အပိုင်း(၄၂)
ချင်းရှင်း၏ မျက်နှာတွင် ဝမ်းနည်းသွားသည့် အမူအရာ မရှိသည်ကို တွေ့လိုက်ရသောအခါ အတန်းဖော် အမျိုးသမီးက ဝါဂွမ်းကို လက်သီးဖြင့်ထိုးခံရသကဲ့သို့ ခံစားလိုက်ရသည်။
ထိုအချိန်၌ စာသင်ခန်းထဲမှ မည်သူထပြောမှန်းမသိသော အသံတစ်ခု ထွက်ပေါ် လာခဲ့သည်။
"စုရွှမ်က Weibo မှာ ပို့စ်တင်ထားတယ်၊ ကြည့်လိုက်ကြဦး!"
"သူက ကျန်းအုပ်စုမှာ အမြဲတမ်း ဝန်ထမ်းဖြစ်သွားပြီတဲ့။ မြန်မြန်လေး ကြည့်လိုက်ကြ!"
ထိုအသံကြောင့် ဝူဒန်ဒန်က သူမ၏ လက်ကိုင်ဖုန်းကို ထုတ်၍ Weibo ကိုဖွင့်လိုက်ကာ ဘေးတွင်ရှိသော ထန်ရှီးလန်နှင့် ချင်းရှင်းတို့အား ကြည့်ပြီး "တကယ် ဖြစ်သွားပြီပဲ" ဟုပြောလိုက်သည်။
"သူ့ကို မနာလိုလိုက်တာ။ ငါတို့က အလုပ်ရှာဖို့
ရုန်းကန်နေရတဲ့အချိန်မှာ သူက ကျန်းအုပ်စုရဲ့ ပုံမှန် ဝန်ထမ်းဖြစ်သွားပြီ"
"စုရွှမ်က တကယ် အရည်အချင်းရှိတယ်။ အရင်ကဆို ပေါ့ပေါ့ပါးပါးပုံစံပဲ ဝတ်တာ။ ဒါပေမယ့် အခု ကျန်းအုပ်စုကို ရောက်သွားတော့ မတူတော့ဘူး။ Weibo မှာလည်း လူတွေကို နေ့တိုင်း ဝတ်ပုံစားပုံနည်းလမ်းတွေကို သင်ပေးနေတယ်"
"အဲ့ဒါ မပြောနဲ့၊ ငါဆို အရင်က သူအကြံပြုထားတဲ့ ၀တ်စုံတွေက ရုပ်ဆိုးတယ်လို့ ထင်မိပေမယ့် အခုတော့ သူနဲ့ လိုက်ဖက်နေတာပဲ"
"အဲ့ဒါတင် မကဘူး။ ကျန်းအုပ်စုက ကျန်းရှုရန်က သူ့ကို အရမ်းကြိုက်နေတယ်လို့ပါ ကြားတယ်"
"ကျန်းရှုရန်ဆိုတာ ကျန်းအုပ်စုရဲ့ ဒုတိယမျိုးဆက်မလား"
"တကယ်ကြီးလား။ သခင်လေးကျန်းက စုရွှမ်ကို ကြိုက်နေတာလား"
"တကယ် ဟုတ်တယ်။ ငါ့မှာ ကျန်းအုပ်စုမှာ အလုပ်လုပ်နေတဲ့ ဝမ်းကွဲတစ်ယောက်ရှိတယ်၊ သူက ငါ့ကိုအဲ့လို ပြောတယ်"
"ဒါဆို ငါ စုရွှမ်ရဲ့ ၀တ်စားဆင်ယင်ပုံကို Weibo မှာ သွားကြည့်ပြီး လေ့လာရမယ်"
"ကံကောင်းရင် စုရွှမ်ဆီက လေ့လာပြီး ချမ်းသာတဲ့ လူကို ဆွဲဆောင်နိုင်ရင် ဆွဲဆောင်နိုင်မှာ"
"စကားမစပ် စုရွှမ်ရဲ့ Weibo က ဘာနာမည်လဲ"
"ရွှမ်ရွှမ်ရဲ့ ဗီရိုတဲ့"
"အစတုန်းကတော့ ငါက သူ့ weibo ကိုစိတ်မဝင်စားဘူး။ ခုတော့ ရှာကြည့်နေရပြီ... အိုး ဘုရားသခင် စုရွှမ်မှာ ပရိသတ် 1 သန်းတောင် ရှိတယ်"
"မဟုတ်ဘူး။ ကျန်းရှုရန်နဲ့ ယှဉ်ရင် ပရိသတ်အရေအတွက်က နည်းနေပါသေးတယ်"
"ဟုတ်တယ်။ ဒါပေမယ့် ကျန်းရှုရန်က သူ့ကို ဂရုစိုက်
နေတာပဲ!"
