အပိုင်း(၃၉)
မုန့်လုပ်ရာတွင် မေ့ကုန်းလန်က များသောအားဖြင့် ချင်းရှင်းထက် အနည်းငယ် နှေးကွေးသည်။
ချင်းရှင်း ဆယ်ထုပ် လုပ်ပြီးလျှင် သူမ ရှစ်ထုပ် လုပ်ပြီးသည်။
သို့သော် ယနေ့၌ မေ့ကုန်းလန် ငါးထုပ်ပြီးသွားချိန်၌ ချင်းရှင်းက သူမ၏ ရှေ့တွင် ထုပ်ပိုးထားသောမုန့်ထုပ်များက နှစ်ဆယ်ထက် မနည်းဖြစ်နေပြီကို တွေ့လိုက်ရသည်။
ခဏအကြာတွင် ချင်းရှင်းက အကုန်လုံး လုပ်ပြီးသွားခဲ့သည်။
မေ့ကုန်းလန်က ချင်းရှင်း ရက်အနည်းငယ်ကြာ အနားယူလိုက်ခြင်းကြောင့် ချင်ရှင်း၏ အရှိန်က ပိုမြန်လာသည်ဟု အစပိုင်းတွင် ထင်မှတ်မိသည်။
သို့သော် နောက်တစ်နေ့၌ မေ့ကုန်းလန်က ထိုသို့ လုံးဝ မဟုတ်ကြောင်း သိလိုက်ရသည်။
ချင်းရှင်း၏ အရှိန်ကား ပို၍ ပို၍ မြန်ဆန်လာခဲ့သည်။
ချင်းရှင်းက မေ့ကုန်းလန်ကို ပြန်ခိုင်းပြီးနောက် Oden၊ ချဉ်စပ်ခေါက်ဆွဲနှင့် ဆူရှီ အများအပြားကို ပြုလုပ်ခဲ့သည်။
ချင်းရှင်းက ယခုအကြိမ် လဲလှယ်ခြင်းအတွက် အမှတ်များ ပိုရလိမ့်မည်ဟု ခံစားမိနေခဲ့သည်။
ချက်ပြုတ်ပြီးစီးသည်နှင့် ချင်းရှင်းက အစားအသောက်များကို စနစ်ထဲသို့ ထည့်ပြီး တတိယထပ်သို့ ပြန်တက်လာခဲ့သည်။
စနစ်ထဲသို့ဝင်ပြီးနောက် Oden၊ ချဉ်စပ်ခေါက်ဆွဲနှင့် ဆူရှီက ယခင်အမှတ်များထက် ပိုမိုမြင့်မားနေသည်ကို တွေ့ရှိခဲ့သည်။
Oden အတွက် ရမှတ်က 42 မှတ်အထိ တက်သွားပြီး ချဉ်စပ် ခေါက်ဆွဲအတွက် ရမှတ်က 50 အထိ ဖြစ်လာကာ ဆူရှီအတွက် ရမှတ်က 15 ဖြစ်သွားခဲ့သည်။
တစ်နည်းအားဖြင့် ချင်းရှင်း၏ ရမှတ်က ရုတ်တရက် 107 ဖြစ်လာခဲ့ပြီး စုစုပေါင်းရမှတ်က 177 ဖြစ်လာခဲ့သည်။
ချင်းရှင်းက ၂၅ မှတ်တန် ငရုတ်သီးကို ပထမဆုံး လဲလှယ်ခဲ့ပြီး ဒုတိယတစ်ခုအနေဖြင့် ဆီကို လဲလှယ်ခဲ့သည်။
နောက်ဆုံးအကြိမ် လဲလှယ်ခွင့်အတွက် ချင်းရှင်းက ခဏကြာစဉ်းစားပြီး အမှတ် 50 တန် အလယ်အလတ် အရိုးကြံ့ခိုင်ဆေးလုံးကို ရွေးချယ်ခဲ့သည်။
လဲလှယ်မှုပြီးသောအခါ စနစ်အမှတ်က ၁၀၀ ဖြစ်လာသည်။
စနစ်မှ ထွက်လိုက်ပြီးနောက် ချင်ရှင်းက ထိုအလယ်အလတ် အရိုးကြံ့ခိုင်ဆေးလုံးကို သောက်လိုက်သည်။
သောက်လိုက်ပြီးနောက် ခန္ဓာကိုယ်အတွင်း ပူနွေး
သောလျှပ်စီးကြောင်းတစ်ခု ဖြတ်သန်းသွားသည်ဟု ခံစားလိုက်ရသည်။
