Chapter 56

602 70 0
                                    

အပိုင်း(၅၆)

ချင်းရှင်းက မေ့ကုန်းလန်နှင့် နေ့လည်စာ စားနေသည့်အချိန်၌ တစ်စုံတစ်ယောက် ဝင်လာသဖြင့် မီးဖိုခန်းထဲမှ ထွက်လာခဲ့သည်။

ထိုအခါ ဆိုင်ထဲသို့ ဝင်လာသော လူလတ်ပိုင်းအမျိုးသမီးက "ဟယ်လို၊ ဆိုင်ပိုင်ရှင်နဲ့ တွေ့ချင်လို့ပါ" ဟုပြောလိုက်သည်။

ထိုလူလတ်ပိုင်း အမျိုးသမီးက အလွန်နူးညံ့သိမ်မွေ့ပုံရပြီး ချင်းရှင်းက "ဟယ်လို ကျွန်မက ဆိုင်ရှင်ပါ ချင်းရှင်းလို့ ခေါ်ပါတယ်" ဟုမိတ်ဆက်လိုက်သည်။

သက်လတ်ပိုင်း အမျိုးသမီးက ဆိုင်ပိုင်ရှင်ကို ဤမျှငယ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

နေ့လည်စာ စားချိန်က မီးဖိုခန်းထဲ၌ ချက်ပြုတ်နေသော ကလေးမလေးအား စားဖိုမှူး ဖြစ်မည်ဟု ထင်ခဲ့သော်လည်း သူဌေးဖြစ်နေမည်ဟု မထင်ထားခဲ့ပေ။

"မင်္ဂလာပါ သူဌေးချင်း။ ကျွန်မရဲ့ နာမည်က ထန်မန်

ရင်းပါ။ ကျွန်မ ဒီဆိုင်မှာ သန့်ရှင်းရေး နေရာ အလုပ်လျှောက်ချင်လို့ပါ"

ချင်းရှင်းက အလုပ်လာလျှောက်မည့်လူကို မျှော်နေသဖြင့် စိတ်လှုပ်ရှားသွားပြီး "ဒီမှာ အလုပ်မယ်ဆိုရင် မနက် ၇ နာရီမထိုးခင် လာခဲ့ရမယ်။ ည ၈ နာရီအထိ အိမ်ပြန်နိုင်မှာ မဟုတ်ဘူး။ ညနေခင်းဆို လူများတော့ ပင်ပန်းလိမ့်မယ်။ လစဉ် လစာ ယွမ် ၃၀၀၀ပေးမယ်။ အလုပ်ကောင်းကောင်း ကြိုးစားရင် ဘောနပ်စ် ရှိမယ်။ နောက်ပိုင်း ဒီထပ် လစာ တိုးပေးမယ်" ဟုပြောလိုက်သည်။

"ဟုတ်ကဲ့ သိပါပြီ။ ဒါဆို ကျွန်မ အခုပဲ အလုပ်စဝင်မယ်"

ထန်မန်ရင်း၏ စကားကြောင့် ချင်းရှင်းက ပြုံးပြီး "ဒါဆို အရင်စမ်းကြည့်ပါ" ဟုပြောလိုက်သည်။

ထန်မန်ရင်းက "ကောင်းပါပြီ" ဟုပြောကာ ချင်းရှင်းနှင့်အတူ မီးဖိုချောင်ထဲသို့ ဝင်လာခဲ့သည်။

ထန်မန်ရင်းက အသုံးလိုသည့် ပစ္စည်းနှင့် အသုံးမလို

သည့် ပစ္စည်းများကို ချင်းရှင်းအား မေးမြန်းလိုက်သည်။

မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ပြီးသောအခါ ထန်မန်ရင်းက ချင်းရှင်းအား "ဒီကြမ်းတိုက်တံက သိပ်မကောင်းတော့ဘူး။ အသစ်လဲလိုက်ရင် ကောင်းမယ်" ဟုပြောလိုက်သည်။

ထိုအခါ ချင်းရှင်းက "အစ်မထန် လိုအပ်ရင် သွားဝယ်လိုက်ပါ။ ကျွန်မ ယွမ်တစ်ထောင် ပေးလိုက်မယ်" ဟုပြောလိုက်သည်။

