Chapter 81

336 40 0
                                    

အပိုင်း(၈၁)

ချင်းရှင်းက မီးဖိုချောင်ထဲသို့ ဝင်ပြီးနောက် မေ့ကုန်းလန်အား ပါဝင်ပစ္စည်းများအားလုံးကို ဆေးကြောခိုင်းလိုက်သည်။

အခြားတစ်ဖက်တွင် ချင်းရှင်းက ဝက်သားကို အလွှာလိုက်လှီးပြီး ဘေးဖယ်ထားလိုက်သည်။ 

ဝက်သားအပြင် ချင်းရှင်းက ငါးများကို အလွှာလိုက်လှီးဖြတ်ကာ ပုစွန်များနှင့် အမဲသားများကိုလည်း ထိုနည်း၎င်း သန့်စင် လှီးဖြတ်လိုက်သည်။

ထိုသို့ပြုလုပ်ပြီးနောက် ချင်းရှင်းက လက်ကိုဆေးကြော၍ အိုးထဲသို့ ဆီထည့်ကာ ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းများကို ထည့်၍ ဆီသတ်လိုက်သည်။

ထို့နောက် အိုးထဲသို့ အရိုးပြုတ် ဟင်းရည်ကို လောင်းထည့်လိုက်သည်။

ဟင်းရည် ဆူပွက်လာပြီးနောက် ချင်းရှင်းက အိုး

အသေးများထဲသို့ ဟင်းရည်ကို ခွဲထည့်လိုက်ကာ  ထန်မန်ရင်းအား "အစ်မထန် ဒီအိုးတွေကို အပြင်က စားပွဲပေါ်မှာ ထားပေးပါ" ဟုပြောလိုက်သည်။

ထန်မန်ရင်းက စားပွဲများ ပြင်ဆင်ရန် ထွက်လာသောအခါ အပြင်ဘက်မှ စောင့်ဆိုင်းနေသော ပရိသတ်များကပါ ဝိုင်းကူပေးခဲ့ကြသည်။ 

ချင်းရှင်းက စားပွဲဝိုင်း (၄)ဝိုင်းစာ စီစဉ်ထားခဲ့သော်လည်း လူတိုင်းက ခန်းမအတွင်းရှိ စားပွဲအားလုံးကို စားပွဲကြီးတစ်ခုဖြစ်အောင် ပေါင်းလိုက်ကြသည်။

"အစ်မထန်နဲ့ အစ်မကုန်းလန်လည်း အတူတူစားဖို့ လာခဲ့ကြပါ"

"အင်း ကောင်းပြီ"

ချင်းရှင်းက ခြံအပြင်ဘက်ရှိ ဝိုင်အိုးတစ်လုံးကို ရွှေ့လာကာ အားလုံးအတွက် ထည့်ပေးပြီး "မသောက်ချင်တဲ့သူရှိရင် ဟိုမှာ သောက်စရာတွေ ရှိသေးတယ်၊ ကြိုက်တာ ယူသောက်လို့ရတယ်" ဟုပြောလိုက်
သည်။

ထို့နောက် ချင်းရှင်းက ထိုင်ခုံအလွတ်တစ်ခုတွင် ဝင်ထိုင်လိုက်ပြီး လက်ထဲမှ ခွက်ကို မြှောက်လိုက်ကာ "အားလုံးပဲ ကျေးဇူးတင်ပါတယ် ဒီည ကြိုက်သလောက်စားပြီး ပျော်ကြမယ်" ဟုပြောလိုက်သည်။

အားလုံးက ခွက်များကို မြှောက်ပြီး "ရှင်းရှင်း ပိုအောင်မြင်လာပါစေ" ဟုဝိုင်းဝန်း ဆုတောင်းပေးလိုက်ကြသည်။

ထို့နောက် လူတိုင်းက ဟော့ပေါ့ကို စ၍ စားကြတော့သည်။

လူတိုင်းက ရယ်မော ပြောဆိုရင်း ပျော်ရွှင်စွာ စားသောက်နေခဲ့ကြသည်။

ညရှစ်နာရီအထိ ပျော်ရွှင်စွာ စားသောက်ခဲ့ကြပြီး အားလုံးက ပြန်ရန် ပြင်ဆင်လိုက်ကြတော့သည်။

