Chapter 49

914 95 0
                                    


အပိုင်း(၄၉)

အင်တာနက်ပေါ်တွင် #ကျန်းအုပ်စု၏ ရှုံးနိမ့်မှု# ဆိုသော သတင်းက ရှာဖွေမှုအများဆုံး ဖြစ်လာခဲ့သည်။

ကျန်းရှုရန်က Weibo ကို ဆက်သွယ်ပြီး ထိုရှာဖွေမှုကို ချက်ချင်း ရုပ်သိမ်းခဲ့သည်။

ထို့ကြောင့် ထိုခေါင်းစဉ်၏ ရှာဖွေမှုနှုန်းက တဖြည်းဖြည်း ကျဆင်းလာကာ ထိုကိစ္စကို ဖတ်ရှုလိုသော အင်တာနက်သုံးစွဲသူများက # ရှင်းရှင်းရဲ့ အစားအသောက် ကမ္ဘာ# ကို မြန်မြန်ဆန်ဆန် ရှာဖွေလာကြတော့သည်။

အင်တာနက်အသုံးပြုသူများက ထိုအကြောင်းအရာကို ရှာဖွေရင်း ဟင်းချက်ပြိုင်ပွဲကို ရှာဖွေတွေ့ရှိခဲ့ကြသည်။

ထိုမှတစ်ဆင့် ကျန်းအုပ်စုက ပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့ကြောင်းကိုလည်း တွေ့ရှိခဲ့ကြသည်။

ရလဒ်အနေဖြင့် ကျန်းအုပ်စု ဟိုတယ်၌ ကျင်းပရန်

စာရင်းသွင်းထားသည့် ပွဲများကို မှာယူသူ အများအပြားက ရုတ်သိမ်းလိုက်ကြတော့သည်။

ဤသို့ဖြင့် ကျန်းအုပ်စု၏ စတော့ရှယ်ယာများ ကျဆင်းလာလေသည်။

ကျန်းရှုရန်က ထိုကိစ္စကြောင့် ဒေါသတကြီးဖြင့် ရုံးခန်းထဲရှိ ခွက်များစွာကို ပစ်ပေါက်ခွဲနေခဲ့သည်။

စုရွှမ်နှင့် ကျန်းရှုရန်တို့က ယခုအချိန်၌ ချင်းရှင်းကို ပြဿနာမရှာနိုင်သောကြောင့် ပြဿနာကို စတင်ခဲ့သူ လွီယာကို အရင်ဖြေရှင်းရန် စဉ်းစားလိုက်ကြသည်။

ကျန်းအုပ်စုက လွီယာအကြောင်း စုံစမ်းစစ်ဆေးခဲ့ရာ မကြာမီတွင် လွီယာက မည်သူဖြစ်သည်ကို သိရှိခဲ့ပြီး ကျန်းရှုရန်က လွီယာကို ထောင်ထဲသို့ ပြန်ပို့ခဲ့သည်။

ကိုယ်ဝန်နှင့် ပတ်သက်၍ ရှီဟောင်၏ မိခင်က လွီယာ ကလေးမွေးသည့်အခါ၌ ကလေးကို ကောင်းမွန်စွာ ပြုစုပျိုးထောင်ပေးမည်ဟု ဆိုခဲ့သည်။


ထို့အပြင် လွီယာ ထောင်မှထွက်လာပါက သူမ၏ ကလေး ကျောင်း၌ အနိုင်ကျင့်မခံရစေရန် အနာဂတ်တွင် သူမ၏ ကလေးနှင့် စကားမပြောသင့်ဟုပါ လွီယာကို ပြောခဲ့သည်။

ဆိုလိုသည်မှာ အနာဂတ်တွင် ကလေး၏ မိခင်နေရာ၌ လွီယာကို အသိအမှတ်မပြု နိုင်တော့ခြင်းဖြစ်သည်။

...

