Chapter 27

1.1K 119 0
                                    

Chapter 27
အပိုင်း(၂၇)November 08, 2023

မေ့ကုန်းလန် ထွက်သွားပြီးနောက် ချင်းရှင်းက ချဉ်စပ် ခေါက်ဆွဲပြုတ်ကို ချက်ပြုတ်လိုက်ပြီး ဂျုံမှုန့်အနည်းငယ်ကို ထုတ်ကာ မုန်လာဥနီနှင့် အာလူးကော်ပြန့်မုန့်ကို ထပ်လုပ်လိုက်သည်။

စနစ်အမှတ် များလေလေ လုပ်ဆောင်ချက်များ ပိုထွက်လာလေလေ ဖြစ်သဖြင့် ချင်းရှင်းက စနစ်မှ လဲလှယ်ထားသော ဂျုံမှုန့်များဖြင့် စနစ်၏ နောက်လုပ်ဆောင်ချက်ကို မြန်မြန်ဆန်ဆန် ရရှိရန်အတွက် အမှတ်များကို စုဆောင်းနေခဲ့သည်။

စနစ်ထဲသို့ ဝင်ရောက်ပြီးနောက် ချင်းရှင်းက မနေ့က ပေါ်လာသည့် အသစ်ထပ်တိုးလာသော ပစ္စည်းများကို အရင်ဦးဆုံး ကြည့်လိုက်သည်။

ငရုတ်သီးတစ်တောင့်ကို အမှတ်(၂၅)မှတ်ဖြင့် လဲလှယ်ရမည် ဖြစ်သည်။

"လောလောဆယ်တော့ ဒီငရုတ်သီးကို မရွေးသေးဘူး"

လဲလှယ်မည့်ပစ္စည်းများကို ဆုံးဖြတ်ပြီးနောက် ချင်းရှင်းက “ရှောင်းရှောင်း နောက်လုပ်ဆောင်ချက်က ဘာလဲ” ဟုစက်ရုပ်ကို မေးလိုက်သည်။

စက်ရုပ် ရှောင်းရှောင်းက "လုပ်ဆောင်ချက်အသက်မဝင်ခင်မှာ ဖောက်သည်ကို ပြောပြလို့မရပါဘူး" ဟုပြန်ပြောလိုက်သည်။

ထိုအခါ ချင်းရှင်းက "ဒီကုန်သွယ်ရေးစနစ်က ပျောက်ကွယ်သွားနိုင်လား" ဟူသော မေးခွန်းကို ပြောင်းမေးလိုက်သည်။

လဲလှယ်နိုင်သည့် ပစ္စည်းမရှိပါက သုံးရက်ကြာသည်အထိ စနစ်ပေါ်လာမည် မဟုတ်ပေ။

သုံးကြိမ်ဆက်တိုက် လဲလှယ်နိုင်သော ပစ္စည်းများမရှိပါက ဖောက်သည်အား စနစ်မှ ပိတ်ဆို့မည်ဖြစ်ပြီး မည်သည့်အခါမှ အရောင်းအ၀ယ် ပြုလုပ်မည် မဟုတ်ကြောင်း ရှောင်းရှောင်းမှ ပြန်လည်ဖြေကြားခဲ့သည်။

ချင်းရှင်းက စနစ်နှင့်ပတ်သက်သည့် မေးခွန်းများကို ထပ်မံမေးမြန်းချင်သော်လည်း စနစ်ထဲသို့ ဝင်ရောက်သည့်အချိန်ကား အကန့်အသတ်ရှိသည်။

အမြောက်စာဇာတ်ကောင်လေးဆီမှ အချက်အပြုတ်နတ်ဘုရားမစီသို့Where stories live. Discover now