Chapter 55

611 68 0
                                    

အပိုင်း(၅၅)

လုယိမင်က မနက်စာ မစားရသေးဘူးဟု ပြောချင်သော်လည်း သူနှင့် ပါလာသော လူအများကြီးကို ကြည့်ပြီး "စားပြီးပြီ" ဟုလိမ်ပြောလိုက်သည်။

သိူ့သော် လုယိမင်၏ ဗိုက်က အသံမြည်လာခဲ့သည်။

ချင်းရှင်းက ပြုံးပြီး "ထိုင်ပါဦး။ ရှင်တို့အတွက် မနက်စာပြင်ပေးမယ်" ဟုပြောလိုက်သည်။

လုယိမင်က ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး "ကျေးဇူးတင်ပါတယ် မစ္စချင်း" ဟုပြောလိုက်သည်။

ချင်းရှင်းက ဂျုံမှုန့်ကို နယ်ပြီး အပေါ်ထပ်သို့ ပြေးကာ စနစ်မှ ဆီတစ်ပုလင်းကို လဲလှယ်လိုက်သည်။

ထို့နောက် အောက်ထပ်သို့ ဆီပုလင်းကို ယူလာကာ ငရုတ်ဆီ ချက်လိုက်သည်။

ထို့နောက် ချဉ်စပ်ခေါက်ဆွဲ (၁၂)ပွဲကို ချက်ပြုတ်လိုက်သည်။


ချင်းရှင်းက ချက်ပြုတ်ပြီးနောက် မေ့ကုန်းလန်က ဧည့်သည်များထံ ချပေးရန် ပြင်ဆင်နေသဖြင့် လုယိမင်က "မင်းတို့ ဘာလုပ်နေကြတာလဲ။ မီးဖိုခန်းထဲဝင်ပြီး ကိုယ်တိုင်ယူကြလေ" ဟုလက်အောက်ငယ်သားများကို ပြောလိုက်သည်။

ထိုအခါ ရှောင်ဒန်နှင့် အဖွဲ့က ခေါက်ဆွဲကိုယူရန် မီးဖိုချောင်သို့ အမြန်သွားခဲ့ကြရာ ပန်းကန်လုံး တစ်ခုလုံးပိုနေသည်ကို တွေ့လိုက်ရသဖြင့် "မစ္စချင်း ခေါက်ဆွဲ တစ်ပွဲ ပိုနေတယ်" ဟုပြောလိုက်ကြသည်။

လုယိမင်က ချက်ချင်း သဘောပေါက်သွား၍ "အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့။ မင်းတို့ ဘာသာစားကြ" ဟုအော်ငေါက်လိုက်သည်။

ချင်းရှင်းက လုယိမင်အား "ဒီတစ်ပွဲက မစ္စတာကုအတွက် ယူသွားပေးဖို့ မစ္စတာလုကို အကူအညီတောင်းပါတယ်" ဟုပြောလိုက်သည်။

"ပြဿနာမရှိပါဘူး"

လုယိမင်က ထိုသို့ပြန်ဖြေပြီးနောက် ပန်းကန်ထဲမှ ခေါက်ဆွဲများကို ယူစားလိုက်သည်။

ရှောင်ဒန်နှင့် အဖွဲ့အား မနေ့ညက ချင်းရှင်းအတွက် ပရိုဂရမ်ကို တီထွင်ရန် ညဘက်၌ အချိန်ပို အလုပ်ဆင်းခိုင်းခဲ့သည်။

လက်ရွေးစင် ဝန်ထမ်းဆယ်ဦးဖြင့် ခြောက်နာရီအတွင်း ပရိုဂရမ်ရေးဆွဲမှုက ပြီးမြောက်သွားခဲ့သည်။

လူတိုင်း အနားယူချိန် မရခင်၌ပင် လုယိမင်က ကားတစ်စီးဖြင့် ချင်းရှင်း၏ဆိုင်သို့ ဆွဲခေါ်လာခဲ့သည်။

အမှန်စင်စစ် ချင်းရှင်းကို လုပ်ထုံးလုပ်နည်းများ ရှင်းပြရန် ခေါင်းဆောင်ဒန် တစ်ယောက်တည်း လိုက်လာလျှင်ပင် လုံလောက်သော်လည်း လုယိမင်က အဖွဲ့သားများ အားလုံးကို ခေါ်ဆောင်လာခဲ့သည်။

တစ်ညလုံး အလုပ်လုပ်ထားရသည့်အပြင် ဤနေရာသို့ပါ လိုက်လာရသဖြင့် အဖွဲ့သားများက မကျေနပ်ချင်ကြပေ။