ချင်းရှင်းက သူမ၏ လက်မောင်းကို ကြည့်ပြီး ထူးထူးခြားခြား မမြင်ရသော်လည်း စနစ်၏ အရည်အချင်းဇယားကို ကြည့်လိုက်သောအခါ သူမ၏ တိုက်ခိုက်ရေးစွမ်းအားက 10 မှ 20 အထိ အဆင့်မြှင့်တင်ထားသည်ကို တွေ့လိုက်ရသည်။
နောက်တစ်နေ့ မနက်စောစော၌ ချင်းရှင်းက အရိုးကြံ့ခိုင်ဆေးကို သောက်ပြီးနောက် သူမ၌ ခွန်အား အများကြီးတိုးလာကြောင်း ခံစားခဲ့ရသည်။
ယခင်က Oden အိုးကို လက်နှစ်ဖက်လုံးဖြင့် မသော်လည်း လေးသည်ဟု ခံစားရပြီး ယနေ့ ချင်းရှင်းက ထိုအိုးကို လက်တစ်ဖက်တည်းဖြင့် အသာလေး မနိုင်ခဲ့သည်။
အရိုးများ၏ ကြံ့ခိုင်မှုနှင့် ပျော့ပျောင်းမှုကြောင့် ချင်းရှင်းက သူမ၏စိတ်ထဲ၌ အလွန်ကြည်လင်နေသည်ဟု ခံစားရမိသောကြောင့် မနေ့ကထက် ပိုမိုမြန်ဆန်စွာ လုပ်ဆောင်နိုင်ခဲ့သည်။
ထို့ကြောင့်ပင် မေ့ကုန်းလန်က ပို၍ စိတ်မသက်မသာခံစားခဲ့ရသည်။
အလုပ်ကပြန်လာပြီးနောက် မေ့ကုန်းလန်က "ရှောင်ရှင်း နင် မီနူးအသစ်တစ်ခုခု ထပ်ထည့်ဖို့ စဉ်းစားပါလား" ဟုပြောလိုက်သည်။
မဟုတ်လျှင် သူမ၌ နေ့တိုင်း လုပ်စရာမရှိဘဲ လစာသုံးထောင်ကို ယူနေရသဖြင့် အနည်းငယ် ရှက်မိနေခဲ့သည်။
ချင်းရှင်းက "ကျွန်မ စဉ်းစားလိုက်ဦးမယ်" ဟုပြန်ဖြေခဲ့သည်။
Thesis Defense ကို မေလ ၂၄ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ကျောင်းမှ အသိပေးစာပေးပို့ထားသည်။
မြို့တော် Tမှ ကျောင်းသို့သွားပါက ချင်းရှင်းကဆိုင်ကို ဆက်လက် လည်ပတ်နိုင်မည် မဟုတ်သောကြောင့် ချင်းရှင်းက သူမ မရှိလျှင်ပင်
ဆက်လက်ရောင်းချနိုင်မည့် မီနူးကို စဉ်းစားနေခဲ့သည်။
ထိုအချိန်၌ လုယိမင်က ရောက်လာခဲ့သည်။
မနေ့က ရှောင်နွဲ့ကို ခိုင်း၍ ချင်းရှင်း၏ ချဉ်စပ်ခေါက်ဆွဲကို ဝယ်ခိုင်းပြီးနောက် လုယိမင်က ချင်းရှင်းရဲ့ လက်ရာက ပို၍ တိုးတက်လာသည်ကို တွေ့လိုက်ရပြီး ကုဝူယွီကလည်း အလားတူ ခံစားခဲ့ရသည်။
ချဉ်စပ် ခေါက်ဆွဲ တစ်ပန်းကန်အတွက် လုယိမင်က အရသာအကြောင်း စဉ်းစားခဲ့သော်လည်း ကုဝူယွီကမူ ပူးပေါင်းဆောင်ရွက်မှုအတွက် တွေးတောခဲ့သည်။
လုယိမင်က ရောက်လာသောအခါ "အလုပ်ရှုပ်နေလား" ဟုချင်းရှင်းကို မေးမြန်းလိုက်သည်။
ချင်းရှင်း၏ စိတ်ထဲ၌ လုယိမင်ကို ဈေးလာဝယ်သည်ဟု ထင်သွားခဲ့သည်။
သို့သော် လုယိမင်က "ကျွန်တော့်ရဲ့ သူဌေးကုက မင်း
