Chapter 23

1.1K 119 0
                                    

Chapter 23
November 02, 2023
အပိုင်း(၂၃)

ချင်းရှင်းက ရှင်းပြရန် ပြင်လိုက်သော်လည်း ရှင်းရှင်း မုန်းတီးသူက နောက်ထပ် ပိုစ် တစ်ခု တင်လိုက်သည်ကို မြင်လိုက်ရသည်။

【 ရှင်းရှင်း မုန်းတီးသူ: ချင်းရှင်းရဲ့ ဖန်တွေက သူမနဲ့ ဟုန်ရှီရဲ့ဆက်ဆံရေးကို မယုံမကြည်ဖြစ်နေကြသေးတယ်... ဒီတော့ ငါလည်း ပုံတစ်ချို့တင်ပေးလိုက်တယ်... ထပ်ပေါင်းအနေနဲ့ပြောပြရမယ်ဆိုရင် သူတို့နှစ်ယောက်တွဲနေတုန်းက ချင်းရှင်းက ရှီဟုန်ရဲ့ ပိုက်ဆံတွေကိုသုံးပြီး အဖိုးတန်ပစ္စည်းတွေအများကြီးဝယ်စုခဲ့တာ... ဒါတွေအတွက် ဟုန်ရှီပြန်ရတဲ့လက်ဆောင်ကကန်ထုတ်တာခံလိုက်ရတာတဲ့လေ... မင်းတို့ဘာသာပဲစဉ်းစားကြည့်ကြပါတော့...[ပုံများ] 】

ရှင်းရှင်း မုန်းတီးသူက ပုံကိုးပုံတင်ထားခဲ့သည်။ ချင်းရှင်းကယခုခေတ်က ဝေ့ပေါ်သာ ဆယ့်ငါးပုံအထိ တွင်ခွင့်ပြုရင် ထိုဘလော်ဂါက ဆယ့်ငါးပုံတင်မည်ဟု ထင်နေမိသည်။

ပထမဆုံးပုံက ချင်းရှင်းနှင့် ရှီဟုန်တို့ပါဝင်သည့် အဖွဲ့လိုက်ပုံဖြစ်သည်။ ဤပုံကိုတင်ရန် မသင့်တော့ပေ။ အမှန်အတိုင်းပြောရလျှင် လူငယ်ချင်းတစ်အုပ် အတူတူစုပြီး ထွက်လည်သည့်ပုံကို ဤအတင်းအဖျင်းတွင် ထည့်ထားသည်မှာစိတ်ဓာတ်မကောင်းလွန်း၍ပင်။ သို့သော် ရှင်းချင်းက ဓာတ်ပုံရိုက်ရသည်ကိုမကြိုက်၍ သူမနှင့် ရှီဟုန်က အတူဓာတ်ပုံမရိုက် ဖြစ်ပေ။

အစပိုင်းတွင် ဟုန်ရှီက ဓာတ်ပုံရိုက်ချင်သော်လည်း ချင်းရှင်းက မရိုက်ချင်၍ သူ၏ မိုးမန့်တွင် မည်သည့် ဓာတ်ပုံမှ မတင်ခဲ့ရပေ။ ထို့ကြောင့် ကောင်မလေးများက သူ့ကို လူလွတ်ဟု ထင်နေကြခြင်းဖြစ်သည်။

ဒုတိယပုံတွင် ရှီဟုန်ပေးခဲ့သော ပိုက်ဆံများကို စာရင်းနှင့် ရေးပြထားသည်။ ထိုပုံများဖြင့် ချင်းရှင်းအကြောင်းသက်သေပြ၍ မလုံလောက်သဖြင့် ဘလော်ဂါက ဝေ့ပေါ်ပို့စ်အသစ်တင်လိုက်ပြန်သည်။

အမြောက်စာဇာတ်ကောင်လေးဆီမှ အချက်အပြုတ်နတ်ဘုရားမစီသို့Where stories live. Discover now