ထန်မန်ရင်းက ချင်းရှင်းကို စိတ်ရင်းမှန်လွန်းသည်ဟု ခံစားမိသွားပြီး "ယွမ်တစ်ထောင်တောင် မလိုပါဘူး။ ယွမ်ငါးရာနဲ့ဆို လုံလောက်တယ်" ဟုပြောလိုက်သည်။

ထို့ကြောင့် ချင်းရှင်းက ထန်မန်ရင်းကို ယွမ်ငါးရာ ပေးလိုက်သည်။

ထန်မန်ရင်းက အနည်းငယ် အံ့သြသွားပြီး "ကျွန်မက အခုမှ အလုပ်ဝင်တာကို သူဌေးချင်းက ကျွန်မကို ယုံ

တာလား" ဟုမေးလိုက်သည်။

"အစ်မထန်က လူကောင်းတစ်ယောက်မှန်း ကျွန်မ ယုံကြည်ပါတယ်"

"ကောင်းပါပြီ သန့်ရှင်းရေးလုပ်ပြီးရင် အပြင်သွားပြီး သွားဝယ်လိုက်မယ်"

ထန်မန်ရင်းက ပစ္စည်းသွားဝယ်နေသည့်အချိန်၌ မေ့ကုန်းလန်က "သူပြောတာမှန်တယ် ရှောင်ရှင်း။ နင့်ကိုသူလိမ်သွားမှာကို တကယ် မကြောက်ဘူးလား" ဟုမေးလိုက်သည်။

ချင်းရှင်းက "အစ်မထန်က မနက်စာရော နေ့လည်စာရော ဒီမှာ လာစားသွားတယ်။ အဲ့ဒါကြောင့် သေချာစဉ်းစားပြီးမှ ဒီကို အလုပ်လုပ်ဖို့ လာခဲ့တာ ဖြစ်မယ်" ဟုပြောလိုက်သည်။

"နင်က သူ့ကို ဘယ်လိုလုပ်ပြီး မှတ်မိနေတာလဲ"

မေ့ကုန်းလန်က နေ့လည်စာ စားချိန်၌ ဧည့်သည်များ အလွန် များပြားလှသဖြင့် စားပွဲနံပါတ်သာ မှတ်ထား

ပြီး ဧည့်သည်များ၏ မျက်နှာကို မမှတ်မိချေ။

"သူ့ခင်ပွန်းက မနေ့က ဆိုင်စဖွင့်တဲ့အချိန် လာခဲ့တဲ့ ပထမဆုံးဧည့်သည်ပဲ။ ဒီနေ့ သူ့မိန်းမကိုပါ သူနဲ့အတူ ခေါ်လာခဲ့တယ်။ အဲ့ဒါကြောင့် အစ်မထန်က ဒီအနီးနားမှာပဲ နေတဲ့သူ ဖြစ်နိုင်တယ်။ လိမ်မှာ မဟုတ်ပါဘူး"

နာရီဝက်ကြာပြီးနောက် ထန်မန်ရင်းက ပစ္စည်းထုပ်ကြီး တစ်ထုပ်ဖြင့် ပြန်ရောက်လာပြီး "ကျွန်မကြမ်းတိုက်တံ လေးခု ဝယ်လာခဲ့တယ်။ ခန်းမအတွက် တစ်ခု၊ မီးဖိုချောင်အတွက် တစ်ခု၊ ဟောင်းသွားရင် လဲသုံးဖို့ အပိုနှစ်ခု ဝယ်လာခဲ့တယ်။ အားလုံးပေါင်း (၄၅၆)ယွမ်ကျခဲ့တယ်။ ဒါကပိုတဲ့ပိုက်ဆံ" ဟုပြောလိုက်သည်။

"ကောင်းပါပြီ အစ်မထန်။ ပိုက်ဆံကို သေတ္တာထဲမှာ ထည့်ထားလိုက်ပါ"

