Chapter16
Yamin AungOctober 21, 2023အပိုင်း(၁၆)
"ဟုတ်တယ် အစ်မ"
မေ့ကုန်းချင်း၏ စိုးရိမ်ပူပန်နေသောအသံကို ကြားလိုက်သောအခါ ချင်းရှင်းက အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားသွားရသည်။
"အစ်မမေ့ ကျွန်မအဆင်ပြေပါတယ်။ ဒါပေမယ့် နောက်မှ ပြန်လာဖြစ်မယ် ထင်တယ်"
"အခု ညီမဘယ်မှာလဲ။ အစ်မ အစ်ကိုဟူနဲ့ ညီမဆီလာခဲ့မယ်"
ချင်းရှင်းက မေ့ကုန်းချင်းနှင့် ဟူရှင်းကောတို့ သူမ၏ အခြေအနေကို သိလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ဖုံးကွယ်ရန် ကြိုးပမ်းခဲ့သည်။
သို့သော် အနီးနားရှိလူများက ပြဿနာ ဖြစ်ပျက်သည့် ကိစ္စကို သိကြသဖြင့် မည်သူမဆို ရိုးရှင်းသော စုံစမ်းမေးမြန်းမှုဖြင့် သိရှိနိုင်မည်ဖြစ်သည်။
ထို့ကြောင့် ချင်းရှင်းက သူနာပြုဆရာမအား "ကျွန်မ အခု ဘယ်ရောက်နေတာလဲ" ဟုမေးလိုက်သည်။
သူနာပြုဆရာမက ပြန်မဖြေသဖြင့် ဝေရှုရန်က "နံပါတ်(၁) ပြည်သူ့ဆေးရုံကြီးကိုရောက်နေတာဟု ဝင်ပြောလိုက်သည်။
"စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ် အစ်မမေ့" ဟုချင်းရှင်းက မေ့ကုန်းချင်းကို ကျေးဇူးတင်ပြီး လိပ်စာပေးလိုက်သည်။
မေ့ကုန်းချင်းက "ငါတို့ အခုချက်ချင်း လာခဲ့မယ်" ဟုပြောပြီး ဖုန်းချသွားခဲ့သည်။
ဖုန်းထဲ၌ မေ့ကုန်းချင်း၏ စိုးရိမ်ပူပန်နေသော အသံက ပေါ်လွင်နေသည်။
ချင်းရှင်းက ဖုန်းကိုချလိုက်ပြီးနောက် ဝေရှုရန်က ချင်းရှင်းကို ကြည့်လိုက်သည်။
ဝေရှုရန်က ချင်းရှင်းနှင့် စိမ်းသွားသလို ခံစားနေရပြီး သူမအမှား လုပ်မိသွားသည်ဟု ခံစားလိုက်ရ
သည်။
ထိုအချိန်၌ ချင်းကျန်းတုံနှင့် ရှီဟောင်တို့က ရဲစခန်းမှ တွေ့ဆုံမေးမြန်းမှု ပြီးဆုံးသွားသဖြင့် ဆေးရုံသို့ ထွက်လာခဲ့ကြသည်။