Chapter 85

433 50 2
                                    

အပိုင်း(၈၅)

အမှန်စင်စစ် ထိုအလေးချိန်မှာ ချင်းရှင်း၏ ခန့်မှန်းချက်မျှသာ ဖြစ်သည်။ 

အိုးအများစုမှာ ထိုအလေးချိန်ထက် ပိုလေးလှသည်။

မှတ်ချက်များ အလွန်လျင်မြန်စွာ တက်လာသဖြင့် ချင်းရှင်းက "လူတိုင်း မေးခွန်းတစ်ခုကို တစ်ကြိမ်သာ မေးပေးကြပါ။ ထပ်ခါတလဲလဲ မမေးကြပါနဲ့။ မဟုတ်ရင် ကျွန်မမြန်မြန် မဖတ်နိုင်လို့ပါ" ဟုပရိသတ်များထံ တောင်းဆိုလိုက်သည်။

"ဟားဟား၊ ရှင်းရှင်းက ပထမဆုံးအကြိမ် လိုက်ဖ်လွှင့်တာလား။ သိပ်မသိသေးသလိုပဲ"

ချင်းရှင်းက "ဟုတ်တယ်၊ ပထမဆုံး လိုက်ဖ်လွှင့်တာ တော်တော် ပျော်ဖို့ကောင်းတယ်" ဟုပြန်လည် ပြောကြားခဲ့သည်။
"ရှင်းရှင်း အဲ့အိုးတွေ အကုန်လုံးကို စားသောက်ဆိုင်အတွက် သုံးနေတာလား"


"ဟုတ်ပါတယ်။ ဒါပေမယ့် ငရုတ်ဆီအချို့ကို ကုန်းရှင်းစူပါမားကတ်မှာ ရောင်းချပေးပါတယ်"

"အဲ့ဒီ ကုန်းရှင်းစူပါမားကတ်ကို ရှင်းရှင်းက ဖွင့်ထားတာလား"

"ကျွန်မရဲ့ အသိ အစ်ကိုနဲ့ အစ်မ ဖွင့်ထားတာပါ။ ကျွန်မ T မြို့ကို စရောက်တုန်းက သူတို့ နှစ်ယောက်က ကျွန်မကို ခေါ်ထားပြီး အကူအညီတွေ အများကြီး ပေးခဲ့ကြတယ်"

"ရှင်းရှင်းရဲ့ လက်ရာက ဘာလို့ အရမ်းအရသာရှိ နေတာလဲ"

"ကျွန်မက ဟင်းချက်ရတာကို ကြိုက်လို့ပါ။ ရှင်တို့လည်း ရှင်တို့ ကြိုက်တာလုပ်နေရင် ကျွန်မနဲ့ တူတူ ဖြစ်မှာပဲ"
"ဟင်းချက်နေတာကို လိုက်ဖ်မလွှင့်ချင်ဘူးလား ရှင်းရှင်း"

"ဟင်းချက်နေတဲ့ လိုက်ဖ်ကို ကြည့်ချင်ကြတာလား။ ဒါဆို နောက်တစ်ခါ အချိန်ရရင် ဟင်းချက်နေတာကို လိုက်ဖ်လွှင့်ပေးမယ်" 
...

ချင်းရှင်းက လူတိုင်းနှင့် အချိန်အတော်ကြာ စကားစမြည်ပြောပြီးနောက် ညနေ ငါးနာရီ ထိုးခါနီးတွင် "နောက်ကျနေပြီ။ ကျွန်မ ညစာအတွက် ပြင်ရဦးမယ်။ နောက်တစ်ခေါက်မှ ထပ်တွေ့ကြမယ်" ဟုပြောကာ လိုက်ဖ်ကို ရပ်စဲလိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်ပြီးနောက် ချင်းရှင်းက Weibo ပေါ်၌ မဲဖောက်ပေးမည့် အစီအစဉ်ကို ပို့စ်တင်ခဲ့သည်။