Weibo ကိုဖတ်ပြီးနောက် ချင်းရှင်းက မနက်ဖြန်၌ လုပ်စရာ အများကြီးရှိသေးသဖြင့် Weibo မှထွက်ကာ အနားယူလိုက်သည်။

နံနက်ငါးနာရီတွင် ချင်ရှင်းက အိပ်ရာမှထပြီး အောက်ထပ်သို့ ဆင်းလာခဲ့သောအခါ မေ့ကုန်းလန်က အရင်ရောက်နှင့်နေသည်ကို တွေ့လိုက်ရသည်။

နှစ်ယောက်သား အစောကြီး ဈေးရောင်းရန် ပြင်ဆင်ရင်း စကားစမြည်ပြောကြရာ မေ့ကုန်းလန်က "ဒါနဲ့

စကားမစပ် နင်နှပ်ထားတဲ့ ကြက်ခြေထောက်က တစ်ရက်ခွဲလောက်နဲ့ ရောင်းကုန်သွားပြီ" ဟုပြောလိုက်သည်။

မနေ့က ကားပေါ်၌ အခြားကိစ္စများ ပြောနေကြသဖြင့် မေ့ကုန်းလန်က ထိုစကားကို ပြောခွင့်မရခဲ့ချေ။

ထို့ကြောင့် မေ့ကုန်းလန်က ယနေ့နံနက်မှ ချင်းရှင်းကို ပြောပြရန် ဆုံးဖြတ်ခဲ့သည်။

"ဟုတ်လား"

ချင်းရှင်းက အမြောက်အမြား နှပ်ထားခဲ့သဖြင့် အနည်းဆုံး ရက်အနည်းငယ်လောက် ရောင်းရနိုင်မည်ဟု တွေးထားခဲ့သော်လည်း တစ်ရက်ခွဲအတွင်းရောင်းကုန်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ထို့ကြောင့် မေ့ကုန်းလန်အား မေးကြည့်လိုက်ရာ မေ့ကုန်းလန်က မနက်မှညအထိ တစ်နေကုန် ရောင်းချခဲ့ကြောင်း သိရှိလိုက်ရသည်။

ထို့ကြောင့် မျှော်မှန်းထားသည်ထက် စော၍ ရောင်းကုန်သွားခဲ့သည်။

"ဒါက ရောင်းရတဲ့ ငွေသားတွေ။ အများစုကတော့ စကင်ဖတ်ပြီး ရှင်းသွားကြတယ်"

မေ့ကုန်းလန်က ဈေးရောင်းရသော ပိုက်ဆံများကို ချင်းရှင်းကို ပေးလိုက်ပြီး "စုစုပေါင်း ငွေသား 3,215 ယွမ် ရှိတယ်" ဟုပြောလိုက်သည်။

ချင်းရှင်းက မရေတွက်ဘဲ ပိုက်ဆံပုံးထဲသို့ ထည့်လိုက်သည်။

ချင်းရှင်း ဆိုင်ပြန်ဖွင့်သည့် သတင်းကို ကြားသည်နှင့် လူအများ တန်းစီလာကြသဖြင့် လူတန်းရှည်ကြီး ပြန်ဖြစ်လာခဲ့သည်။

ရှောင်နွဲ့က လူတန်းအလယ်တွင် ရပ်ကာ အံ့ဩနေခဲ့သည်။

မနက်အစောပိုင်း၌ လုယိမင်က ယနေ့ ချဉ်စပ်ခေါက်ဆွဲသွားဝယ်ရန် ရှောင်နွဲ့ထံသို့ မက်ဆေ့ပို့ခဲ့

သည်။

သို့သော် ချင်းရှင်းက ဆိုင်ကို ရက်အတော်ကြာအောင် မဖွင့်ထားကြောင်း ရှောင်နွဲ့က သိနေခဲ့သည်။

မည်သို့ပင်ဖြစ်စေ လုယိမင်ကပြောသည့်အတိုင်း ရှောင်နွဲ့က ပုံမှန်ထက် ဆယ်မိနစ်စောပြီး သွားခဲ့ရာ ချင်းရှင်းက အမှန်တကယ် ဆိုင်ပြန်ဖွင့်‌နေကြောင်း တွေ့ရှိခဲ့သည်။

