Chapter 75

434 62 0
                                    

အပိုင်း(၇၅)

ချင်းရှင်းက ဟူရှင်းကောထံ ဖုန်းဆက်၍ ငါးကြင်း ဝယ်ခိုင်းလိုက်သည်။

ဟူရှင်းကောမှ ငါးလာပို့ပြီးသောအခါ ချင်းရှင်းက ဖုန်းကို မီးဖိုချောင်ထဲတွင် တပ်ဆင်ပြီး ကင်မရာရှုထောင့်ကို ချိန်ညှိကာ စတင်ရိုက်ကူးခဲ့သည်။

ချင်းရှင်းက ငါးကို ဇလုံထဲထည့်၍ လက်ကို သန့်စင်အောင်ဆေးပြီး အိုးကိုဆေးကာ အိုးထဲသို့ ရေလောင်းထည့်လိုက်သည်။

ထို့နောက် မီးဖွင့်၍ ချင်းရှင်းက ရေဆူအိုးထဲသို့ ငါးကိုထည့်ကာ သတ်လိုက်သည်။

ချင်းရှင်းက ငါး၏အတွင်းကလီစာများကို ထုတ်ပြီး သန့်စင် ဆေးကြောခဲ့သည်။

ထန်မန်ရင်းက ချင်းရှင်း ငါးကိုင်‌နေပုံကိုကြည့်ပြီး အံ့သြသွားမိပြန်သည်။

ချင်းရှင်းက စဉ့်တီတုံးနှင့် ငါးကို ရေနှင့် ဆေးကြောပြီး ငါး၏ နောက်ကျောကို အရိုးများ ထွက်လာသည်အထိ ဓားဖြင့်အထပ်ထပ် ရိုက်လိုက်သည်။

ငါးအသားများကို နုတ်နုတ်စင်း၍ ရေဆူအိုးတည်ကာ ဂျင်းနှင့် ကြက်သွန်ဖြူကို ထည့်ပြီး ငါးအသားလုံးများကို ထည့်ပြုတ်လိုက်သည်။

နောက်ဆုံး၌ ကြက်သွန်ဖြူနှင့် ဂျင်းကို ဖယ်ထုတ်လိုက်ရာ အိုးထဲ၌ ငါးအသားလုံးများသာ ကျန်တော့သည်။

ဤဟင်းလျာမှာ ယနေ့ မနက်စာအတွက် ပြင်ဆင်ထားသော ငါးအသားလုံး စွပ်ပြုတ် ဖြစ်သည်။

ချက်ပြုတ်ပြီးနောက် ချင်းရှင်းက ဖုန်း၏ ကင်မရာကို ပိတ်လိုက်သည်။

ထို့နောက် ချင်းရှင်းက ကွန်ပြူတာပေါ်ရှိ ပရိုဂရမ်ကိုဖွင့်ကာ ငါးအသားလုံး ဟင်းချို သုံးပွဲကို တစ်ပွဲလျှင် ၄၈ ယွမ်ဖြင့် ရောင်းချလိုက်သည်။

မနက်စာစားပြီးနောက် ကုအုပ်စုမှ ရိုက်ကူးရေး အဖွဲ့သားများ ရောက်လာခဲ့သည်။

စကားဝါပန်းဝိုင် ပြုလုပ်မှု ရိုက်ကူးရေးက ငရုတ်ဆီပြုလုပ်မှုထက် ပိုမြန်ခဲ့သည်။

အမြောက်စာဇာတ်ကောင်လေးဆီမှ အချက်အပြုတ်နတ်ဘုရားမစီသို့Where stories live. Discover now