ချင်းရှင်းက ကျန်ငွေကို မရေတွက်ဘဲ ညနေစာကို ဆက်လက် ပြင်ဆင်နေခဲ့သည်။

ထန်မန်ရင်းက ပိုက်ဆံများကို ထည့်လိုက်ပြီး ဝယ်ယူလာသော ပစ္စည်းများကို ထုတ်ကာ သန့်ရှင်းရေးလုပ်ရန် အပြင်သို့ ထွက်သွားခဲ့သည်။

ထန်မန်ရင်းက ခန်းမထဲတွင် သန့်ရှင်းရေးလုပ်ပြီးနောက် မီးဖိုချောင်သို့ အကူအညီပေးရန် ရောက်ရှိလာခဲ့ပြန်သည်။

ထန်မန်ရင်းက ယနေ့ အသုံးပြုရန် မလိုအပ်သော ပါဝင်ပစ္စည်းများကို အမျိုးအစားခွဲလိုက်ကာ သိမ်းဆည်းလိုက်သဖြင့် မီးဖိုခန်းတစ်ခုလုံး ပိုမိုသပ်ရပ်ပြီး နေရာပိုကျယ်သွားခဲ့သည်။

မေ့ကုန်းလန်က "အစ်မထန်က အရမ်းအံ့သြဖို့ကောင်းတယ်" ဟုချီးကျူးလိုက်သည်။

ထိုအခါ ချင်းရှင်းက "ဒါက အစ်မကုန်းလန်ပါ" ဟုမိတ်ဆက်ပေးလိုက်သည်။

မေ့ကုန်းလန်က ထန်မန်ရင်းထက် အနည်းငယ် ငယ်သည်။

"တွေ့ရတာ ဝမ်းသာပါတယ် ညီမကုန်းလန်"


...

ညနေ ငါးနာရီ၌ ဧည့်သည်များ ပြန်လည် ရောက်ရှိလာကြသဖြင့် သုံးဦးစလုံး တာဝန်ကိုယ်စီ ထမ်းဆောင်လိုက်ကြသည်။

ထန်မန်ရင်း၏ အကူအညီဖြင့် မေ့ကုန်းလန်က ချင်းရှင်းကို ပို၍ ကူညီပေးလာနိုင်ခဲ့သည်။

ထန်မန်ရင်းကမူ သန့်ရှင်းရေးအလုပ်များ အားလုံးကိုတစ်ယောက်တည်းသာ လုပ်နေခဲ့သည်။

ထန်မန်ရင်းက ပထမနေ့အတွက် အောင်မြင်စွာ အလုပ်ပြီးသွားခဲ့ပြီး သုံးယောက်သား အတိုင်အဖောက်ညီညီ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ညနေ 6:50 ၌ ပါဝင်ပစ္စည်းများ ရောင်းကုန်သွားသဖြင့် ခုနစ်နာရီတွင် ချင်းရှင်းက ဟင်းပွဲ သုံးပွဲကို ချက်လိုက်ပြီး သုံးယောက်သား ထမင်းစားရန် ခန်းမထဲတွင် ထိုင်လိုက်ကြသည်။


7:30 တွင် ဖောက်သည်များအားလုံး ပြန်သွားသဖြင့် ထန်မန်ရင်းက သန့်ရှင်းရေးလုပ်ကာ မေ့ကုန်းလန်က မီးဖိုချောင်တွင် မနက်ဖြန်မနက်အတွက် ပါဝင်ပစ္စည်းများပြင်ဆင်ရန် ချင်းရှင်းကို ကူညီပေးခဲ့သည်။

7:45 တွင် ဟူရှင်းကော ရောက်ရှိလာပြီး ပါဝင်ပစ္စည်းများကို ယူဆောင်လာခဲ့သည်။

မေ့ကုန်းလန်က ပါဝင်ပစ္စည်းများကို မီးဖိုချောင်သို့ ကူ၍ ရွှေ့ပြောင်းပေးခဲ့သည်။

ထန်မန်ရင်းက သီးသန့်အခန်းများ အားလုံးကို သန့်ရှင်းရေးလုပ်ပြီးနောက် ပါဝင်ပစ္စည်းများကို အမျိုးအစားခွဲရန် ကူညီပေးခဲ့သည်။