ထို့ကြောင့် ရှောင်နွဲ့က လုယိမင်ကို စိတ်ထဲမှ လေးစားမှုအပြည့် ဖြစ်သွားခဲ့သည်။

ရှောင်နွဲ့ စောစောသွားခဲ့သော်လည်း တန်းစီရာ၌ ပုံမှန်ထက် ပိုရှည်နေသဖြင့် ကုမ္ပဏီကို ရောက်သောအခါ မိနစ်အနည်းငယ် နောက်ကျနေခဲ့သည်။

ရှောင်နွဲ့၏ ဌာနမှ အဖွဲ့မှူးကျန်းက ရှောင်နွဲ့ကို တွေ့သောအခါ "မင်းက ဘယ်လိုလဲ။ နောက်ကျတာတောင် ကုမ္ပဏီကို မနက်စာ ယူလာသေးတယ်" ဟုဆူပူခဲ့သည်။

ရှောင်နွဲ့က  အဖွဲ့မှူးကျန်းကို ခေါင်းငုံ့ပြီး

ထပ်ခါထပ်ခါ တောင်းပန်ခဲ့သည်။

ကုဝူယွီက ထိုအနားမှ ဖြတ်သွားရင်း ချွေးများပျံနေသော ရှောင်နွဲ့နှင့် သူ့လက်ထဲမှ ချဉ်စပ်ခေါက်ဆွဲကို တွေ့လိုက်ရသည်။

ကုဝူယွီကို မြင်လိုက်ရသော ရှောင်နွဲ့က လက်ထဲမှ ချဉ်စပ်ခေါက်ဆွဲကို ထိတ်လန့်စွာ ဖုံးကွယ်လိုက်သည်။

အဖွဲ့မှူးကျန်းက ကုဝူယွီ ရှောင်နွဲ့ကို ကြည့်နေသောအခါ "ကုမ္ပဏီကို မနက်စာယူလာလို့ ကျွန်တော် သူ့ကို ချက်ချင်းပဲ ဆူလိုက်ပါ့မယ်" ဟုပြောလိုက်သည်။

ကုဝူယွီက အဖွဲ့မှူးကျန်းကို တစ်ချက်ကြည့်လိုက်သဖြင့် အဖွဲ့မှူးကျန်းက ချက်ချင်း ပါးစပ်ပိတ်လိုက်သည်။

ကုဝူယွီက ရှောင်နွဲ့ကိုကြည့်ပြီး "ရှင်းရှင်းရဲ့ဆိုင်ကလား" ဟုမေးလိုက်သည်။

ရှောင်နွဲ့ က ကုဝူယွီကို ခေါင်းညိတ်ပြပြီး "ငါတော့ ဒီနေ့ သွားပြီ။ နောက်ကျတဲ့အပြင် မနက်စာယူလာတာပါ မိသွားတယ်" ဟု‌စိတ်ထဲမှ တွေးလိုက်သည်။

ကုဝူယွီက အနည်းငယ် ခေါင်းညိတ်ပြပြီး "အင်းအဲ့ဆိုင်က အရသာကောင်းတယ်" ဟုပြောလိုက်သည်။

ထိုစကားပြောပြီးနောက် ကုဝူယွီက ထွက်သွားခဲ့သည်။

အဖွဲ့မှူးကျန်းက ကုဝူယွီ မဆူဘဲ ထွက်သွားသဖြင့် နားမလည်နိုင်ဖြစ်ကာ "မင်းကို ဒီဟာ ဘယ်သူ ဝယ်ခိုင်းတာလဲ" ဟုမေးလိုက်သည်။

ရှောင်နွဲ့ က "အစ်ကိုလု ဝယ်ခိုင်းတာ" ဟုပြန်ဖြေလိုက်သည်။

"လုယိမင်လား"

ထိုအခါမှ အဖွဲ့မှူးကျန်းက တစ်ခုခုကို ချက်ချင်း ခန့်မှန်းမိသွားပြီး "အစ်ကိုလုကို မြန်မြန်ပို့ပေးလိုက်" ဟုပြောလိုက်သည်။


ထို့ကြောင့် ရှောင်နွဲ့က ချဉ်စပ်ခေါက်ဆွဲ နှစ်ပွဲကို လုယိမင်၏ ရုံးခန်းဆီသို့ ယူသွားပြီး လုယိမင်ကို ဖြစ်ပျက်ခဲ့သည့် အကြောင်းများ ပြောပြလိုက်သည်။