သို့သော် ချဉ်စပ်ခေါက်ဆွဲကို တစ်လုပ်စားပြီးနောက် မကျေနပ်မှုများ ချက်ချင်းပျောက်ကွယ်သွားကာ
"အိုး အမေ့ အရမ်းစားကောင်းတာပဲ!" ဟုအံ့ဩတကြီး ရေရွတ်လိုက်ကြတော့သည်။

အဖွဲ့သားတစ်ယောက်က "ကျွန်တော်တို့ကို ခေါက်ဆွဲစားဖို့ ခေါ်လာတဲ့အတွက် အစ်ကိုလုကို ကျေးဇူးတင်ပါတယ်" ဟုပင်ပြောလာတော့သည်။

လုယိမင်က အဖွဲ့သားများ၏ ခေါက်ဆွဲမစားခင် ပုံစံနှင့် ခေါက်ဆွဲစားပြီး‌နောက် တုံ့ပြန်မှုကို ကြည့်ပြီး "မင်းတို့ မသိသေးလို့။ ဒီဆိုင်က အရမ်းလူများတယ်။ စားချင်ရင် အကြာကြီးတန်းစီရတာ" ဟုပြောလိုက်သည်။

"အရသာကောင်းလွန်းလို့ တန်းစီရတာ မထူးဆန်းပါဘူး"ဟုပြောပြီး လူတိုင်းက ခေါက်ဆွဲကို ဆက်စားလိုက်ကြသည်။

လုယိမင်က စားသောက်ပြီးနောက် "မစ္စချင်းနဲ့ သူဌေးကုတို့က ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်

မှာ လက်မှတ်ထိုးထားကြတယ်" ဟုဆက်ပြောလိုက်သည်။

ထိုအခါ အဖွဲ့သားများအားလုံး ထိတ်လန့်သွားကြပြီး ချင်းရှင်းကို ပို၍ လေးစားသွားကြ‌တော့သည်။

ထို့ကြောင့် စားပြီးသည်နှင့် ပန်းကန်ကို မီးဖိုချောင်ထဲသို့ ရိုသေစွာ သွားထားကာ ကိုယ်တိုင် ဆေးကြောပေးရန် လုပ်ကြတော့သည်။

ချင်းရှင်းက သဘောမတူသဖြင့် အားလုံးက မီးဖိုချောင်ထဲ၌ ပန်းကန်များထားကာ မပြန်ခင်၌ စားပွဲများကို သန့်ရှင်းရေး လုပ်ပေးသွားကြတော့သည်။

မေ့ကုန်းလန်က ကြည့်ပြီး "ကုအုပ်စုရဲ့ ၀န်ထမ်းတွေက တကယ့်ကို အရည်အချင်းရှိတယ်" ဟုချီးမွမ်းလိုက်သည်။

ချင်းရှင်းက ပြုံးလိုက်ကာ "ကုအုပ်စုက တကယ်ကို တော်ပေမယ့် နောက်ပိုင်း ကျန်းအုပ်စုနဲ့ ယှဥ်ပြိုင်တဲ့အချိန်မှာ ဘာလို့ ရှုံးခဲ့တာလဲ" ဟုစိတ်ထဲမှ တွေးတော

လိုက်သည်။

.....

လုယိမင်က ချဉ်စပ်ခေါက်ဆွဲနှင့်အတူ ကုဝူယွီ၏ ရုံးခန်းသို့ ရောက်လာသောအခါ ကုဝူယွီက အံ့ဩသွားခဲ့သည်။

အကြောင်းမှာ လုယိမင်က ယနေ့ ချင်းရှင်း၏ဆိုင်တွင် အလုပ်ရှုပ်နေကြောင်း ကုဝူယွီမှသိနေသဖြင့် နံနက်စာစားရရန် မမျှော်လင့်ထားခဲ့ပေ။

လုယိမင်က "သူဌေးကု အတွက် မစ္စချင်းက ထည့်ပေးလိုက်တာပါ။ ကျွန်တော်တို့ အလုပ်ပြီးသွားပါပြီ။ ရှောင်ဒန်က မစ္စချင်းကို ဘယ်လိုသုံးရမလဲဆိုတာ သင်ပေးခဲ့ပါတယ်" ဟုတင်ပြလိုက်သည်။

"အင်း ကောင်းပြီ"