ရှင်းရှင်း၏ လိုက်ဖ်ကို မျှဝေသူတိုင်း မဲဖောက်မည့် အစီအစဉ်တွင် ပါဝင်နိုင်သည်။
မဲဖောက်မည့် အချိန်ကို မနက်ဖြန် မနက် ၁၀ နာရီဟု သတ်မှတ်ပြီးနောက် ချင်းရှင်းက ခြံကို သန့်ရှင်းရေးပြန်လုပ်၍ မီးဖိုချောင်သို့ ပြန်သွားခဲ့သည်။


ချင်းရှင်းက Weibo မှပြန်ထွက်လာသော်လည်း သူမ၏ ပရိသတ်များက ငြိမ်သက်သွားခြင်း မရှိ‌ချေ။

ခဏအကြာတွင် #ရှင်းရှင်းရဲ့ အရင်က မှတ်တမ်းများ##  ##ရှင်းရှင်းရဲ့ သန်မာမှု# ဟူသော စကားလုံးများက Weibo ပေါ်၌ ရှာဖွေမှု အများဆုံးစာရင်း ဝင်လာခဲ့သည်။


ပရိသတ်များ၏ ဆွေးနွေးမှုများအပြင် ချင်းရှင်းနှင့် ပတ်သက်သည့် နောက်ထပ် အကြောင်းအရာတစ်ခု ဖြစ်သည့် #ရှင်းရှင်းရဲ့ live က ကြည့်ရှုသူ သန်း၅၀၀ကျော် သွားတယ်# ဟူသည့် ခေါင်းစဉ်မှာလည်း ရှာဖွေမှု ထိပ်ဆုံးသို့ တက်လာခဲ့သည်။

အင်တာနက် သုံးစွဲသူအများစုက အဆိုပါအကြောင်းအရာများကို ကလစ်နှိပ်၍ ရှင်းရှင်း၏ လိုက်ဖ်ကို ကြည့်ရှုခဲ့ကြရာ ရှင်းရှင်းက သူမ၏ ပရိသတ်များအတွက် လျှို့ဝှက်ချက်များကို ထုတ်ဖော်ရန် ဖြစ်ကြောင်းကို တွေ့ရှိခဲ့ကြသည်။


ထိုအင်တာနက်သုံးစွဲသူများက ရှင်းရှင်း၏ လိုက်ဖ်ထဲတွင် လေးလံသည့် အိုးများကို သူမ တစ်ယောက်တည်း ရွှေ့နေပုံကိုကြည့်ပြီး အံအားသင့်နေကြသည်။

ထို့ကြောင့် လူတိုင်းက လိုက်ဖ်ကို ကြည့်ရှုပြီး ချင်းရှင်း၏ Weibo အကောင့်သို့သွားကာ ချင်းရှင်း တင်ထားသော ပို့စ်ကိုမြင်ပြီး ကံစမ်းမဲပွဲတွင် ပါဝင်ဆင်နွှဲခဲ့ကြသည်။

နောက်တစ်နေ့ မနက်စာစားပြီးနောက် ချင်းရှင်းက Weibo ကို ဖွင့်လိုက်ရာ မနေ့က သူမတင်ထားသောလိုက်ဖ်ကို ပြန်လည်မျှဝေသူ ၁ သန်းကျော် ရှိနေကြောင်း တွေ့လိုက်ရသည်။ 

ထို့နောက် ချင်းရှင်းက သူမကို follow လုပ်ထားသူ အရေအတွက်ကို ကြည့်ရှုလိုက်ရာ ၃၂ သန်းအထိ ရှိလာခဲ့ကြောင်းကို တွေ့လိုက်ရသည်။

ချင်းရှင်းက Weibo မှ အလိုအလျောက် မဲနှိုက်ပေးသည့် setting ကို နှိပ်လိုက်သည်နှင့် ဆုစာရင်းက 

