အပိုင်း(၇၂)
ချင်းရှင်းက "အစ်မကုန်းလန် အစ်ကိုဟူကို ဖုန်းဆက်ပြီး တဆေး ဝယ်လာခဲ့ပေးဖို့ ပြောပေးပါ" ဟုပြောလိုက်သည်။
"ကောင်းပြီ"
မေ့ကုန်းလန်က လက်များကို သုတ်လိုက်ပြီး အပြင်ထွက်ကာ ဟူရှင်းကောထံ ဖုန်းဆက်ရန် ပြင်လိုက်သည်။
"ဒါနဲ့ အစ်ကိုဟူကို ညကျရင် ဒီကို လာခဲ့ပေးပါလို့ပါ ပြောပေးပါ" ဟုချင်းရှင်းက ထပ်ပြောလိုက်သည်။
မေ့ကုန်းလန်က စားသောက်ဆိုင် အပြင်ဘက်သို့ ထွက်ပြီး ဟူရှင်းကောထံ ဖုန်းခေါ်လိုက်သည်။
ချင်းရှင်းက ထန်မန်ရင်းအား " အစ်မထန်က စကားဝါပန်းတွေ ကောက်လာပေးလို့ ရမလား။ ကျေးဇူးတင်ပါတယ်" ဟုပြောလိုက်သည်။
"ရပါတယ်"
စကားဝါပန်းက ယခုရာသီတွင် ပေါများသဖြင့် ချင်းရှင်းက တဆေး ဝယ်မည်ဟု ကြားလိုက်သောအခါ ထန်မန်ရင်းက ဝိုင်လုပ်မည် ဖြစ်ကြောင်းကို သိရှိလိုက်သည်။
ချင်းရှင်းက ဆန်များကို ဆေးကြောပြီး ဇလုံတစ်ခုထဲတွင် ထည့်ကာ ရေစိမ်လိုက်သည်။
အချိန်အကြာကြီး စိမ်ထားရမည် ဖြစ်သောကြောင့် ထိုအချိန်တွင် ချင်းရှင်းက ညနေစာအတွက် ပါဝင်ပစ္စည်းများကို ပြင်ဆင်လိုက်သည်။
ထို့နောက် ချင်းရှင်းက ရေစိမ်ထားသော ဆန်ကို ထုတ်ကာ ရေနွေးငွေ့ ဖြင့် ပေါင်းလိုက်သည်။
မေ့ကုန်းလန်နှင့် ထန်မန်ရင်းတို့က စကားဝါပန်းများကို ကောက်ပြီးနောက် ပြန်လာခဲ့ကြသည်။
သုံးယောက်သား စကားဝါပန်းများကို သန့်စင် ဆေးကြောပြီး အခြောက်ခံရန် အိမ်နောက်ဖေးသို့
ရွှေ့လိုက်သည်။
ထန်မန်ရင်းက "ငါ မိုးလေဝသခန့်မှန်းချက်ကို ကြည့်လိုက်တာ လာမယ့်ရက် အနည်းငယ်အတွင်းမှာ နေသာမယ်တဲ့" ဟုပြောလိုက်သည်။