နဲ့ အမြဲတမ်း ပူးပေါင်းချင်တယ်လို့ ပြောခိုင်းလိုက်လို့" ဟုပြောလိုက်သဖြင့် ချင်းရှင်းက အနည်းငယ် ထိတ်လန့်သွားသည်။
သူဌေးကုဆိုသူမှာ ကုဝူယွီဖြစ်ကြောင်း ချင်းရှင်းက သေချာသိသည့်အပြင် ဗီလိန်အဖြစ်ပါ သိထားသဖြင့် "မလုပ်ချင်ဘူး" ဟုပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
လုယိမင်က ချင်းရှင်း ထိုကဲ့သို့ ငြင်းဆန်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
ချင်းရှင်း ထိတ်လန့်သွားသည်ကို မြင်လိုက်ရသဖြင့် လုယိမင်က "မဟုတ်ဘူး။ ငါတို့က.." ဟုအစချီ ပြောဆိုနေချိန်၌ ချင်းရှင်းက "ကျွန်မ လုပ်စရာရှိသေးလို့ နှုတ်ဆက်ပါတယ်" ဟုပြောပြီး တတိယထပ်သို့ ပြေးတက်သွားခဲ့သည်။
လုယိမင်က ခေတ္တ စောင့်ဆိုင်းပြီး ချင်းရှင်းက မဆင်းလာတော့သည်မှာ သေချာသွားသဖြင့် ကုဝူယွီထံ ဖုန်းခေါ်လိုက်သည်။
ကုဝူယွီက ဖုန်းကိုကိုင်လိုက်ပြီးနောက် လေးလေးနက်နက် စဉ်းစားလိုက်ကာ "သူဘာလို့ ငါ့ကိုအရမ်းကြောက်နေတာလဲ" ဟုတွေးတောလိုက်သည်။
ချင်းရှင်းအဖို့ ကုဝူယွီနှင့် တွဲလုပ်လျှင် အကျိုးကျေးဇူး အများကြီးရှိနိုင်သော်လည်း ချင်းရှင်းက ပြန်လည်မွေးဖွားပြီးနောက်ပိုင်း အမျိုးသားဇာတ်ဆောင်၊ အမျိုးသမီး ဇာတ်ဆောင်တို့၏ အခန်းကဏ္ဍများတွင် မပါဝင်ချင်ခဲ့ပေ။
ကျောင်းပြန်တက်မည် ဖြစ်သဖြင့် ချင်းရှင်းက သူမ၏ ကျန်းမာရေးအတွက် ဆေးဝါးတစ်ချို့ကို ကြိုတင်မှီဝဲရန် လိုအပ်သည်ဟု ခံစားရသဖြင့် ယနေ့ 107 မှတ်ရရှိပြီးနောက် အလယ်အလတ် ဝိညာဉ်ဆေးလုံးတစ်ခုကို အမှတ် 100 ဖြင့် ဦးစွာ လဲလှယ်လိုက်သည်။
ပြီးနောက် ဆီတစ်ပုလင်းနှသ့် ဟေလိုဂျင်အိတ်ကို အမှတ် 40 ဖြင့်လဲလှယ်ခဲ့သည်။
စနစ်တွင် 62 မှတ်ကျန်နေပြီး စနစ်မှထွက်ပြီးနောက် ချင်းရှင်းက အမှတ် 100တန် အလယ်အလတ်
ဝိညာဉ်ဆေးလုံးကို ဦးစွာသောက်လိုက်သည်။
အမှတ် 100 တန် ဝိညာဥ်ဆေးလုံးက စိတ်ဓာတ်စွမ်းအားကို 25 မှတ်အထိ တိုးစေပြီး အလယ်အလတ် အရိုးကြံ့ခိုင် ဆေးလုံးထက် 15 ပိုများသည်။
ထို့ကြောင့် ချင်းရှင်း၏ လက်ရှိ စိတ်စွမ်းအားတန်ဖိုးက 40 ဖြစ်လာခဲ့သည်။
ထို့နောက် ချင်းရှင်းက သူမ၏ဘေးရှိ ဟေလိုဂျင်ပစ္စည်းအိတ်ကို ကောက်ယူလိုက်သည်။
ဟေလိုဂျင်ပစ္စည်း အိတ်ထဲတွင် ပါဝင်ပစ္စည်းများ အများအပြားပါရှိသည်။
