Chapter 50

1.3K 102 5
                                    


အပိုင်း(၅၀)

အိပ်ခန်းထဲသို့ ရောက်သောအခါ မေ့ကုန်းလန်က မွေ့ယာကို ဖိချလိုက်ပြီး "ဒီမွေ့ယာက တော်တော်ကောင်းတာပဲ" ဟုပြောလိုက်သည်။

"ဒါက ကျွန်တော်တို့ ကုအုပ်စုက ထုတ်ထားတဲ့ မွေ့ယာပါ။ ကောင်းကောင်းမွန်မွန် အိပ်စက်နိုင်ဖို့အတွက် ပတ်ဝန်းကျင်နဲ့အညီ လုပ်ထားတဲ့ မွေ့ယာပါ။ ကျွန်တော်တို့ ထုတ်ကုန်တွေထဲမှာ ဒါက သက်တောင့်သက်သာ အရှိဆုံးပါပဲ" ဟုလုယိမင်က ရှင်းပြလိုက်သည်။

ချင်းရှင်းက ထိုစကားကို ကြားလိုက်သောအခါ တစ်ခုခုမှားနေသည်ဟု ခံစားလိုက်ရသည်။

အိပ်ခန်းကို ကြည့်ပြီးနောက် အခြားအခန်းဆီသို့ လျှောက်သွားကာ လုယိမင်က "ဒါက မစ္စချင်းရဲ့ စာကြည့်ခန်းပါ" ဟုပြောလိုက်သည်။

စာအုပ်စင်ပေါ်၌ စာအုပ်မျိုးစုံ ပြည့်နေသဖြင့် ချင်းရှင်းက ယူကြည့်လိုက်ရာ အကုန်လုံးမှာ ဟင်းချက်

နည်း စာအုပ်များနှင့် အစားအသောက်ဆိုင်ရာ စာအုပ်များ ဖြစ်ကြသည်ကို တွေ့လိုက်ရသည်။

"ကုအုပ်စုမှာ အိမ်ဝယ်ရင် ဒီလို အကျိုးကျေးဇူးတွေ ရတာလား"

မေ့ကုန်းလန်က ပြင်ဆင်ထားသောအရာများကို  ကြည့်ရင်း အံ့သြနေခဲ့သည်။

ထိတ်လန့်စရာ အကောင်းဆုံးမှာ ဒုတိယထပ်ရှိ ဧည့်ခန်းထောင့်တွင် ဓာတ်လှေကားတစ်ခု ရှိနေခြင်းဖြစ်သည်။

ဓာတ်လှေကားက ပထမထပ်တွင် မရပ်ဘဲ မြေအောက်ထပ်သို့ တိုက်ရိုက်သွားသည်။

လုယိမင်က "ဒါက မြေအောက်ထပ်ကိုသွားတဲ့ ဓာတ်လှေကားပါ။ ကားပါကင်မှာ ကားသုံးစီး ရပ်လို့ရပါတယ်" ဟုရှင်းပြလိုက်သည်။

တစ်နည်းဆိုရလျှင် စာချုပ်တွင် ဖော်ပြထားသော စတုရန်းပေ ၃၀၀ ကျယ်ဝန်းသောအိမ်၌ လက်ဆောင်

အဖြစ် ပန်းခြံကြီးတစ်ခုနှင့် ကားပါကင်တစ်ခုပါ ပါ၀င်နေခဲ့သည်။

မေ့ကုန်းချင်းက အထပ်ထပ်အခါခါ သက်ပြင်းချရင်း "ဓာတ်လှေကားပါတဲ့ သုံးထပ်တိုက်ကို ဒါပထမဆုံးမြင်ဖူးတာပဲ။ အရင်တုန်းကဆို TV မှာပဲ မြင်ဖူးတယ်" ဟုပြောလိုက်သည်။

ကားရပ်နားသည့် နေရာ၏ ဝင်ပေါက်နှင့် ထွက်ပေါက်က အိမ်အနောက်ဘက်တွင်ရှိပြီး ဧည့်သည်များ၏ ဝင်ပေါက်နှင့် မတူညီပေ။

အိမ်ကို လိုက်လံကြည့်ရှုနေသည်မှာ တစ်နာရီခန့်ကြာမြင့်သွားသည်။

မေ့ကုန်းချင်းက ပါးစပ်မှ "ဒီအိမ်က အရမ်းကောင်းတယ်။ ဒီအိမ်က အရမ်းကောင်းတယ်" ဟုသာ တတွတ်တွတ် ရွတ်နေတော့သည်။

အပြင်ဘက် ခြံဝင်းဆီသို့ လျှောက်လာရင်း လုယိမင်က ဝင်လာချိန်၌ မေ့ကုန်းလန်ပြောသည့် စကားကို သတိရသွားပြီး "မစ္စချင်း အသီးအရွက် စိုက်ချင်ရင်