"စုရွှမ်က အရမ်းမိုက်တယ်"
"သူ့ရဲ့ Weibo မှာ ငါတို့ကျောင်းက ပရိသတ်တွေအများဆုံးပဲလား"
"အင်း ဟုတ်မယ် ထင်တယ်"
...
လူတိုင်းက မနာလို အားကျစွာ ပြောဆိုနေကြသော်လည်း ထန်ရှီးလန်က သူမ၏ ဘေးတွင် အလွန်ငြိမ်သက်စွာ ထိုင်နေသော ချင်းရှင်းကို ကြည့်လိုက်သည်။
ထန်ရှီးလန်က မနေ့ည အိပ်ယာမဝင်ခင်၌ ချင်းရှင်း၏ Weibo ပရိသတ်များကို ကြည့်လိုက်ရာ ၃ သန်း ရှိနေပြီကို တွေ့လိုက်ရသည်။
ဝူဒန်ဒန်ကလည် ချင်းရှင်း၏ Weibo ကို သိနေသဖြင့် စုရွှမ်၏ Weibo ၌ ပရိသတ် အများအပြား ရှိ
သည်ဟု အတန်းထဲမှ လူများ ပြောဆိုနေကြသောအခါ တိတ်ဆိတ်နေခဲ့သည်။
ဝူဒန်ဒန်က ယခင်က စုရွှမ်ကို အရမ်းတော်သည်ဟု အမြဲခံစားခဲ့ရသော်လည်း ယခုချိန်တွင်မူ သိပ်မတော်တော့ဟု ခံစားမိလိုက်ရသည်။
12 နာရီ ထိုးခါနီးအချိန်၌ thesis defense တစ်ခုလုံး ပြီးသွားပြီ ဖြစ်ကာ အတန်းရှိ လူအားလုံး နီးပါး thesis defense ကို အောင်မြင်ခဲ့ကြသည်။
စာသင်ခန်းထဲမှ ထွက်လာပြီးနောက် ချင်းရှင်းက အတိုင်ပင်ခံဆရာ တစ်ဦးနှင့်တွေ့ကာ ဘွဲ့အတွက်ပြင်ဆင်ရန် လိုအပ်သည်များကို မေးမြန်းခဲ့သည်။
ချင်းရှင်းက ကျောင်းသို့ ထပ်မံ ပြန်လာမည့် အစီအစဉ် မရှိတော့ပေ။
နောက်ပိုင်း ဘွဲ့လက်မှတ်ရခဲ့ပါက ထန်ရှီးလန်ကိုသာ အကူအညီ တောင်း၍ ယူခိုင်းတော့မည် ဖြစ်သည်။
ထို့အပြင် ချင်းရှင်းက သူမ၏ အိမ်ထောင်စုစာရင်း
ကို မြို့တော် T သို့ ပြောင်းရွှေ့ချင်နေခဲ့သည်။
အတိုင်ပင်ခံက "မင်းက thesis defense အောင်မြင်တယ် ဆိုတော့ နောက်တဆင့် အလုပ်သင် လုပ်ဖို့ သဘောတူညီချက်ကို လက်မှတ်ထိုးရမယ်" ဟုပြောလိုက်သည်။
ထိုအခါ ချင်းရှင်းက သဘောတူညီချက် အကြောင်းကို သိနေသဖြင့် "ကျွန်မ အလုပ်ရှာဖို့ အစီအစဉ်မရှိဘူး။ အဲ့ဒါကြောင့် ဒီသဘောတူညီချက်တွေကို လက်မှတ်မထိုးနိုင်ဘူး" ဟုပြန်ပြောလိုက်သည်။
သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် ပျက်ကွက်ပါက ကျောင်း၏ အရည်အချင်း အကဲဖြတ်မှုကို ထိခိုက်စေမည်ဖြစ်ပြီး အရေးအကြီးဆုံးမှာ အတိုင်ပင်ခံပုဂ္ဂိုလ်မှ ပေးသော စွမ်းဆောင်ရည် အကဲဖြတ်မှုကို ထိခိုက်မည် ဖြစ်သည်။