မြန်ဆန်စွာ ကျလာခဲ့သည်။ 
ချင်းရှင်းက ကံထူးရှင်များအား ၎င်းတို့၏ လိပ်စာများကို ပို့ပေးရန် တောင်းဆိုခဲ့သည်။

မူလတွင် လူတိုင်းက ဆုတစ်ရာကို များသည်ဟု ထင်ခဲ့ကြသော်လည်း မျှဝေသူ အရေအတွက်က တစ်သန်းကျော် သွားလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။ 

အကြောင်းမှာ နာမည်ကြီး ကြယ်ပွင့်များသာ ထိုကဲ့သို့သော မျှဝေသည့် ပမာဏကို ရနိုင်သောကြောင့် ဖြစ်သည်။

ထန်ရှီးလန်က ဆုရရှိသူများ၏ လိပ်စာများကို ရယူပြီးနောက် ဆုများကို အသေအချာထုပ်ပိုးပြီး Delivery ကုမ္ပဏီကို ဆက်သွယ် ပေးပို့ခိုင်းလိုက်သည်။

ချင်းရှင်းက ထန်ရှီးလန်၏ အလုပ်တာဝန်က ပိုများလာသည်ကို သိသဖြင့် "နင့်ကို ကူညီဖို့ တစ်ယောက်လောက် ထပ်ခေါ်မလား" ဟုမေးလိုက်သည်။

ငွေရေးကြေးရေးကဏ္ဍအတွက် ထန်ရှီးလန်က လက်ရှိအချိန်အထိ တစ်ယောက်တည်း ကိုင်တွယ်ဖြေရှင်းနိုင်သော်လည်း အခြားကိစ္စများပါ ကိုင်တွယ်လာရသောအခါ တာဝန်များလာသဖြင့် "တစ်ယောက်လောက် ခေါ်ချင်တယ်" ဟုပြန်ပြောလိုက်သည်။

ချင်းရှင်းက "ကောင်းပြီ။ ငါ စားသောက်ဆိုင်မှာ ကြေငြာထားလိုက်မယ်" ဟုပြောလိုက်သည်။

"အင်း ဒါဆို ငါအရင်ပြန်လိုက်မယ်" ဟုထန်ရှီးလန်က ပြောကာ ပြန်ရန်ကပြင်လိုက်သည်။



...

တစ်နာရီကြာပြီးနောက် ထန်ရှီးလန်က ချင်းရှင်းထံသို့ အလုပ်ခေါ်စာ ကြေငြာချက်ကို ပေးပို့ခဲ့ပြီး ချင်းရှင်းက LED ဖန်သားပြင်ပေါ်၌ ကြေညာထားခဲ့သည်။


သို့သော် ယခုအခေါက်၌ အရင်တစ်ခေါက်ကဲ့သို့ ကံမကောင်းတော့ပေ။ 

ကြောညာချက် ထုတ်ပြန်ပြီး နှစ်ရက်ကြာသည်အထိ မည်သူမျှ လာရောက် လျှောက်ထားခြင်း မရှိပေ။ 

"A မြို့မှာ နှင်းတွေကျနေတယ်" ဟုထန်မန်ရင်းက ပြောလိုက်သည်။

"တကယ်လား" 

အောက်တိုဘာလသာ ရှိသေးပြီး T မြို့ကား အလွန်နွေးထွေးသော နေရာတစ်ခု ဖြစ်သည်။ 

ထို့ကြောင့် ရာသီဥတု အေးလာသည့် အချိန်၌ပင် နှင်းမကျပေ။

ထန်မန်ရင်းက သူမ၏ ဖုန်းထဲမှ ဓာတ်ပုံကို ထုတ်ပြပြီး "ငါ့သမီးက A မြို့မှာရောက်နေတာ။ ဒါက သူဒီမနက် ဓာတ်ပုံရိုက်ပြီး ပို့ပေးခဲ့တာ" ဟုပြောလိုက်သည်။

