တန်ဖိုးကရော ဘယ်လိုလဲ"

ချင်းရှင်းက သူမကိုယ်သူမ မှတ်ဉာဏ် မကောင်းဟု မခံစားခဲ့ပေ။

စာအုပ်တစ်အုပ်ကို အကြိမ်အနည်းငယ် ဖတ်ရုံဖြင့် မှတ်မိနိုင်သော်လည်း သူမ၏ မှတ်ဉာဏ် တန်ဖိုးက 0 ဖြစ်နေဆဲ ဖြစ်သည်။

!!.....!!
..........................................
.........................................

အပိုင်း (၆၄) ပြီးပါပြီ။

အမြောက်စာဇာတ်ကောင်လေးဆီမှ အချက်အပြုတ်နတ်ဘုရားမစီသို့Where stories live. Discover now