အပိုင်း(၅၂)
ဟူရှင်းကောက သူ၏သား ပြန်လာသည့်အခါ၌ ချင်းရှင်းလုပ်ထားသော ဝက်သားကြော်ကို မြည်းစမ်းခိုင်းမည် ဖြစ်သည်။
ဟူယွမ်ရှစ်က ချင်းရှင်းလုပ်ထားသော ဝက်သားကြော်ကို စားပြီးပါက အခြားသူများ လုပ်ထားသော ဝက်သားကြော်ကို စားလိမ့်မည် မဟုတ်ဟု ဟူရှင်းကောက ယုံကြည်နေခဲ့သည်။
လေးယောက်သား ပန်းကန်ထဲမှ အစားအသောက်များ မကုန်မချင်း မည်သူမှ စကားမပြောကြပေ။
ချင်းရှင်းက အစား သိပ်မစားသော်လည်း ယနေ့၌ အားလုံးနှင့် လက်ဆုံစားရသည်မှာ ပျော်ရွှင်စရာ ကောင်းနေသဖြင့် ထမင်းတစ်ပန်းကန် ထပ်စားလိုက်သည်။
မနက်ဖြန်ကား ချင်းရှင်း၏ ပထမဆုံး ဆိုင်ဖွင့်သည့်နေ့ ဖြစ်သဖြင့် ယနေ့ည၌ ကောင်းကောင်း အနားယူရမည် ဖြစ်သည့်အပြင် မနက်ဖြန် အတွက် ပြင်ဆင်
စရာ အများကြီး ကျန်နေသေးသဖြင့် မေ့ကုန်းချင်းက ဆက်လက် မနေတော့ဘဲ သန့်ရှင်းရေး လုပ်ပြီး ပြန်သွားခဲ့သည်။
ချင်းရှင်းက မေ့ကုန်းချင်းတို့ ပြန်သွားပြီးနောက် အပေါ်ထပ်သို့ တက်သွားခဲ့သည်။
မနေ့က ထပ်ခိုးတွင် နေခဲ့ပြီး ယနေ့၌ အခန်းသို့ပြောင်းလာရသဖြင့် ချင်းရှင်းက အရာအားလုံးနှင့် အသားမကျသေးပေ။
ရေချိုးပြီးနောက် ချင်ရှင်းက ကုတင်ပေါ်တွင် လှဲကာ Weibo ကို ဖွင့်လိုက်သည်။
[ရှင်းရှင်းရဲ့ အစားအသောက် ကမ္ဘာ- ဖန်တွေ အားလုံးရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်။ နောက်ပိုင်း ရှင်းရှင်း စျေးဆိုင် ဖွင့်မယ့်နေရာက ချင်းရှန် တောင်ခြေမှာ ဖြစ်ပါတယ်။ မနက်ဖြန် ပထမဆုံးဆိုင်ဖွင့်တဲ့နေ့ကို လာအားပေးကြပါနော်။ ယနေ့ဟင်းလျာများ [ပုံ]
ချင်းရှင်း၏ Weibo တွင် ပရိသတ် 5.5 သန်းရှိပြီး