အတိုင်ပင်ခံက ချင်းရှင်းကို လက်မှတ်ထိုး ခိုင်းချင်သော်လည်း ချင်းရှင်း၏ ဆုံးဖြတ်ထားသော မျက်နှာကို ကြည့်ပြီး "ဒါဆို ပါမောက္ခချုပ် သဘောတူရင် ငါ့ဘက်က ပြဿနာမရှိဘူး" ဟုပြောလိုက်သည်။
အတိုင်ပင်ခံပုဂ္ဂိုလ်၏ စိတ်ထဲ၌ ပါမောက္ခချုပ်က ချင်းရှင်း လက်မှတ်မထိုးချင်သည့်ကိစ္စကို သဘောတူလိမ့်မည် မဟုတ်ဟု ထင်ထားခဲ့သည်။
ချင်းရှင်းက အမှန်တကယ်ပင် ပါမောက္ခချုပ်ကို သွားတွေ့ခဲ့သည်။
ပထမတွင် ပါမောက္ခချုပ်က အလွန်အလုပ်ရှုပ်နေသော်လည်း ချင်းရှင်းက တွေ့ချင်သည်ဟု အတွင်းရေးမှူးက ပြောလာသောအခါ ချင်းရှင်းကို ရုံးခန်းထဲသို့ ဖိတ်ခိုင်းပြီး လက်ဖက်ရည်ဖြင့် ဧည့်ခံခဲ့သည်။
"ကျောင်းသူ ချင်းရှင်း ဒီကိုလာတာ မင်းမှာ ဘာကိစ္စရှိလို့လဲ"
ပါမောက္ခချုပ်မှ ထိုသို့မေးလာသောအခါ ချင်းရှင်းက သဘောတူညီချက် အကြောင်းကို ပြောပြလိုက်သည်။
"ဒါက ပြဿနာမရှိပါဘူး။ လက်မှတ်မထိုးချင်ရင် မထိုးနဲ့ ရတယ်"
ပါမောက္ခချုပ်က ချက်ချင်း သဘောတူလိုက်သဖြင့် ချင်းရှင်းက အံ့ဩသွားခဲ့သည်။
ပါမောက္ခချုပ် ရုံးခန်းသို့ မရောက်ခင် ချင်းရှင်းက ပါမောက္ခချုပ် သဘောတူစေရန် ဆွဲဆောင် ပြောဆိုမည့် အကြောင်းအရာများကို အမှန်တကယ်ပင် ပြင်ဆင်ထားခဲ့သည်။
ပါမောက္ခချုပ်က ချင်းရှင်း၏ အံ့သြနေသောအကြည့်ကို ကြည့်၍ "တခြားကိစ္စရှိသေးလား" ဟုမေးမြန်းလိုက်သည်။
ချင်းရှင်းက ခေါင်းခါလိုက်ပြီး "မရှိတော့ပါဘူး။ ပါမောက္ခချုပ်ကို ကျေးဇူးတင်ပါတယ်။ ဒါဆိုအလုပ်လူပ်လိုက်ပါဦး" ဟုပြောကာ နှုတ်ဆက်လိုက်သည်။
ချင်းရှင်း ထွက်သွားတော့မည့် အချိန်၌ ပါမောက္ခချုပ်က "ကောင်းပြီ။ ငါ့အစား မစ္စတာကု ကို နှုတ်ဆက်ပေးပါဦး" ဟုပြောလိုက်သည်။
"မစ္စတာကု ဟုတ်လား"
"ဟုတ်တယ် မစ္စတာ ကုဝူယွီကို ပြောတာ"
"သူက ဘာလို့လဲဟင်"
"မစ္စတာကု က မင်းကို အရမ်းဂရုစိုက်ပေးထားတာ။လွီယာအကြောင်းကို မစ္စတာကုပဲ ရှင်းပြခဲ့တာ"
....