မပြန်ခင်တွင် လူတိုင်းက ပန်းကန်များကို မီးဖိုချောင်သို့ သယ်လာကာ ဆေးကြောပေးခဲ့ကြသည်။

ထို့အပြင် ကြမ်းပြင်ကို သန့်ရှင်းရေး လုပ်ပေးခဲ့ကြပြီး စားပွဲများ၊ ထိုင်ခုံများကိုပါ နေရာပြန်ချ ထားပေးခဲ့ကြသည်။ 

အားလုံးက တက်ညီလက်ညီ ဝိုင်းကူပေးကြသဖြင့် ဆယ်မိနစ် မပြည့်ခင်၌ပင် စားသောက်ဆိုင်တစ်ခုလုံး သန့်ရှင်းသွားခဲ့သည်။

"အရင်ပြန်တော့မယ်နော် ရှင်းရှင်း။ စောစော အနားယူဦးနော်"

"ကျေးဇူးတင်ပါတယ် ရှင်းရှင်း။ ဒီည ကောင်းကောင်းစားခဲ့ရတယ်"

ချင်းရှင်းက ခြံအပြင်ဘက်အထိ လူအားလုံးကို လိုက်ပို့ပေးခဲ့ပြီး အနားယူရန် အပေါ်ထပ်သို့ တက်လာခဲ့သည်။
...

အစည်းအဝေးခန်းထဲမှ ထွက်လာသော ကုဝူယွီက 
ခေါင်းကိုက်နေသဖြင့် နားထင်ကို ဖိနေခဲ့သည်။

မကြာသေးခင်အချိန်အတွင်း ကုမ္ပဏီကို လျင်မြန်စွာ ချဲ့ထွင်ခဲ့သဖြင့် အချို့သော လူများအကြား မကျေနပ်မှုများ ဖြစ်ပေါ်ခဲ့သည်။

ကုဝူယွီ၏ မျက်နှာအရောင်က အခြေအနေ မကောင်းကြောင်း လုယိမင်က မြင်သောအခါတွင် ပြောမည့်စကားကို ပြောသင့်၊ မပြောသင့် စဉ်းစားပြီး တုံ့ဆိုင်းနေခဲ့သည်။

ကုဝူယွီက လမ်းလျှောက်ရင်း ရပ်လိုက်၍ လုယိမင်ကို ပြန်ကြည့်လိုက်သောအခါမှ လုယိမင်က "သူဌေး ဒီနေ့ နေ့လည်တုန်းက မစ္စချင်းဆိုင်မှာ လူတစ်စုက ပြဿနာရှာသွားခဲ့ကြတယ်....." ဟုမဝံ့မရဲ ပြောလိုက်သည်။

လုယိမင်၏ စကားမဆုံးခင်တွင် ကုဝူယွီက လက်ထဲမှ စာရွက်စာတမ်းများကို လုယိမင်၏ လက်ထဲသို့ ပစ်ထည့်ပြီး ဓာတ်လှေကားဆီသို့ အမြန်လျှောက်သွားခဲ့သည်။ 

လုယိမင်က ဖိုင်ကို တင်းတင်းကျပ်ကျပ် ကိုင်လိုက်ပြီး "ကျွန်တော့်ကို စောင့်ပါဦး သူဌေး" ဟုပြော၍ အနောက်မှ ပြေးလိုက်သွားခဲ့သည်။

ကုဝူယွီကမူ ဓာတ်လှေကား၏ အဆင်းခလုတ်ကို အကြိမ်ပေါင်းများစွာ နှိပ်နေခဲ့သည်။ 
ထိုအချိန်တွင် လုယိမင်က "ထောင်ထောင်မောင်းမောင်း ယောက်ျားခြောက်ယောက်က ပြဿနာရှာပြီး မိန်းကလေး တယောက်ကိုလည်း တွန်းလိုက်တယ်" ဟုဆက်လက် ပြောလိုက်သည်။
ထိုစကားကြောင့် ကုဝူယွီ၏ မျက်လုံးများက ပို၍ အေးစက်လာကာ ဓာတ်လှေကားလည်း အပေါ်သို့ တက်လာပြီ ဖြစ်သဖြင့် ကုဝူယွီက ဓာတ်လှေကားထဲသို့ အလျင်အမြန် ဝင်လိုက်ပြီး ပထမထပ်ကို နှိပ်လိုက်သည်။