"ဒါဆို ကျွန်တော် သွားလိုက်ပါဦးမယ်" ဟုလုယိမင်က ပြောကာ ထွက်သွားတော့သည်။

လုယိမင် ထွက်သွားပြီးနောက် ကုဝူယွီက သူ၏

အရှေ့တွင် ရှိနေသော ခေါက်ဆွဲပန်းကန်ကို ကြည့်ပြီး အနည်းငယ်ပျော်သွားခဲ့သည်။

မွန်းတည့် ဆယ့်တစ်နာရီတွင် ဧည့်သည်များ ရောက်လာခဲ့ရာ မနက်စာ လာစားခဲ့သော ဇနီးမောင်နှံနှစ်ယောက်ကလည်း ပြန်ရောက်လာခဲ့သည်။

QR ကုဒ်ကို စကင်န်ဖတ်ပြီးနောက် အော်ဒါမှာယူသည့် စာမျက်နှာသို့ ရောက်သွားကာ မီနူးများကို ရွေးချယ်လိုက်ကြသည်။

"ကျွန်မ ကိုက်လန်ကြော် စားချင်တယ်" ဟုဇနီးသည်က ပြောလိုက်သောအခါ ခင်ပွန်းဖြစ်သူက ကိုက်လန် ကြော်၏ ဘေးရှိ "+" သင်္ကေတကို နှိပ်လိုက်ရာ မှာယူမည့်စာရင်းထဲသို့ ဝင်သွားခဲ့သည်။

"ငါက ဝက်သားနှပ် စားမယ်" ဟုခင်ပွန်းသည်က ပြောလိုက်သည်။

"အင်း"

ဇနီးသည်က ဈေးနှုန်းကို ကြည့်လိုက်သောအခါ ဈေး

အနည်းငယ် များနေသဖြင့် ဟင်းနှစ်ပွဲသာ မှာခိုင်းလိုက်သည်။

ခင်ပွန်းသည်က နောက်ထပ် ထမင်းနှစ်ပွဲကို ထပ်မှာလိုက်ကာ အော်ဒါတင်လိုက်သည်။

ဝက်သားနှပ် ဟင်းပွဲရလာသောအခါ မေ့ကုန်းလန်က စားပွဲသို့ လာချပြီး "ဖြည်းဖြည်းသုံးဆောင်ကြပါ" ဟုပြောလိုက်သည်။

ခင်ပွန်းသည်က အနီရောင် ဝက်သားကို မြင်လိုက်သောအခါ သွားရည်ကျလာသဖြင့် ဝက်သားတစ်ဖက်ကို တူဖြင့်ကိုင်ကာ ယူစားလိုက်သည်။

ယူစားပြီးနောက် အရသာ အလွန်ကောင်းကြောင်း သိလိုက်ရသဖြင့် "မင်းမြည်းကြည့်ပါလား။ အရမ်းအရသာရှိတယ်။ အဆီက လုံးဝ မအီဘူး" ဟုဇနီးသည်အား ပြောလိုက်သည်။

ဇနီးသည်က အဆီကို မစားနိုင်သော်လည်း ခင်ပွန်းဖြစ်သူ၏ ပျော်ရွှင်နေသော မျက်နှာကို မြင်လိုက်ရသောအခါ သံသယစိတ်ဖြင့် ဝက်သားဖက်ကို တူဖြင့်

ယူစားလိုက်သည်။

စားပြီးနောက် ဇနီးသည်က ထပ်ခါထပ်ခါ ခေါင်းညိတ်ကာ "ဝက်သားနှပ်က နူးညံ့ပြီး ချိုနေတာပဲ။ လုံးဝမအီဘူး" ဟုပြောလိုက်သည်။

ခဏအကြာတွင် ကိုက်လန်ကြော် ရောက်လာသဖြင့် ဇနီးဖြစ်သူက ကိုက်လန်ကြော်နှင့် ဝက်သားနှပ်က လိုက်ဖက်သည်ဟု ခံစားလိုက်ရသည်။

ခင်ပွန်းဖြစ်သူက မှာထားသော ထမင်းတစ်ပန်းကန်လုံး ကုန်သွားသဖြင့် "ထမင်းထပ်စားဦးမလား" ဟုဇနီးဖြစ်သူကို မေးလိုက်သည်။

ဇနီးသည်ကလည်း ထပ်မှာမည် ဆိုသဖြင့် ခင်ပွန်းသည်က နောက်ထပ် ထမင်းနှစ်ပွဲ ထပ်မှာလိုက်သည်။

စကင်န်ကုဒ်နှင့် မှာယူခြင်းက မေ့ကုန်းလန်အတွက် ပို၍ အဆင်ပြေသွားသဖြင့် ချင်းရှင်းကို ပို၍ ကူပေးနိုင်လာသည်။

