အပိုင်း(၆၈)
ချင်းရှင်းက သူမ၌ အမှတ် အများကြီး ကျန်နေသေးသည်ကို တွေ့လိုက်ရသဖြင့် မှတ်ဉာဏ် ဆေးလုံးများကို အများကြီး လဲလှယ်ပြီး မှတ်ဉာဏ်တန်ဖိုးကို 100 အထိ မြှင့်တင်လိုက်သည်။
ထို့နောက် ချင်းရှင်းက သူမ၏ အရည်အချင်း ဇယားကို နှိပ်လိုက်ရာ အရည်အချင်း အသစ်နှစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။
အမည် - ချင်းရှင်း (08277)
ကျား/မ - မ
အသက် - ၂၁
မျက်နှာလှပမှု - 90
ကျက်သရေရှိမှု - 70
ဟင်းချက်စွမ်းရည် - 85
ဝိညာဉ်စွမ်းအား - 100
တိုက်ခိုက်ရေးစွမ်းအား - 100
ကံကောင်းမှု - 100
သွက်လက်မှု - 100
အမြင်အာရုံ - 100
ကျန်းမာရေး - 1
မှတ်ဉာဏ် - 100
သီချင်းဆိုခြင်း - 0
အကအနုပညာ - 0
အရည်အချင်း ဇယား၌ သီချင်းဆိုခြင်းနှင့် ကခုန်ခြင်းတို့ တိုးလာခဲ့သည်။
ချင်းရှင်းက သီချင်းနားထောင်ခြင်းကို နှစ်သက်သော်လည်း သီချင်းဆိုခြင်းကို နှစ်သက်သည်ဟု မဆိုလိုပေ။
ချင်းရှင်းက သူမ၏ အရည်အချင်းတန်ဖိုးကို စစ်ဆေးလိုက်ရာ သူမ၏ ဟင်းချက်စွမ်းရည်က ငါးမှတ်အထိ တိုးလာသည်ကို တွေ့ရှိခဲ့ရပြီး ယခုအခါ 85 မှတ်ဖြစ်နေပြီ ဖြစ်သည်။
သို့သော် ဟင်းချက် စွမ်းရည်ကို မြှင့်တင်ရန်အတွက် ချင်းရှင်းက ဂရုတစိုက်လေ့လာရန် လိုအပ်နေသေးသည်ဟု တွေးမိလိုက်သည်။
တစ်ရက်တာ အနားယူပြီးနောက် ချင်ရှင်းက
အားအင် အပြည့်ဖြင့် အလုပ်များသော အခြေအနေသို့ တစ်ဖန် ပြန်ရောက်လာခဲ့သည်။