Chapter 51

754 74 0
                                    

အပိုင်း(၅၁)

ချင်းရှင်း၌ ပစ္စည်း အများကြီး မရှိသောကြောင့် အချိန်ခဏလေးနှင့် ထုပ်ပိုးသိမ်းဆည်းပြီးသွားခဲ့သည်။

သူမ၏ ခရီးဆောင်အိတ်ကို ပြင်ဆင်ပြီးနောက် ချင်ရှင်းက ရေချိုးကာ အိပ်ယာပေါ်တွင် လှဲနေရင်း အတွေးများစွာ တွေးနေခဲ့သည်။

သူမ မြို့တော် Tသို့ ရောက်နေသည်မှာ သုံးလသာရှိသေးသော်လည်း ယခုကဲ့သို့ ကိုယ်ပိုင်အိမ်ရှိလာမည်ဟု မမျှော်လင့်ထားခဲ့ချေ။

အစပိုင်းတွင် သူမက ဤလမ်းကို အလွန်ခက်ခဲစွာ လျှောက်ရလိမ့်မည်ဟု ထင်ထားခဲ့သည်။

သို့သော် သူမ ထင်ထားသည်ထက် ပို၍လွယ်ကူလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ပြန်လည်မွေးဖွားပြီးနောက် ချင်းရှင်းက ကံကောင်းလာသည်ဟု ခံစားနေရသည်။

ချင်းရှင်းက အနာဂတ်တွင် မည်သို့ ဖြစ်လာမည်ကို မသိသော်လည်း အစွမ်းကုန်ကြိုးစားမည်ဟု ဆုံးဖြတ်ထားခဲ့သည်။

နောက်တစ်နေ့ မနက်စောစောတွင် မေ့ကုန်းချင်းနှင့် မေ့ကုန်းလန်တို့က ချင်းရှင်း၏ ပစ္စည်းများကို တတိယထပ်မှ အောက်ထပ်သို့ ရွှေ့ပြောင်းရန် ကူညီခဲ့ကြသည်။

ချင်းရှင်းက သူမ၏ လျှပ်စစ်ကားဖြင့် အိမ်အသစ်ဆီသို့ မောင်းနှင်လာခဲ့ရာ တောင်ခြေကို ရောက်ရန် တစ်နာရီခန့် ကြာမြင့်ခဲ့သည်။

ဟူရှင်းကောက ကုန်ပစ္စည်းများကို သွားဝယ်ရမည် ဖြစ်သောကြောင့် သူ၏ကားဖြင့် သွားဝယ်နေခဲ့သည်။

ချင်းရှင်းတို့ သုံးယောက် အိမ်အသစ်သို့ ရောက်လာသောအခါ ဟူရှင်းကောကလည်း ရောက်ရှိလာခဲ့သည်။

ချင်းရှင်းက တံခါးကို အမြန်ဖွင့်လိုက်ပြီး လှည့်ပတ်ကြည့်ရှုလိုက်သောအခါ ကုအုပ်စုဘက်မှ သန့်ရှင်းရေးလုပ်ပေးထားသည်ကို တွေ့လိုက်ရသည်။

အမြောက်စာဇာတ်ကောင်လေးဆီမှ အချက်အပြုတ်နတ်ဘုရားမစီသို့Where stories live. Discover now