ရှစ်နာရီတွင် ထန်မန်ရင်းနှင့် မေ့ကုန်းလန်တို့က ပြန်သွားခဲ့ကြသည်။

ချင်းရှင်းက အပေါ်ထပ်သို့ မတက်သေးဘဲ မီးဖိုချောင်ထဲတွင် ပါဝင်ပစ္စည်းများကို ဆက်လက်ပြင်ဆင်နေခဲ့သည်။


မနက်ပိုင်း ဈေးရောင်းသည့် အချိန်၌ မေ့ကုန်းလန် သတိမထားမိသည့်အချိန်တွင် ချင်းရှင်းက ချဉ်စပ် ခေါက်ဆွဲနှင့် Oden များကို စနစ်ထဲမှ ထုတ်ယူကာ ရောင်းချခဲ့သည်။

စနစ်၌ အမျိုးအစား တူညီသော အစားအသောက်ငါးမျိုးကို ရောင်းချနိုင်နေပြီ ဖြစ်သည်။

လက်ရှိတွင် အသင့်စား ကြက်ခြေထောက်နှပ်များက အမှတ်အများဆုံး ရနေသော်လည်း ချင်းရှင်းက ကြက်ခြေထောက်နှပ်များကို မလုပ်ဖြစ်သည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။

ထို့ကြောင့် ချင်းရှင်းက ယနေ့လဲလှယ်ရန်အတွက် ဝက်သားနှပ် ဟင်းပွဲက အကောင်းဆုံး ဖြစ်မည်ဟု စဉ်းစားလိုက်သည်။

ထို့နောက် ချင်းရှင်းက လက်ကို ဆေးကြောပြီး ဝက်သားကို လေးထောင့်အတုံးလေးများ လှီးဖြတ်လိုက်သည်။

အိုးထဲသို့ ရေအေးလောင်းထည့်ပြီး ဆူပွက်အောင်တည်ကာ ဝက်သားကို ထည့်လိုက်သည်။

ပြီးနောက် ချင်းရှင်းက ဝက်သားကို ဆယ်ကာ ရေအေးထဲတွင် စိမ်လိုက်သည်။

ရေစင်အောင် ဆေးပြီးနောက် ချင်းရှင်းက ဝက်သားကို ပေါင်းအိုးထဲသို့ ထပ်ထည့်ကာ ဟင်းချက်ဝိုင်နှင့် ဟင်းခတ်များကို ထည့်ပြီး ရေထည့်ကာ ထပ်တည်လိုက်သည်။

(၁၅)မိနစ် ကြာပြီးနောက် ချင်းရှင်းက အိုးထဲသို့ အရသာနှင့် သကြားခဲများကို ထည့်၍ အဖုံးကိုပိတ်ကာ မီးအပူချိန်ကို လျှော့လိုက်သည်။

ဝက်သားနှပ်ကို အိုးနှစ်လုံးဖြင့် နှပ်ထားပြီး စောင့်နေစဉ်အတွင်း ချင်းရှင်းက ငရုတ်ဆီကို စတင်ပြုလုပ်ခဲ့သည်။

ကုဝူယွီနှင့် ချုပ်ဆိုထားသော သဘောတူညီချက် စာချုပ်က ဈေးကွက်ထဲတွင် အစားအသောက်တီထွင် ရောင်းချရန်ဖြစ်သည်။


ချင်းရှင်းက ဟင်းချက်နည်းများကို ဖော်မြူလာ ထုတ်ပေးရမည် ဖြစ်ပြီး ကုအုပ်စုက ရောင်းချမည် ဖြစ်သည်။

ကုအုပ်စုက လူအင်အားနှင့် ပစ္စည်းအရင်းအမြစ်များစွာကို သုံးစွဲထားသော်လည်း နောက်ဆုံးအမြတ်ငွေကို ချင်းရှင်းအတွက် လေးပုံ ကုအုပ်စုအတွက် ခြောက်ပုံ ဟူ၍ ပိုင်းခြားထားသည်။

ထို့ကြောင့် ချင်းရှင်းက ပထမဆုံး အစားအသောက် ဖော်မြူလာအတွက် ငရုတ်ဆီ ပြုလုပ်ရန် ရည်ရွယ်ထားခဲ့သည်။