လုယိမင်က လက်ထဲမှ စာရွက်စာတမ်းများကို ပြန်စီနေရင်းဖြင့် "အဲ့လူတွေက မစ္စချင်းဆိုင်က ဝန်ထမ်းတစ်ယောက်ရဲ့ ဖုန်းကိုပါ လွှင့်ပစ်လိုက်တယ်လို့ ကြားတယ်" ဟုဆက်ပြောလိုက်သည်။


ကုဝူယွီက လုယိမင်၏ စကားများကြောင့် အသက်ရှူရခက်လာသဖြင့် နက်တိုင်ကို ဆွဲဖြည်လိုက်သည်။

လုယိမင်က ဆက်လက်၍ "ဒါပေမယ့် မစ္စချင်းက အဲ့လူတွေ အားလုံးကို ကိုင်ပေါက်လိုက်တယ်လို့ ကြားတယ်။ အဲ့လူတွေက မစ္စချင်းကို ကြောက်ပြီး ပြေးသွားကြတယ်" ဟုပြောလိုက်သည်။

ထိုအခါ ကုဝူယွီက နက်တိုင်ကို ဆွဲဖြည်နေရာမှ ရပ်လိုက်ပြီး "မင်းဘာပြောလိုက်တာလဲ" ဟုပြန်မေးလိုက်သည်။

လုယိမင်က ထိုစကားများကို ထပ်ခါထပ်ခါ ပြန်ပြောပြီး "မစ္စချင်းက ဆရာတစ်ယောက် ဖြစ်နေမယ်လို့ မထင်ထားဘူး" ဟုရေရွတ်လိုက်သည်။
 
ဓာတ်လှေကား ပထမထပ်သို့ ရောက်သောအခါ လုယိမင်နှင့် ကုဝူယွီတို့က ကားရှိရာသို့ လျှောက်သွားပြီး တောင်ပေါ်မှ မောင်းထွက်လာခဲ့ကြသည်။

ချင်းရှင်း၏ ဆိုင်သို့ ရောက်လာသောအခါ ဆိုင်ထဲ

တွင် လူများပြည့်နေပြီး လူတိုင်းက ရယ်မော ပျော်ရွှင်နေကြသည်။ 

ကုဝူယွီက ခြံထဲတွင် ရပ်ပြီး ထိုမြင်ကွင်းကို ကြည့်နေခဲ့သည်။

"သူဌေး မဝင်ဘူးလား" 
လုယိမင်က ထိုသို့မေးလိုက်သောအခါ ကုဝူယွီက ခေါင်းကို အနည်းငယ် ခါယမ်းပြလိုက်သည်။ 

ဆိုင်ထဲမှ ချင်းရှင်း၏ ပျော်ရွှင်နေသော အမူအရာကိုကြည့်ပြီး ကုဝူယွီက စိတ်အေးသွားခဲ့သည်။

ထို့နောက် ကုဝူယွီက ကားထဲသို့ ပြန်ဝင်လာပြီး လုယိမင်အား "ပြဿနာရှာတဲ့သူတွေကို ရဲတိုင်ပြီးပြီလား" ဟုမေးလိုက်သည်။

လုယိမင်က "အဲ့အတွက်တော့ စိတ်မပူပါနဲ့ သူဌေး။ ရဲစခန်းမှာ သူတို့ကို ဖမ်းထားပြီး စစ်မေးလိုက်တော့ သူတို့ကို ယောင်ရှင်းယန်က ခိုင်းတာလို့ ထွက်ဆိုထားတယ်" ဟုပြန်ဖြေခဲ့သည်။


"ယောင်ရှင်းယန် ဟုတ်လား" 
ကုဝူယွီက ထိုနာမည်ကို တစ်ခါမျှ မကြားဖူးခဲ့ပေ။

လုယိမင်က "သူက Southeast Asia စားသောက်ဆိုင်ရဲ့ ပိုင်ရှင်" ဟုရှင်းပြခဲ့သည်။

"သူက သူဌေးနဲ့ မစ္စချင်းတို့ အဲ့မှာ ညစာစားနေတဲ့ပုံကိုတင်ပြီး နာမည်ကြီးအောင် လုပ်လိုက်ပေမယ့် အားလုံးက အဲ့စားသောက်ဆိုင်က အရသာမရှိဘူးလို့ ဝိုင်းပြောကြတယ်။ အဲ့ကနေစပြီး အဲ့စားသောက်ဆိုင်ရဲ့ ကောင်းတဲ့ review တွေအားလုံး ချေဖျက်ခံရပြီး အားလုံးက မကောင်းတဲ့ reviewတွေကို ဝိုင်းပေးခဲ့ကြတယ်" 