လုယိမင်က "ရပါတယ်။ အဲ့ကိစ္စကို စိတ်မပူနဲ့။ ငါမင်းအတွက် ပြောပေးမယ်" ဟု‌ပြန်ပြောလိုက်သည်။

ရှောင်နွဲ့က ထိုစကားကြောင့် ဝမ်းသာသွားကာ  "နောက်ဆို ကျွန်တော် အစ်ကိုလု အတွက် အမြဲ မနက်စာဝယ်ပေးပါ့မယ်" ဟုချက်ချင်း ကတိပေးလိုက်သည်။

ရှောင်နွဲ့ ထွက်သွားပြီးနောက် လုယိမင်က ချဉ်စပ်ခေါက်ဆွဲကို ယူပြီး ကုဝူယွီ၏ ရုံးခန်းထဲကို ဝင်သွားခဲ့သည်။

ကုဝူယွီက "ရှောင်နွဲ့ ဝယ်ခဲ့တာလား" ဟုမေးလိုက်သဖြင့် "သူဌေးရဲ့အချိန်တွေကို နှောင့်နှေးမှာစိုးလို့ မနက်တိုင်း တန်းစီမနေတော့ဘဲ ရှောင်နွဲ့ကို လွှတ်လိုက်တာ" ဟုပြန်ဖြေလိုက်သည်။

ကုဝူယွီက "မင်းရှောင်နွဲ့ကို ခိုင်းတာ သူတို့ရဲ့ ဌာနအတွက် မင်းမှာလည်း တာဝန်ရှိတယ်။ အဲ့ဒါကြောင့် မင်း အဲ့ကိစ္စကို ရှင်းပေးလိုက်" ဟုပြောလိုက်သည်။

လုယိမင်က ချက်ချင်း နားလည် သဘောပေါက်သွားပြီး "ကောင်းပါပြီ သူဌေးကု။ ဒါဆို ကျွန်တော် အရင်ထွက်သွားဦးမယ်။ ဖြည်းဖြည်းစားပါ" ဟုပြောလိုက်သည်။

...

ချင်းရှင်းက ရှစ်နာရီခွဲ၌ ဆိုင်ကို ပိတ်လိုက်သည်။

အိမ်ပြန်ရောက်ပြီးနောက် မေ့ကုန်းလန်က ကားထဲတွင် မနက်ဖြန်အတွက် အစားအသောက်များ ပြင်ဆင်နေခဲ့သည်။

ချင်းရှင်းက ဈေးကွက်စီမံရေးဌာနသို့သွားရန် တက္ကစီကို တားလိုက်ပြီး ချင်းရှင်းကုမ္ပဏီကို မှတ်ပုံတင်ရန် စီစဉ်ခဲ့သည်။

ကုမ္ပဏီအမည်မှာ ရှင်းရှင်း ကုမ္ပဏီလီမိတက်ဖြစ်ပြီး

လုပ်ငန်းစဉ်များကို နေ့လည်အထိ ကိုင်တွယ်ခဲ့ရာ ဝန်ထမ်းများက စိစစ်မှုကို သုံးရက်အတွင်း အပြီးသတ်နိုင်သည်ဟု ချင်းရှင်းထံသို့ ပြန်ပြောကြားခဲ့သည်။

နေ့လည်ထမင်းစားပြီးနောက် ချင်းရှင်းက ဟူရှင်းကောနဲ့ မေ့ကုန်းချင်းတို့ သုံးယောက်ကို အိမ်ဝယ်ထားသော ဆင်ခြေဖုံးဆီသို့ ခေါ်သွားလိုက်သည်။

ချင်းရှင်းနှင့် လုယိမင်က ချိန်းထားပြီး ချင်းရှင်း ကားပေါ်မှ ဆင်းလာသောအခါ လုယိမင်က ကားပေါ်မှ အမြန်ဆင်းလာခဲ့သည်။

