Chapter 76

448 56 0
                                    

အပိုင်း(၇၆)

စကားဝါပန်းဝိုင် 200ml ၏ စျေးနှုန်းကား 48 ယွမ် ၊ 500ml အတွက်ကား 88 ယွမ် ၊ 1000ml အတွက် ကုအုပ်စုမှ သတ်မှတ်ထားသော ဈေးနှုန်းမှာ 168 ယွမ် ဖြစ်သည်။ 

ချင်းရှင်းက ထိုစျေးနှုန်းများနှင့် ပတ်သက်၍ ထင်မြင်ချက်မရှိပေ။

အကြောင်းမှာ အခြားသစ်သီးဝိုင်များ၏ ဈေးနှုန်းသည်ပင် ဤစျေးနှုန်းနီးပါး ရှိသောကြောင့် ဖြစ်သည်။

အလုပ်များသော နေ့တစ်‌နေ့၏ အဆုံးတွင် ချင်းရှင်းက ငါးအသားလုံးစွပ်ပြုတ် (၅)ပွဲကို ချက်ပြုတ်ခဲ့သည်။ 

ချင်းရှင်းက ရက်အတော်ကြာသည်အထိ စနစ်ထဲသို့ အစားအသောက်များ မလဲလှယ်ခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် ချင်းရှင်းက ဒုတိယနည်းလမ်းကို ရွေးချယ်ထားခဲ့သည်။

မဟုတ်လျှင် စနစ်မှာ ယခင်ပုံစံသာ ဖြစ်ခဲ့ပါက တစ်ရက်တာမျှ မလဲလှယ်ပင်လျှင် စနစ်ပေါ်လာတော့မည် မဟုတ်ပေ။

ချင်းရှင်းက စင်ပေါ်သို့ အစား‌အသောက်များ မည်သည့်အချိန်၌ တင်ရောင်း တင်ရောင်း အချိန်ခဏအတွင်း ရောင်းကုန်နေကြ ဖြစ်သည်။

အသွင်ပြောင်းပြီး နောက်ပိုင်း၌ ချင်းရှင်း၏ အချက်အပြုတ် စွမ်းရည်က မြင့်တက်လာခဲ့ပြီး ယခုအချိန်တွင် အမှတ် ၉၀ ကျော်‌နေပြီ ဖြစ်သည်။

ချင်းရှင်း၏ စနစ်ထဲသို့ ရောက်နေသော မက်ဆေ့ချ်များစွာအနက် 00007 မှ ချင်းရှင်းထံသို့ "သိုးသားကင်က အရမ်းကောင်းတယ်။ စကားဝါပန်းဝိုင်က တော့ မဆိုးပါဘူး။ သောက်လို့ကောင်းတယ်" ဟူ၍ ပို့လာခဲ့သည်။

ဆိုလိုသည်မှာ သိုးသားကင်က အလွန်အရသာရှိပြီး စကားဝါပန်းဝိုင်က ကောင်းရုံမျှသာ ဖြစ်သည်။ 

ရှေးခေတ် လူအများစုကား ကိုယ်ပိုင် ဝိုင်ကို ပြုလုပ်တတ်ကြသဖြင့် ထိုခေတ်ဝိုင်က ပိုကောင်းလိမ့်မည်ဟု ချင်းရှင်းက တွေးတောခဲ့သည်။ 

အမြောက်စာဇာတ်ကောင်လေးဆီမှ အချက်အပြုတ်နတ်ဘုရားမစီသို့Where stories live. Discover now