ချင်းရှင်းက ပါမောက္ခချုပ်၏ ရုံးခန်းမှ အံ့ဩစွာဖြင့် ထွက်လာခဲ့သည်။
"ကုဝူယွီက ငါ့ကို ကူညီခဲ့တယ်။ ဘာကြောင့်လဲ"
ချင်းရှင်းက ပါမောက္ခချုပ်ကို အမှန်တကယ် ဖြောင်းဖျနိုင်လိမ့်မည်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်က မမျှော်လင့်ထားသော်လည်း ပါမောက္ခချုပ်မှ သဘောတူလိုက်သဖြင့် ထပ်မပြောတော့ချေ။
"နောက်တစ်ခုက ကျွန််မရဲ့ အိမ်ထောင်စုစာရင်းကို ပြောင်းချင်လို့ပါ" ဟုချင်းရှင်းက ထပ်ပြောလိုက်
သည်။
"အဲ့ဒါက အဆင်ပြေပါတယ်။ မင်းရဲ့ဖိုင်ကို မြို့တော် T ရဲ့ Talent Exchange Center ကို ပို့လိုက်မယ်။ ဒါပေမယ့် စာရင်းသွင်းထားတဲ့ အမြဲတမ်းနေထိုင်ခွင့်နဲ့ မြို့တော် T ရဲ့ မူဝါဒတွေကို ငါမသိဘူး"
ထိုကိစ္စအတွက် မြို့တော် T မှ မထွက်ခွာခင်၌ ချင်းရှင်းက မေ့ကုန်းချင်းကို မေးမြန်းခဲ့သည်။
ဤသည်မှာ မြို့တော် T ၌ သုံးနှစ်ကျော် အလုပ်လုပ်၍ အခြေချနေထိုင်ရန်အတွက် အိမ်တစ်လုံး ပိုင်ဆိုင်ထားရန် လိုအပ်သည်။
အတိုင်ပင်ခံကို ချင်းရှင်းက ထိုအကြောင်း ပြောပြလိုက်သဖြင့် အတိုင်ပင်ခံက “ကောင်းပြီ၊ ဒါဆို မင်းကို ငါလက်မှတ်ထိုး ပေးလိုက်မယ်။ ကျန်တာကို မင်းကိုယ်တိုင် ဆက်လုပ်လိုက်” ဟုပြောလိုက်သည်။
"ဟုတ်ကဲ့ ဆရာ့ကို ကျေးဇူးတင်ပါတယ်"
ချင်းရှင်းက မြို့တော် T၌ အိမ်မရှိသေးသော်လည်း
ဆိုင်ခန်း ငှားသည့်အချိန်၌ ဆိုင်အနီးရှိ အိမ်ခန်းငယ်လေးတစ်လုံး ဝယ်ရန် စီစဉ်ထားခဲ့သည်။
ချင်းရှင်းက ဤအရာနှစ်ခုကို ကောင်းမွန်မှန်ကန်စွာ ကိုင်တွယ်နိုင်ပါက ဇွန်လ၌ ကျောင်းပြန်တက်ရန် မလိုအပ်တော့ပေ။
အဆောင်ခန်းထဲ ပြန်ရောက်လာသောအခါ ဝူဒန်ဒန်က "ချင်းရှင်း နင်မနက်ဖြန် ဘွဲ့နှင်းသဘင် ဓာတ်ပုံရိုက်ရင် ပါမှာလား" ဟုမေးလိုက်သည်။
"ပါမယ်"
ရှီဟောင်၏ မိခင်က ယခင်ဘဝ၌ နေမကောင်းသောကြောင့် ချင်းရှင်းက သူမ၏ ဘွဲ့ဓာတ်ပုံကို မရိုက်ကူးခဲ့ရပေ။
ထို့နောက် ဝူဒန်ဒန်က “ညစာစားပွဲကိုရော လိုက်မှာလား” ဟုထပ်မေးလိုက်သည်။
ချင်းရှင်းက "အဲ့ကိုတော့ ငါမလိုက်တော့ဘူး" ဟုပြန်ဖြေလိုက်သည်။