လုယိမင်က သူမကို လိုက်ပြရန် ဝန်ထမ်းတစ်ဦးကို လွှတ်လိုက်မည်ဟု ချင်းရှင်းက တွေးထားသဖြင့် လုယိမင် ကိုယ်တိုင်လာသောအခါ အနည်းငယ် အံ့သြသွားခဲ့သည်။

ချင်းရှင်းကို တွေ့သောအခါ လုယိမင်က ယဉ်ကျေးစွာဖြင့် "မစ္စချင်း ရောက်လာပြီလား" ဟုနှုတ်ဆက်လိုက်သည်။

ထို့နောက် လုယိမင်က ချင်းရှင်း၏ အနောက်မှ လူ

များကို ကြည့်လိုက်သဖြင့် ချင်းရှင်းက "ဒါက ကျွန်မရဲ့ မိသားစုဝင်တွေပါ" ဟုပြောလိုက်သည်။

ချင်းရှင်းက ဟူရှင်းကောကို "ဒါက မစ္စတာလုပါ" ဟု မိတ်ဆက်ပေးလိုက်သဖြင့် ကုဝူယွီ၏ သတင်းကို မကြာခဏကြည့်လေ့ရှိသော ဟူရှင်းကောက လုယိမင်ကို မြင်သောအခါ ရင်းနှီးနေသကဲ့သို့ ခံစားနေခဲ့ရသည်။

ချင်းရှင်း၏ မိတ်ဆက်စကားကြောင့် ဟူရှင်းကောက ချက်ချင်း "မင်္ဂလာပါ မစ္စတာလု" ဟုရိုသေစွာ နှုတ်ဆက်လိုက်သည်။

လုယိမင်က "အကိုကြီးရယ် ယဉ်ယဥ်ကျေးကျေး မပြောပါနဲ့။ ပုံမှန်အတိုင်း ပြောလို့ရပါတယ်" ဟုပြန်ပြောလိုက်သည်။

အိမ်အပြင်ဘက်တွင် အဖြူရောင် ခြံစည်းရိုးကာရံထားပြီး လုယိမင်က လမ်းလျှောက်လာရင်း ရှင်းပြခဲ့သည်။

"ဒီခြံစည်းရိုးထဲက နေရာလွတ်ကို မစ္စချင်း သုံးလို့ရ

တယ်။"

ချင်းရှင်းက ယင်းကို စာချုပ်တွင် ဖော်ပြထားခြင်းမရှိသဖြင့် သံသယဝင်သွားခဲ့သောကြောင့် လုယိမင်က "ဒါကို သူဌေးကုက ပြောခိုင်းတာပါ" ဟုပြောလိုက်သည်။

လုယိမင်က "စာချုပ်ထဲမှာတော့ သေချာပေါက် မရေးထားဘူးပေါ့" ဟုစိတ်ထဲမှ တိတ်တဆိတ်ပြောခဲ့ပြီး ကုဝူယွီက ချင်းရှင်းအတွက် အထူးပြင်ဆင်ထားသည်ကို သိနေခဲ့သည်။

ခြံစည်းရိုးခတ်ထားသည့် နေရာက နှစ်ဧကခန့်ကျယ်ဝန်းသဖြင့် မေ့ကုန်းလန်က "ရှောင်ရှင်းက ဒီမှာ အသီးအရွက်တွေ စိုက်လို့ရတယ်" ဟုပြောလိုက်သည်။

လုယိမင်က သူတို့ သုံးယောက်ကို လိုက်ပြရန် ခေါ်သွားပြီး "မကြာခင် အဆောက်အဦးက ပြုပြင်တာ ပြီးတော့မှာပါ" ဟုပြောလိုက်သည်။

လူတိုင်း ပထမထပ်သို့ ရောက်သောအခါ ပထမ

ထပ်၏ အပြင်အဆင်က စားသောက်ဆိုင်ငယ်လေးတစ်ခုကဲ့သို့ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

အခန်း၏အရောင်မှာ လိမ္မော်ရောင်ဖြစ်ပြီး ချက်ပြုတ်သည့်နေရာကို ဖောက်သည်၏နေရာနှင့် ခြားထားကာ မှန်အကြည်ဖြင့် ပိုင်းခြားထားသောကြောင့် မီးဖိုချောင်ထဲရှိ အရာအားလုံးကို အပြင်မှ မြင်နိုင်မည် ဖြစ်သည်။