စနစ်ထဲတွင် အမှတ် 2000 သို့ ရောက်သွားပြီးနောက် လဲလှယ်ရမည့် အရာများစွာရှိခဲ့သော်လည်း ချင်းရှင်းက ဂရုတစိုက် မလေ့လာခဲ့ရပေ။

ဟင်းချက်နည်း အမျိုးအစားများကို တစ်ပုံချင်းစီကြည့်ရင်း ချင်းရှင်းက ငရုတ်ဆီအတွက် ဟင်းချက်နည်းကို ရှာတွေ့ခဲ့သဖြင့် အမှတ် ၁၀၀ ဖြင့် လဲလှယ်ခဲ့သည်။

စနစ်ထဲမှ ထွက်လိုက်သောအခါ ဟင်းချက်နည်း စာရွက်က ယခင် ဟင်းချက်နည်းစာအုပ်ကဲ့သို့ လေထဲတွင် ပျောက်သွားခဲ့သည်။

ချင်းရှင်း၏ စိတ်ထဲ၌ ငရုတ်ဆီချက်နည်းက ပေါ်လာခဲ့ပြီး ငရုတ်ဆီ ပြုလုပ်ခြင်း၏ အနှစ်သာရမှာ လေးလံသောအရသာ၊ လေးလံသောအရောင်နှင့် အပူချိန် လုံလုံလောက်လောက်ဖြင့် ချက်ထား၍ အရသာရှိပြီး လတ်ဆတ်ရမည် ဖြစ်သည်။

ချင်းရှင်းက ပဲပိစပ်ဖြင့် ငရုတ်ဆီကို ပြုလုပ်ပြီးနောက် ချင်းရှင်းက ဒုတိယတစ်မျိုးကို စတင်ပြုလုပ်ခဲ့သည်၊

အကြောင်းရင်းမှာ များများလုပ်လေ ငရုတ်ဆီချက်နည်းကို ပို၍နားလည်လာလေလေ ဖြစ်သောကြောင့် ဖြစ်သည်။

ဒုတိယ တစ်မျိုးကို ပြုလုပ်ပြီးနောက် ချင်းရှင်းကပထမတစ်မျိုးထက် ပိုကောင်းသည်ဟု ခံစားမိလိုက်ရသည်။

ထို့နောက် ချင်းရှင်းက တတိယနှင့် စတုတ္ထမြောက် နည်းလမ်းကို ဆက်လက် ပြုလုပ်ခဲ့သည်။

ဆယ့်နှစ်နာရီ ထိုးခါနီးတွင် ချင်းရှင်းက ငရုတ်ဆီ ပြုလုပ်မှုကို ရပ်တန့်လိုက်ပြီး ဝက်သားနှပ်အိုးကို ဖွင့်ကြည့်လိုက်သည်။

ဝကမသားနှပ်ကို အပူချိန် နည်းနည်းနှင့် သုံးနာရီကျော်ကြာအောင် နှပ်ပြီးနောက် စွပ်ပြုတ် အရည်များက အသားထဲသို့ စိမ့်ဝင်သွားခဲ့သည်။

ချင်းရှင်းက စနစ်ထဲတွင် လဲလှယ်ရန်အတွက် ဝက်သားနှပ်များကို ပန်းကန်လုံးထဲသို့ ထည့်လိုက်ပြီး လဲလှယ်ခဲ့ရာ ဝက်သားနှပ် တစ်ပန်းကန်လျှင် အမှတ်(၁၀၀) ရရှိခဲ့သည်။

ဝက်သားနှပ် ငါးပွဲကို လဲလှယ်ခဲ့ပြီးနောက် စနစ်အမှတ်က 2676 သို့ တိုးလာသဖြင့် ချင်းရှင်းက ကံကောင်းခြင်း ဆေးလုံးနှင့် သွက်လက်မှုဆေးလုံးကို လဲလှယ်ခဲ့ရာ စနစ်၌ အမှတ် 2276 ကျန်ခဲ့သည်။

!!.....!!

..........................................
.........................................

အပိုင်း (၅၆) ပြီးပါပြီ။

အမြောက်စာဇာတ်ကောင်လေးဆီမှ အချက်အပြုတ်နတ်ဘုရားမစီသို့Where stories live. Discover now