ထန်မန်ရင်းက ယခုအချိန်အထိ T မြို့ တွင်သာ နေထိုင်ခဲ့သဖြင့် နှင်းများကို မမြင်ဖူးပေ။ 

ဆောင်းရာသီတွင် D မြို့၌လည်း နှင်းများ ကျနေကျဖြစ်သည်။ 

ချင်းရှင်းက ငယ်ရွယ်စဉ်က နှင်းများကို အလွန်နှစ်သက်ခဲ့သော်လည်း အသက်ကြီးလာသောအခါ နှင်းကို မကြိုက်တော့ပေ။ 

ယခု ချင်းရှင်းက နေသာသော နွေရာသီကို ပိုနှစ်သက်သည်။

နှစ်ယောက်သား ခဏကြာ စကားစမြည်ပြောကြပြီးနောက် ထန်မန်ရင်းက "မစ္စတာကု ရောက်လာတယ်" ဟုထပြောလိုက်သည်။

ကုဝူယွီက လက်ထဲတွင် စာရွက်စာတန်းများကို ကိုင်ထားသဖြင့် ချင်းရှင်းက ကိစ္စတစ်ခုရှိမည်ဟု ခံစားမိပြီး မီးဖိုချောင်မှ ထွက်လာကာ ကုဝူယွီကို သီးသန့်အခန်းသို့ ဖိတ်ခေါ်လိုက်သည်။



ကုဝူယွီက လက်ထဲမှဖိုင်ကို ချင်းရှင်းထံသို့ ကမ်းပေးလာသဖြင့် ချင်းရှင်းက ကြည့်လိုက်ရာ ဟော့ပေါ့ဆိုင်အတွက် အစီအစဉ် ဖြစ်ကြောင်းကို တွေ့လိုက်ရသည်။ 

လွန်ခဲ့သည့် ရက်အနည်းငယ်က ဟော့ပေါ့ဆိုင် ဖွင့်ချင်သည့် စိတ်ကူးရှိကြောင်းကို ချင်းရှင်းက ကုဝူယွီကို ပြောပြခဲ့သည်။

ထိုအချိန်တွင် ကုဝူယွီက မေးခွန်းအနည်းငယ် မေးခဲ့သော်လည်း ယခုကဲ့သို့ အစီအစဉ်အားလုံးကို အကောင်အထည် ဖော်လာလိမ့်မည်ဟု  ချင်းရှင်းက မမျှော်လင့်ထားခဲ့ပေ။

ဟော့ပေါ့ဆိုင်၏ နာမည်မှာ ရှင်းရှင်း ဟော့ပေါ့ ဖြစ်သည်။ 
ကုဝူယွီက "ရှင်းရှင်းဆိုတဲ့ နာမည်က အစားအသောက်ပိုင်းမှာ အရမ်းနာမည်ကြီးနေတာ

ကြောင့် ဒီနာမည်ကိုပဲ ဆက်သုံးတာ ကောင်းတယ်" ဟုရှင်းပြခဲ့သည်။

ချင်းရှင်းက အစီအစဉ်ကို ကြည့်လိုက်ရာ ဟော့ပေါ့ဆိုင်အတွက် ယာထားသော နေရာနှစ်ခု ရှိကြောင်းကို တွေ့လိုက်ရသည်။ 

တစ်ခုမှာ ကုစီးပွားရေး အဆောက်အအုံ၏ ခုနစ်လွှာတွင်ဖြစ်ပြီး ကျန်တစ်ခုမှာ ချင်းရှန်အိမ်ယာ အပြင်ဘက်ရှိ အဆောက်အအုံတွင် ဖြစ်သည်။