ယခုအချိန်အထိ အလုပ်လျှောက်ရန် မလာကြသေး

သဖြင့် ချင်းရှင်းက Weibo ၌ပို့စ်တင်ကာ လူခေါ်လိုက်မည်ဟု စဉ်းစားလိုက်သည်။

ဇနီးမောင်နှံ နှစ်ယောက် ထမင်းစားပြီးနောက် WeChat မှ ပိုက်ဆံရှင်းကာ ချင်းရှင်း၏ဆိုင်မှ ပြန်ထွက်လာခဲ့ကြသည်။

အပြန်လမ်းတွင် ဇနီးသည်က "ကျွန်မတို့ မနက်စာအတွက် ချဉ်စပ် ခေါက်ဆွဲစားရင် တစ်လဆို မနက်စာအတွက် ယွမ် 600 ကုန်မယ်" ဟုပြောလိုက်သည်။

ခင်ပွန်းဖြစ်သူက ခေါင်းညိတ်ကာ "ယွမ်ခြောက်ရာ ဆို အဆင်ပြေပါတယ်" ဟုပြောလိုက်သည်။

"နေ့လည်စာနဲ့ ညစာကရော ဘယ်လိုလုပ်မလဲ။ ကျွန်မတို့ ခုမှာစားတဲ့ ဝက်သားနှပ်က တစ်ပွဲကို ၅၈ ယွမ်၊ ကိုက်လန်ကြော်က ၂၂ ယွမ်၊ ထမင်းလေးပွဲက ၄ ယွမ်၊ အားလုံးပေါင်း ၈၄ ယွမ်ကျတယ်"

ချင်းရှင်း၏ ဟင်းပွဲများက စျေးနှုန်း အနည်းငယ် မြင့်သော်လည်း ချင်းရှင်း၏ ဟင်းချက်ကျွမ်းကျင်မှုကြောင့် ထိုဈေးနှုန်းက ထိုက်တန်သည်ဟု ဝန်ခံရ

မည် ဖြစ်သည်။

"တစ်လဆို ယွမ်ခြောက်ထောင် ကုန်မှာ" ဟုဇနီးသည်က ဆိုလိုက်သဖြင့် ခင်ပွန်းသည်က နှုတ်ဆိတ်သွားလေသည်။

ထပ်မံ၍ ဇနီးသည်က "ကျွန်မတို့ နှစ်ယောက်လုံးရဲ့ အငြိမ်းစားလစာက တစ်လကို ၆၀၀၀ အောက်ပဲ ရှိတာဆိုတော့ မတတ်နိုင်ဘူး" ဟုပြောလိုက်သည်။

ထို့ကြောင့် ခင်ပွန်းသည်က စကားဆက်မပြောနိုင်တော့ဘဲ သက်ပြင်းချလိုက်သည်။

ဇနီးဖြစ်သူက "အဲ့ဒါကြောင့် ကျွန်မ သန့်ရှင်းရေး အလုပ်ကို သွားလျှောက်ချင်တယ်" ဟုပြောလိုက်သည်။

ထိုအခါ ခင်ပွန်းသည်က စဉ်းစားလိုက်ပြီး "မင်း ဘာတွေ လျှောက်ပြောနေတာလဲ။ မင်းအရမ်းပင်ပန်းမှာပေါ့" ဟုပြောလိုက်သည်။

ဇနီးဖြစ်သူက "သူဌေးမှာလည်း အကူရှိပြီးသားလေ။ မနက်ပိုင်းက ပါဆယ်ထုတ်သွားတဲ့လူ များတယ်ဆို

တော့ နေ့လည်ပိုင်းနဲ့ ညပိုင်းပဲ ပန်းကန်ဆေးရုံနဲ့ တစ်လယွမ်(၃၀၀၀) ရမှာ။ အမှန်အတိုင်း ပြောရရင် ကျွန်မ အနားယူပြီး နေ့တိုင်း အိမ်မှာနေနေရတော့ ပျင်းနေတာ ကြာပြီ။ အရိုးတွေတောင် အလုပ်မလုပ်ချင်တော့ဘူး" ဟုပြောလိုက်သည်။

ဇနီးဖြစ်သူက အလွန်စိတ်အား ထက်သန်နေသဖြင့် နောက်ဆုံးတွင် ခင်ပွန်းသည်က ဇနီးဖြစ်သူ၏ အကြံဥာဏ်ကို သဘောတူခဲ့သည်။

နှစ်နာရီအကြာတွင် ဇနီးဖြစ်သူက ချင်းရှင်း၏ စားသောက်ဆိုင်သို့ ထပ်ရောက်လာခဲ့သည်။

!!.....!!
..........................................
.........................................

အပိုင်း (၅၅) ပြီးပါပြီ။

အမြောက်စာဇာတ်ကောင်လေးဆီမှ အချက်အပြုတ်နတ်ဘုရားမစီသို့Where stories live. Discover now