Chapter 32
Myat ThiriNovember 21, 2023
အပိုင်း(၃၂)"အဲ့ဒါ ဘာဖြစ်လို့လဲ၊ လူပဲ အရသာကို အမျိုးမျိုးပြောင်းစားချင် စားမှာပေါ့" ဟုမေ့ကုန်းချင်းက ဟူရှင်းကောကို ပြန်ပြောလိုက်သည်။
ဤသည်တွင် စကားမဆုံးသေးဘဲ နှစ်ယောက်သား မေ့ကုန်းလန်၏ စကားကို ထပ်မံ နားထောင်လိုက်ကြသည်။
"ရှောင်ရှင်းကို ငါကူညီပြီးကတည်းက သူက ရှောင်ရှင်းရဲ့ ဆိုင်ကို စားစရာဝယ်ဖို့ လာတာ သုံးခါလောက် ရှိပြီ"
"သုံးခါရှိပြီ ဟုတ်လား"
မေ့ကုန်းလန်၏ စကားကြောင့် ဟူရှင်းကောက မြေကြီးပေါ်သို့ လဲကျလုနီးပါး လန့်သွားခဲ့သည်။
"ငါနားကြားမှားတာ များလား။ ဒါမှမဟုတ် အစ်မကုန်းလန် အမှတ်မှားနေတာလား"
ထိုအခါ မေ့ကုန်းချင်းက "အစ်မပြောတာ မှန်ရော မှန်ရဲ့လား" ဟုထပ်မေးလိုက်သည်။
မေ့ကုန်းလန် က "လုံးဝအမှန်ပဲ။ သူများတွေကို အကြည့်မှားတယ်ဆိုရင် ဖြစ်နိုင်တယ်။ ဒါပေမယ့် အဲ့ဒီ ကုဝူယွီက အရမ်းကြည့်ကောင်းလို့ လူမှားစရာ အကြောင်းမရှိဘူး" ဟုအာမခံ ပြောဆိုလိုက်သည်။
မေ့ကုန်းချင်းနဲ့ ဟူရှင်းကောတို့က ထိုစကားကို ကြားလိုက်ရသောအခါ "ကုဝူယွီက တကယ့်ကို ချောမောပြီး ကြည့်ကောင်းတဲ့ လူဆိုတော့ လူမှားစရာ အကြောင်း လုံးဝမရှိဘူး" ဟုတွေးပြီး လက်ခံလိုက်ကြသည်။
ထိုအခါ မေ့ကုန်းချင်းက ပြောစရာစကား မရှိတော့ပေ။
မေ့ကုန်းချင်းက သူဌေးများ လမ်းဘေးဆိုင်၌ တစ်ခါတစ်လေ စားတတ်ကြသည်ဟူသော သတင်းကို ကြားဖူးသည်။
သို့သော် မေ့ကုန်းလန်က ချင်းရှင်းကို ကူညီနေသည်
မှာ လဝက်လောက်သာ ရှိသေးသည်။
တစ်နည်းဆိုရလျှင် ကုဝူယွီက လဝက်အတွင်း လမ်းဘေးဆိုင်တွင် သုံးကြိမ်လာစားခဲ့သည်။