ဝူဒန်ဒန်က အံ့အားသင့်သွားပြီး "နင်ဘာလို့ မလိုက်တာလဲ။ ဒီပွဲက လူတိုင်းအတွက် နောက်ဆုံးပဲလေ" ဟုပြန်ပြောလိုက်သည်။
ထိုအခါ ထန်ရှီးလန်က "နင်မြို့တော် Tကို ဘယ်တော့ပြန်သွားမှာလဲ" ဟုမေးလိုက်သည်။
"သဘက်ခါ"
ဝူဒန်ဒန်က "ဒါဆို မနက်ဖြန်ည နင်ဘာမှ လုပ်စရာမရှိရင် ငါတို့နဲ့ တူတူလိုက်ခဲ့ပါလား" ဟုထပ်ပြောလိုက်သည်။
ထန်ရှီးလန်ကလည်း ချင်းရှင်းကို လိုက်စေချင်သဖြင့် ချင်းရှင်းကို ခေါင်းညိတ်ပြလိုက်သည်။
ထိုအခါ ချင်းရှင်းက "အင်း လိုက်ခဲ့မယ်" ဟုပြန်ဖြေလိုက်သည်။
နောက်တစ်နေ့ မနက် ဘွဲ့နှင်းသဘင် ဓာတ်ပုံရိုက်ရန်အတွက် အတိုင်ပင်ခံက ဆယ်နာရီတွင် ရောက်လာပြီး အားလုံးက အဖွဲ့လိုက် ဓာတ်ပုံနှစ်ပုံ ရိုက်ခဲ့ကြ
သည်။
အတိုင်ပင်ခံ ထွက်သွားပြီးနောက် အားလုံးက မွန်းတည့် ၁၂ နာရီအထိ ဓာတ်ပုံ ဆက်လက် ရိုက်ကူး နေခဲ့ကြသည်။
ဝူဒန်ဒန်က တစ်ယောက်ယောက်နှင့် ချိန်းထားသဖြင့်ထန်ရှီးလန်နှင့် ချင်းရှင်းတို့က ကန်တင်း၌ ထမင်းသွားစားခဲ့ကြသည်။
လမ်း၌ ထန်ရှီးလန်က သက်ပြင်းချရင်း "တက္ကသိုလ်တက်တဲ့ လေးနှစ်တာအချိန်က လျှပ်တစ်ပြက်အတွင်းမှာ ပြီးသွားတာပဲ" ဟုပြောလိုက်သည်။
"အင်းနော်"
ချင်းရှင်း၌ တက္ကသိုလ်တက်ရသည့် အချိန်က နည်းသော်လည်း အမှတ်တရကောင်းများ အများအပြား ရှိနေခဲ့သေးသည်။
ကန်တင်းထဲသို့ လျှောက်လာရင်း ထန်ရှီးလန်က "ဘာစားချင်လဲ" ဟုချင်းရှင်းကို မေးလိုက်သည်။
"တတိယထပ်က ကိုရီးယား ထမင်းသုပ် စားချင်တယ်"
"သွားကြရအောင်"
နှစ်ယောက်သား သုံးထပ်သို့ တက်လာခဲ့ပြီး ကိုရီးယား ထမင်းသုပ်ကို မှာလိုက်သည်။
စောင့်ဆိုင်းနေစဉ်အတွင်း ချင်းရှင်းက တတိယထပ်ရှိ ထောင့်တစ်ခုဆီသို့ ပြေးသွားပြီး ဆိုဒါနှစ်ပုလင်းကိုဝယ်ခဲ့ကာ ထန်ရှီးလန်အား "ဘွဲ့ရပြီးရင် နင်ဘာလုပ်ဖို့ စိတ်ကူးထားလဲ" ဟုမေးလိုက်သည်။
ထန်ရှီးလန်က "စာရင်းကိုင် ကုမ္ပဏီတစ်ခုမှာ အလုပ် သွားရှာမယ်" ဟုပြန်ဖြေလိုက်သည်။
အရင်ဘဝကလည်း ထန်ရှီးလန်က ဤကဲ့သို့ ပြန်ဖြေခဲ့ပြီး ပုဂ္ဂလိက ကုမ္ပဏီတစ်ခုတွင် စာရင်းကိုင်အဖြစ် အလုပ်ရရှိခဲ့သည်။
"အဲ့ဒါဆို ကံကောင်းပါစေနော်"
...