ယောင်ရှင်းယန်၏ ဆိုင်က ကုအုပ်စု၏ စီးပွားရေးအဆောက်အဦတွင် ဖွင့်လှစ်ထားသဖြင့် ကုဝူယွီက "ခုကစပြီး ကုအုပ်စုရဲ့ စီးပွားရေးအဆောက်အဦတွေမှာ သူ့ကို လုံးဝခွင့်မပြုနဲ့" ဟုအေးစက်စွာ ပြောလိုက်သည်။

လုယိမင်က အံ့အားသင့်သွားပြီး "ဟုတ်ကဲ့ပါ သူဌေး" ဟုပြန်ဖြေလိုက်သည်။
ကုဝူယွီက ထပ်မံ၍ "ဒီရက်ပိုင်း ရှင်းရှင်းရဲ့ ဆိုင်အပြင်မှာ စောင့်ဖို့ သက်တော်စောင့်တွေကို စီစဉ်လိုက်" ဟုပြောလိုက်သည်။

"ကောင်းပါပြီ သူဌေး" 

"သူတို့ကို လုံခြုံရေး ဝတ်စုံတွေပဲ ဝတ်ခိုင်းလိုက်"

...

ပရိသတ်များက ချင်းရှင်း၏ စားသောက်ဆိုင်မှ ထွက်လာကြပြီး သက်ဆိုင်ရာ ဟိုတယ်များဆီသို့ ပြန်လာခဲ့ကြသည်။ 
အချို့က သူတို့၏ Weibo အကောင့်၌ ချင်းရှင်းနှင့် တွေ့ဆုံရသည့် အတွေ့အကြုံကို ပြန်လည် မျှဝေခဲ့ကြသည်။ 

[ကျွန်မက ရှင်းရှင်းရဲ့ အမာခံ ပရိသတ် တစ်ယောက်

ပါ။ ဒီနေ့ T မြို့ ကို ကျွန်မ ဒုတိယအကြိမ် ရောက်ဖူးခဲ့တယ်။ အရင်တစ်ခေါက်က ရှင်းရှင်းရဲ့ နေ့လည်ခင်း လက်ဖက်ရည်ကို မသောက်လိုက်ရပေမယ့် ဒီတစ်ခါတော့ ရှင်းရှင်းချက်ပေးတဲ့ ဟော့ပေါ့ကို စားလိုက်ရတယ်။ ဖြစ်စဉ်က ကြောက်စရာကောင်းပေမယ့် အဆုံးသတ်ကတော့ ကောင်းပါတယ်။
ဒီနေ့ မနက်စောစောမှာ ရှင်းရှင်းရဲ့ စားသောက်ဆိုင်ကို ကျွန်မ ရောက်သွားခဲ့တယ်။ အဲ့မှာ ပြဿနာ လာရှာတဲ့ လူတွေ ရှိလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ပြဿနာဖြစ်တဲ့အချိန်မှာ ဧည့်သည်တော်တော်များများ ဆိုင်ထဲက ပြန်ထွက်သွားကြပြီး ပရိသတ်အများစုပဲ ဆိုင်ထဲမှာ ကျန်ခဲ့တယ်။ ပြဿနာ လာရှာတဲ့လူတွေက ခြောက်ယောက်ရှိတယ်။ သူတို့အားလုံး အရပ်ရှည်ပြီး ခန္ဓာကိုယ် ထွားကြိုင်းကြတယ်။ ကျွန်မက ရှင်းရှင်းဘက်က ကူပြောပေးတဲ့အချိန်မှာ သူတို့က ကျွန်မကို မြေကြီးပေါ်ကို တွန်းလှဲလိုက်ကြတယ်။ အဲ့အချိန်မှာ ရှင်းရှင်းက ကျွန်မကို ကူညီပြီး သူတို့ကို တောင်းပန်ခိုင်းတယ်။ ဟိုလူတွေက မတောင်းပန်ဘဲ ထပ်ရမ်းကားလာတော့ ရှင်းရှင်းက ဦးဆောင်တဲ့လူကို ကိုင်ပေါက်လိုက်တယ်။ လူတိုင်းက အံ့ဩနေကြတဲ့ အချိန်မှာဘဲ ရှင်းရှင်းက ကျန်တဲ့ ငါးယောက်ကို တစ်ယောက်ပြီးတစ်ယောက် စားသောက်ဆိုင်ထဲက ကိုင်ပေါက်ပြီး မောင်းထုတ်