ချင်းရှင်းက ခွဲခြားရန် ကြိုးစားခဲ့သော်လည်း အမျိုးအစား နှစ်ဆယ်လောက်သာ ခွဲခြားနိုင်ခဲ့ပြီး ကျန်သည့်အရာများကို အမှန်တကယ် မခွဲခြားနိုင်ခဲ့ပေ။
နောက်နေ့ မနက်စောစော၌ ချင်းရှင်းက ဟူရှင်းကောထံ ကြက်ခြေထောက်၊ ဘဲခြေထောက်နှင့် ကြက်
တောင်ပံများကို ဝယ်လာပေးရန် အကူအညီ တောင်းခဲ့သည်။
ဆိုင်မှပြန်လာပြီးနောက် မေ့ကုန်းလန်က နောက်နေ့အတွက် ပါဝင်ပစ္စည်းများကို ပြင်ဆင်ပေးပြီး ချင်းရှင်းက အစားအစာများကို စတင်ချက်ပြုတ်သည်။
ချင်းရှင်းက ဟေလိုဂျင်ပစ္စည်းတစ်ထုပ်လုံးကို အိုးထဲသို့ လောင်းထည့်လိုက်ပြီး Oden စွပ်ပြုတ်အရည်ကို စတင် ချက်ပြုတ် လိုက်သည်။
တစ်နာရီကြာပြီးနောက် အိုးထဲမှ မွှေးရနံ့တစ်ခုထွက်လာသဖြင့် ချင်းရှင်းက ပြုတ်ထားသော ကြက်တောင်ပံများကို ပထမဆုံး ဆယ်ယူ၍ ကြက်ခြေထောက်နှင့် နောက်ဆုံး ဘဲခြေထောက်ကို အချိန်ခြားကာ ဆယ်ယူလိုက်သည်။
ထို့နောက် ဒယ်ပြားကြီးတစ်ခုပေါ်တွင် တင်ကာ ဖြန့်ထားလိုက်သည်။
ချက်ပြုတ်ပြီးနောက် ချင်းရှင်းက လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားသော
အစားအစာများကို ပန်းကန်လေးလုံးထဲသို့ ထည့်လိုက်သည်။
ချင်းရှင်းကိုယ်တိုင် မြည်းကြည့်လိုက်သောအခါ ကြက်ခြေထောက်၏ အရသာက ထူးထူးခြားခြား အရသာရှိပြီး တစ်ကိုက်စားပြီးတိုင်း ထပ်စားချင်နေမိသည်။
ကြက်ခြေထောက်စားပြီးနောက် ချင်ရှင်းက ဘဲခြေထောက်ကို စားလိုက်သည်။
ဘဲခြေထောက်က ကြက်ခြေထောက်ထက် ပိုနူးညံ့သည်။
ဗိုက်ဖြည့်ပြီးနောက် ချင်းရှင်းက အပေါ်ထပ်သို့ တက်ကာ စနစ်ထဲသို့ ဝင်လိုက်သည်။
လဲလှယ်နိုင်သော စာရင်းတွင် ချက်ပြုတ်ထားသော ကြက်ခြေထောက်နှင့် ဘဲခြေထောက်က အမှန်ပင် အမှတ် ပိုများသည်ကို တွေ့လိုက်ရသည်။
ချင်းရှင်းက ပစ္စည်းသုံးခုကို လဲလှယ်ပြီးနောက် စုစုပေါင်း စနစ်အမှတ် 152 မှတ် ဖြစ်လာခဲ့ပြီး
ယခင် 62 မှတ်နှင့် ပေါင်းလိုက်သောအခါ ချင်းရှင်း၌ 214 မှတ်ရှိနေခဲ့သည်။
လဲလှယ်လိုက်သော ပစ္စည်းများမှာ အမှတ် ၁၀၀တန် အလယ်အလတ် ဝိညာဉ်ဆေးပြား၊ အမှတ် ၄၀တန် ဟေလိုဂျင်အိတ် နှင့် ၂ မှတ်တန်ဆီ တို့ပါရှိသော ပစ္စည်းများ ဖြစ်သည်။
ဤသို့ဖြင့် ချင်းရှင်း၌ တခဏအတွင်း စနစ်အမှတ် ၇၂ မှတ်သာ ကျန်တော့သည်။
.....