လုယိမင်က "မစ္စချင်းက အနာဂတ်မှာ စားသောက်ဆိုင်အတွက် ပထမထပ်ကို သေချာပေါက် အသုံးပြုမှာဖြစ်လို့ ပထမထပ်တစ်ခုလုံးကို လိမ္မော်ရောင်နဲ့ ဒီဇိုင်းထုတ်ထားပါတယ်။ ဒီအရောင်က လူတွေရဲ့ အစာစားချင်စိတ်ကို လှုံ့ဆော်ပေးနိုင်ပါတယ်" ဟုပြောလိုက်သည်။

ချင်းရှင်းက မူလက အိမ်ဝယ်ပြီး သူမကိုယ်တိုင် ပြုပြင်မွမ်းမံရန် စီစဉ်ခဲ့သော်လည်း ယခု၌မူ ပြုပြင်ရန်ပင် မလိုတော့ပေ။

လုယိမင်က ချင်းရှင်းကို ပထမထပ်ရှိ သီးသန့်အခန်းများထဲသို့ ခေါ်သွားလိုက်သည်။


"သီးသန့်ခန်းထဲက ထမင်းစား ထိုင်ခုံတွေက မနက်ဖြန် သဘက်ခါရောက်လိမ့်မယ်"

သီးသန့်အခန်းတစ်ခုစီတွင် မတူညီသောပုံစံရှိကြပြီး မိဘများနှင့်ကလေးများအတွက် အထူးသီးသန့်အခန်းလည်း ပါရှိသည်။

ရိုးရိုးသားသားပြောရလျှင် ချင်းရှင်းကိုယ်တိုင် ဒီဇိုင်းဆွဲလျှင်ပင် ယခုလောက် အသေးစိတ် တွေးနိုင်မည် မဟုတ်ပေ။

ပထမထပ်ကို ကြည့်ပြီးနောက် လုယိမင်က သူတို့သုံးယောက်ကို ဒုတိယထပ်သို့ ထပ်မံ ခေါ်ဆောင်သွားလိုက်သည်။

"ဒုတိယထပ်က မစ္စချင်းရဲ့ ကိုယ်ပိုင်ဧည့်ခန်းပါ"

ပထမထပ်မှ ဒုတိယထပ်သို့ ဝင်ပေါက်တွင် လက်ဗွေရာကို တပ်ဆင်ထားပြီး "မစ္စချင်းက မနေရသေးတာကြောင့် အခုတော့ ကျွန်တော်တို့ သော့ကိုပဲ ယာယီသုံးထားတယ်။ ဒီကို ပြောင်းလာရင် လက်ဗွေနဲ့ ဖြစ်

သွားလို့ သော့တွေက သုံးလို့ရမှာ မဟုတ်တော့ဘူး" ဟုရှင်းပြလိုက်သည်။

"တကယ် အဆင့်မြင့်တာပဲ"

ဟူရှင်းကောက အံ့ဩစွာဖြင့် ထိုသို့ပြောလိုက်သည်။

ဒုတိယထပ်တွင် ချင်းရှင်းအတွက် ကျယ်ဝန်းသော အိပ်ခန်း လေးခန်းနှင့် စုစုပေါင်းခန်းမ နှစ်ခု ရှိသည်။

အိပ်ခန်းများက ကျယ်ဝန်းပြီး ရေချိုးခန်း၊ အဝတ်အစားလဲခန်းနှင့် အရွယ်အစားကြီးမားသော အခန်းတစ်ခုလည်း ပါရှိသည်။

လသာဆောင်တွင် ရုပ်ရှင်ပရိုဂျက်တာကိုလည်း တပ်ဆင်ထားသောကြောင့် နွေရာသီတွင် အပြင်၌ ရုပ်ရှင် ထွက်ကြည့်နိုင်သည်။

!!.....!!
...…….................................
.........................................

အပိုင်း (၄၉) ပြီးပါပြီ။

အမြောက်စာဇာတ်ကောင်လေးဆီမှ အချက်အပြုတ်နတ်ဘုရားမစီသို့Where stories live. Discover now