Chapter 25

1.2K 132 0
                                    

Chapter 25
November 02, 2023
အပိုင်း(၂၅)

【 ရှင်းရှင်း၏ စားသောက်ဖွယ်ရာကမ္ဘာလေး: ဖော်လိုဝါ ငါးသိန်း ပြည့်သွားပြီ ဖြစ်လို့ ငရုပ်ဆော့စ်လုပ်နည်းတင်ပေးလိုက်ပါတယ် 】

မကြာခင်တွင် ကောမန့်များပလူပျံလာတော့သည်။

【 ငါက နံပါတ်တစ်နော် 】

【အပေါ်ထပ်က လူကို ရင်းနှီးနေသလိုပဲ 】

...

ဗွီဒီယိုကို ကြည့်ပြီးနောက်တွင် ကောမန့်မန့်သည့် လူများ ထွက်ပေါ်လာလေသည်။

【 ဗွီဒီယိုကို ကြည့်ပြီးတော့ ဘလော်ဂါရဲ့ ဓားစကေးက  အရမ်းကောင်းတယ်ဆိုတာမြင်လိုက်ရတယ်... ဖြတ်တောက်တာတွေမြန်ဆန်ချက်များတော့ ဝှစ်ကနဲကို နေတာပဲ.. ဆီပူအိုးထဲကိုပစ်ထည့်လိုက်တဲ့အချိန်မှာ ဖုန်းစခရင်ကနေ အနံ့တွေမွှေးလာသလိုတောင်ခံစားလာရတယ် 】

【 ငါဆို ငရုပ်သီး ကီလို အတော်များများ အော်ဒါတက်လိုက်ပြီးပြီ.. ရောက်လာတာနဲ့ လုပ်ကြည့်တော့မယ်  】

【 ငါက ဂျင်းကိုတကယ်မုန်းတာ... ဒါပေမဲ့ ဘလော်ဂါ သုံးပြလိုက်တော့ ရွှေဝါရောင်သန်းနေတဲ့ဂျင်းဖတ်လေးတွေကိုကြည့်ရင်း တအားစားချင်လာမိတော့တာပဲ [မျက်နှာအုပ်ထားတဲ့jpg] 】

【 အပေါ်ထပ်က လူရေ ငါလည်း နင့်လိုပဲဟ 】

...

ချင်းရှင်းက ကောမန့်များကို ဖတ်ပြီး နောက်တွင် ကွန်ပျူတာကို ပိတ်ကာ အောက်ထပ်ကို ပြေးဆင်းပြီး ပါဝင်ပစ္စည်းများကိုပြင်ဆင်ကာ တစ်လက်စတည်း စနစ်နှင့် လဲလှယ်ရန် ချဉ်စပ်ခေါက်ဆွဲ တစ်ပွဲ လုပ်ခဲ့သည်။

စိတ်ဝိညာဥ် ဆေးလုံးကို လိုအပ်နေသည်ဖြစ်ရာ လက်ရှိ၌ ချင်းရှင်း၏ စနစ်ရမှန်က မတိုးတက်လာခဲ့ပေ။

ယနေ့တွင် ချင်းရှင်းက အိမ်သို့ လျှပ်စစ်လှည်းလေးမောင်းပြီးပြန်လာချိန်တွင် မေ့ကုန်းချင် တစ်ယောက် ဖုန်းကြည့်ရင်း ပွစိပွစိ ပြောနေသည်ကိုမြင်ရသည်။ မေ့ကုန်းချင်က ချင်းရှင်းပြန်လာသည်ကို မြင်သည်နှင့် ဆိုင်ထဲမှ ပျော်ပျော်ကြီးပြေးထွက်လာပြီး သူမ၏ဖုန်းကိုလှမ်းကြည့်၍ပြောလိုက်သည်။

အမြောက်စာဇာတ်ကောင်လေးဆီမှ အချက်အပြုတ်နတ်ဘုရားမစီသို့Where stories live. Discover now