နောက်တစ်နေ့ မနက်၌ မေ့ကုန်းလန်က ကားထဲသို့ ဝင်လိုက်သည်နှင့် ဟူရှင်းကော ဝယ်ပေးထားသော ပစ္စည်းများကို ချင်းရှင်း အကုန်သုံးနေသည်ကို တွေ့လိုက်ရသဖြင့် “နင် ဒီလောက်အများကြီး ရောင်းရပါ့မလား” ဟုမေးလိုက်သည်။
"ရပါတယ်။ ပြုတ်ထားတဲ့ အစားအစာတွေကို ရက်နည်းနည်း ကြာအောင် သိမ်းထားလို့ အဆင်ပြေပါတယ်"
ချင်းရှင်း၌ ကိုယ်ပိုင် အကြံဥာဏ် ရှိတတ်သဖြင့် မေ့ကုန်းလန်က ဆက်မမေးတော့ချေ။
ရှောင်နွဲ့က ချင်းရှင်း၏ ဆိုင်မှ ချဉ်စပ် ခေါက်ဆွဲကို ဝယ်၍ ပြန်လာသောအခါ ကြက်ခြေထောက်၊ ကြက်တောင်ပံနှင့် ဘဲခြေထောက်များကိုပါ ဝယ်လာခဲ့သည်။
လုယိမင်က ရှောင်နွဲ့ကို မနက်စာဝယ်ရန် အသင့်တော်ဆုံးလူဟု တွေးပြီး ရှောင်နွဲ့ကိုသာ တန်းစီ၍ သွားဝယ်ခိုင်းခဲ့သည်။
ကုဝူယွီက နေ့တိုင်း နံနက်စာစားနိုင်နေသဖြင့် သွေးတွင်း သကြားဓာတ် နည်းခြင်းမှာလည်း သက်သာသွားခဲ့သည်။
လုယိမင်က ကြက်ခြေထောက်များကို အံ့ဩတကြီး ကြည့်နေသဖြင့် ရှောင်နွဲ့က လုယိမင်အား ယနေ့ ရှင်းရှင်း ဆိုင်၌ ရရှိနိုင်သော မီနူးအသစ်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။
"ကြက်တောင်ပံ တစ်ခုကို နှစ်ယွမ်၊ ကြက်ခြေထောက်တစ်ချောင်းကို သုံးယွမ်နဲ့ ဘဲခြေထောက်စွပ်ပြုတ်တစ်ပွဲကို လေးယွမ် ပေးရတယ်"
လုယိမင်က ကုဝူယွီကို ထိုစကားများ မပြောခဲ့ဘဲ ကုဝူယွီထံ အစားအသောက်များ သွားပို့လိုက်သည်။
ကုဝူယွီက ကြက်ခြေထောက်ကို အနံ့ခံပြီး ရနံ့မွှေးနေသဖြင့် ကြက်ခြေထောက်ကို ယူကိုက်လိုက်သည်။
ကုဝူယွီက ပုံမှန်ဆိုလျှင် ကြက်ခြေထောက် စားခြင်းကဲ့သို့သော အရာများကို မလုပ်တတ်ပေ။
အကြောင်းမှာ ကြက်ခြေထောက်၌ အသားများများမရှိသောကြောင့် အချိန်ပိုကုန်သည့်အပြင် အရသာကိုပါ မကြိုက်သောကြောင့် ဖြစ်သည်။
!!.....!!
...…….................................
.........................................
အပိုင်း (၃၉) ပြီးပါပြီ။