ထိုနေရာ နှစ်ခုစလုံးမှာ အလွန်ကောင်းမွန်သည်ဟု ချင်းရှင်းက ခံစားမိခဲ့သည်။ 

ကုဝူယွီက "စီးပွားရေး အဆောက်အအုံမှာ ဆိုင်အရင်ဖွင့်လိုက်ပါ။ တုံ့ပြန်မှုကောင်းရင် ချင်းရှန်မှာနောက်တစ်ဆိုင် ထပ်ဖွင့်ပေါ့" ဟုအကြံပေးလိုက်သည်။
"အင်း ကောင်းပါပြီ"

ကုဝူယွီက ဆိုင်အတွင်း အလှဆင်မှုပုံစံ အချို့ကို ပြသခဲ့ရာ ချင်းရှင်းက တရုတ်စတိုင် အပြင်အဆင်

ကို သဘောကျပြီး "ဒီပုံစံက အရမ်းကောင်းတယ်" ဟုပြောလိုက်သည်။

ကုဝူယွီက ခေါင်းညိတ်ပြီး "ပထမပုံစံက အကောင်းဆုံးပဲ" ဟုပြောလိုက်သည်။

...

ကုအုပ်စုဘက်မှ ဟော့ပေါ့ဆိုင်အတွက် ပြင်ဆင်နေချိန်တွင် ချင်းရှင်းက ဟော့ပေါ့အတွက် အခြေခံပါဝင်ပစ္စည်းများကို စတင်ရှာဖွေခဲ့သည်။ 

ငရုတ်ဆီကား အရသာရှိလှသော်လည်း ဟော့ပေါ့ချက်ပြုတ်သည့်အခါတွင် အရသာ လိုအပ်နေသေးသောကြောင့် ချင်းရှင်းက ဟော့ပေါ့အတွက် အခြေခံပါဝင်ပစ္စည်းအသစ်ကို သုတေသနပြုလိုခဲ့သည်။

ဟော့ပေါ့မှာ အရသာ ပြင်းရန် မလိုအပ်သော်လည်း မွှေးလျှင် ပိုအရသာကောင်းသည်။

နှမ်းသည် အမွှေးဆုံး ဖြစ်သဖြင့် ချင်းရှင်းက နှမ်းစေ့များကို ကြိတ်ပြီး လိမ္မော်ခွံနှင့် တရုတ်ငရုတ်ကောင်း

တို့ကို ငရုတ်ဆီဖြင့် ဆီသတ်လိုက်ကာ ရေလောင်းထည့်လိုက်သည်။

ယနေ့ နေ့လည်စာမှာ ဟော့ပေါ့ဖြစ်ပြီ ချင်းရှင်းက တစ်ဦးလျှင် ၁၈၈ ယွမ်ဖြင့် စုစုပေါင်း ၃ ယောက်စာကို ရောင်းလိုက်ရာ ချက်ချင်း ရောင်းထွက်သွားခဲ့သည်။
ထို့နောက် ချင်းရှင်းက ခရမ်းချဉ်သီးများကို ပွက်ပွက်ဆူနေသောရေဖြင့် ပြုတ်ပြီး အခွံခွာလိုက်သည်။

ပြီးနောက် ချင်းရှင်းက ခရမ်းချဉ်သီးများကို အိုးထဲသို့ ထည့်မွှေပြီး ပဲငံပြာရည်အကြည်ဖြင့် သမအောင်မွှေကာ ရေထည့်လိုက်သည်။

ခရမ်းချဉ်သီး ဟော့ပေါ့အရည်က အရသာကောင်းလှသည်။

အချိန်စောနေသေးသဖြင့် ချင်းရှင်းက နေ့လည်စာအတွက် နောက်ထပ် ခရမ်းချဉ်သီး ဟော့ပေါ့ ဟင်း
ရည် ၃ ပွဲကို စင်ပေါ်သို့ တင်ထားလိုက်သည်။


!!.....!!
...…….................................
......................................... 

အပိုင်း (၈၅) ပြီးပါပြီ။

အမြောက်စာဇာတ်ကောင်လေးဆီမှ အချက်အပြုတ်နတ်ဘုရားမစီသို့Where stories live. Discover now