လိုက်တယ်။ ဒီအဖြစ်အပျက်ကို ပြန်တွေးကြည့်ရင် ခုထိ မယုံနိုင် သေးပေမယ့် တကယ် ဖြစ်သွားခဲ့တယ်။
အဲ့တော့မှ ဟိုလူတွေက ရှင်းရှင်းကို တောင်းပန်ကြတယ်။ ရှင်းရှင်းက သူတို့ကို  ကျွန်မကို တောင်းပန်ခိုင်းလိုက်တာ ကျွန်မကိုပါ တောင်းပန်သွားခဲ့ကြတယ်။ ဟိုလူတွေ ပြေးသွားတော့ ရှင်းရှင်းက တောင်းပန်တဲ့အနေနဲ့ ညစာကျွေးမယ်လို့ ပြောခဲ့တယ်။ ရှင်းရှင်းရဲ့ လုပ်ရပ်ကြောင့် ရင်ထဲအရမ်း ထိပြီး အရမ်းပျော်ခဲ့ရတယ်။ ရှင်းရှင်းရဲ့ အမာခံ ပရိသတ်ဖြစ်တာကို ကျွန်မတော့ လုံးဝ နောင်တမရဘူး]

ထိုပို့စ်ကို Weibo ၌တင်လိုက်သောအခါ ချင်းရှင်း၏ ပရိသတ်ပေါင်းများစွာက မှတ်ချက်များ ဝိုင်းပေးခဲ့ကြသည်။

[ရှင်းရှင်းက လူဆိုးတွေကို ရိုက်လိုက်တာကို မယုံနိုင်စွာပဲ ကိုယ်တိုင်တွေ့လိုက်ရတယ်။ မယုံနိုင်ပေမယ့် ချင်းရှင်းက သန်မာတယ်လို့ ခံစားရတယ်]

[ရှင်းရှင်း ချက်ကျွေးတဲ့ ဟော့ပေါ့စားရတာကို မနာလို ဖြစ်မိပေမယ့် ဒီနေ့ ဖြစ်ပျက်ခဲ့တာက ကြောက်

စရာကောင်းတယ်လို့ ခုထိ ခံစားမိနေတုန်းပဲ။ မိန်းကလေးနဲ့ ရှင်းရှင်းတို့ အရာအားလုံး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်]

[မိန်းကလေးက အရမ်းတော်တယ်။ ဒါပေမယ့် ရှင်းရှင်းပြောသလို ကိုယ့်ရဲ့ ဘေးကင်းရေးကိုလည်း ဂရုစိုက်ပါ။ ပြဿနာလာရှာတဲ့သူတွေက ဘယ်သူတွေလဲဆိုတာ သိကြလား]

...

မမျှော်လင့်ဘဲ ထိုဇာတ်လမ်းကား Weibo တွင် နာမည်ကြီးသွားခဲ့ပြီး အချို့လူများက ချင်းရှင်း၏ Weibo အကောင့်သို့ သွားကာ ချင်းရှင်း၏ အခြေအနေကို စိုးရိမ်စွာ မေးမြန်းခဲ့ကြသည်။
ချင်းရှင်း၌ လက်ရှိတွင် ပရိသတ် 25 သန်းရှိသည်။

ထိုလူများထဲမှ ယနေ့ဖြစ်ရပ်ကို ဗီဒီယို ရိုက်ကူးထားခဲ့သူများက ၎င်းတို့၏ ဗီဒီယိုကို Weibo ပေါ်
သို့ ပြန်လည်မျှဝေခဲ့ကြသည်။

...…….................................
......................................... 

အပိုင်း (၈၁) ပြီးပါပြီ။

အမြောက်စာဇာတ်ကောင်လေးဆီမှ အချက်အပြုတ်နတ်ဘုရားမစီသို့Where stories live. Discover now