"နံပါတ် 23 ကိုရီးယား ထမင်းသုပ် ရပါပြီ"
ချင်းရှင်းနှင့် ထန်ရှီးလန်တို့က အစားအသောက်များကို သွားယူလိုက်ကြသည်။
ချင်းရှင်းက ဇွန်းကိုယူကာ သူ့မှတ်ဉာဏ်ထဲတွင် စွဲကျန်နေသော ကိုရီးယား ထမင်းသုပ်ကို နယ်စားလိုက်သည်။
သို့သော် တစ်လုပ်စားပြီး ဆက်မစားတော့သဖြင့် "ဘာလို့မစားတာလဲ" ဟုထန်ရှီးလန်က မေးလိုက်သည်။
ထိုအခါ ချင်းရှင်းက "သိပ်အရသာမရှိလို့" ဟုပြန်ပြောလိုက်သည်။
ထန်ရှီးလန်က စကားဆက်ပြောမည့် အချိန်၌ ချင်းရှင်း၏ ညာဘက်တွင် ထိုင်နေသော ချောမောသည့် ကောင်လေးကို တွေ့လိုက်ရသည်။
"ဟဲလို! ဒီက အတန်းဖော်က အသက်ဘယ်လောက်ရှိပြီလဲဆိုတာ မေးလို့ရမလား"
ကောင်လေးက ရှက်ရွံ့စွာဖြင့် ချင်းရှင်းကို ထိုသို့ လာမေးခဲ့သည်။
ထန်ရှီးလန်က ထိုကျောင်းသားလေး၏ ရည်ရွယ်ချက်ကို ချက်ခြင်း နားလည်သွားခဲ့သည်။
ချင်းရှင်းက "ကျွန်မက မကြာခင် ဘွဲ့ရတော့မယ်" ဟုပြန်ဖြေလိုက်သဖြင့် ကျောင်းသားလေးက "ဪ ဒါဆို စီနီယာ အစ်မပေါ့" ဟုပြန်ပြောလိုက်သည်။
ထို့အပြင် ထိုကျောင်းသားက "WeChat မှာအပ်လို့ရမလား" ဟုထပ်မေးလာခဲ့သဖြင့် ချင်းရှင်းက ခေါင်းခါပြီး "တောင်းပန်ပါတယ် ကျွန်မမှာ ချစ်သူရှိတယ်" ဟုပြန်ပြောလိုက်သည်။
ထိုအခါ ထိုကျောင်းသားက စိတ်ပျက်လက်ပျက်ဖြင့် ထွက်သွားခဲ့သည်။
ထိုကျောင်းသား ထွက်သွားသောအခါ ထန်ရှီးလန်က "နင့်မှာ ရည်းစားရှိနေပြီလား" ဟုနောက်ပြောင်မေးမြန်းလိုက်သဖြင့် ချင်းရှင်းက "မရှိပါဘူး" ဟု ပြန်ပြောလိုက်သည်။
"အဲ့ဒါကောင်းတယ်"
...
နှစ်ယောက်သား နေ့လည်စာစားပြီးနောက် ကန်တင်းထဲတွင် ခဏထိုင်နေကြသောအခါ လူများစွာက ချင်းရှင်းဆီသို့ ရောက်လာကြပြီး အဆက်အသွယ်လုပ်ရန် ဖုန်းနံပါတ် လာတောင်းခဲ့ကြသည်။
ထိုအခါ ထန်ရှီးလန်က "ငါနင့်ကို ဒီလောက်နာမည်ကြီးတာ မတွေ့ဖူးသေးဘူး" ဟုပြောလိုက်သည်။
ချင်းရှင်းက အတန်းထဲ၌ အလှပဂေး ဖြစ်သော်လည်း ချင်းရှင်းကို ပိုးပန်းလိုသူများက ဤကဲ့သို့ ပွင့်ပွင့်လင်းလင်း မမေးရဲခဲ့ကြပေ။
!!.....!!
...…….................................
.........................................
အပိုင်း (၄၂) ပြီးပါပြီ။