ချက်ချင်း စိုက်ဖို့ စီစဉ်ပေးလို့ ရတယ်" ဟုပြောလိုက်သည်။

ချင်းရှင်းက "ရပါတယ်။ မလိုအပ်ပါဘူး" ဟုငြင်းလိုက်သည်။

သူမ၌ ဟင်းသီးဟင်းရွက်စိုက်ရန် အချိန်မရှိသဖြင့် ခြံဝင်းထဲ၌ ပန်းပင်များကိုသာ စိုက်ပျိုးထားပြီး နွေရာသီ၌ အပြင်ဘက်တွင် ထိုင်ခုံများချရန် စဉ်းစားလိုက်သည်။

ကုဝူယွီ၏အိမ်အတွက် ချင်းရှင်းပေးချေခဲ့သော တစ်သန်းက နည်းသွားပုံပင် ဖြစ်နေတော့သည်။

ချင်းရှင်းက "ဒီနေ့ ရှင့်ကို ဒုက္ခပေးမိလို့ အားနာပါတယ်။ အရင်ပြန်ကြရအောင်" ဟုလုယိမင်ကို ပြောလိုက်သည်။

"ရပါတယ် အားနာစရာ မလိုပါဘူး မစ္စချင်းရဲ့။ မင်းလိုအပ်တာတွေရှိရင် ကျွန်တော့်ကို အချိန်မရွေး ဆက်သွယ်နိုင်တယ်နော်" ဟုလုယိမင်က ပြန်ပြောလိုက်သည်။


လုယိမင်က သူ့ကားထဲသို့ မဝင်ခင် ချင်းရှင်းကို ကားပေါ်သို့ အရင်ပြန်ပို့လိုက်သည်။

ရှောင်နွဲ့က လုယိမင် စီးလာသောကား၏ ယာဉ်မောင်းထိုင်ခုံတွင် ထိုင်နေခဲ့သည်။

ရှောင်နွဲ့ကို တာဝန်ယူရမည်ဟု ကုဝူယွီက လုယိမင်ကို ပြောထားသဖြင့် လုယိမင်က ရှောင်နွဲ့ကို သူ့လက်ထောက်အဖြစ် ခေါ်ထားခဲ့သည်။

လုယိမင်က ကားပေါ်သို့ ပြန်ရောက်လာသောအခါရှောင်နွဲ့က "အစ်ကိုလု အဲ့ဒါ ရှင်းရှင်းမဟုတ်လား” ဟုမေးလိုက်သည်။

လုယိမင်က ရှောင်နွဲ့ကို တစ်ချက်ကြည့်လိုက်ပြီး "သူ့နာမည်ကို တိုက်ရိုက်မခေါ်နဲ့" ဟုသတိပေးလိုက်သဖြင့် ရှောင်နွဲ့က ချက်ချင်း ပါးစပ်ကို လက်ဖြင့် ပိတ်လိုက်ကာ "ကျွန်တော့်ကို အရိပ်အမြွက်ပေးလို့ရလား" ဟုမေးလိုက်သည်။

ရှောင်နွဲ့က အမှန်တကယ် လိမ္မာပါးနပ်သဖြင့် လုယိ

မင်က ရှေ့လျှောက် မနက်စာ ဝယ်လာရန် ရှောင်နွဲ့ကို အားထားတော့မည်ဟု တွေးကာ "မစ္စချင်းကို ငါတို့သူဌေးကုက စောင့်ကြည့်နေတယ်" ဟုပြောလိုက်သည်။

ထိုအခါ ရှောင်နွဲ့က အံ့အားသင့်သွားပြီး ကုဝူယွီ သူ့ကို မဆူသည့်အပြင် ချီးကျူးသွားသည့် ကိစ္စမှာ ချင်းရှင်းကြောင့် ဆိုသည်ကို သိရှိသွားခဲ့သည်။

ထို့နောက် လုယိမင် မှာနေကျ မနက်စာ နှစ်ပွဲကို တွေးမိသွားပြီး "အစ်ကိုလု မနက်တိုင်း မနက်စာ တစ်ပွဲပဲစားတာလား" ဟုမေးလိုက်သည်။

လုယိမင်က ခေါင်းညိတ်ပြလိုက်သဖြင့် ရှောင်နွဲ့က တိတ်ဆိတ်သွားပြီး "အစ်ကိုလု၊ စိတ်ချထားလိုက်တော့။ နောက်ဆို မိုးပဲရွာရွာ နေပဲပူပူ ကျွန်တော် မနက်စာ နေ့တိုင်း ဝယ်ပေးမယ်" ဟုပြောလိုက်သည်။

လမ်းတွင် မေ့ကုန်းလန်က "နောက်ဆို ရှောင်ရှင်း ဒီမှာ အစားအသောက်တွေ ချက်ရတာ ပိုအဆင်ပြေလိမ့်မယ်။ နေ့တိုင်း ကားမောင်းပြီး‌ ရောင်းစရာမလိုတော့ဘူး။ ဒါပေမယ့် နေရာကတော့ နည်းနည်းဝေးတယ်" ဟုပြောလိုက်သည်။


အားလုံးက ပျော်နေသော်လည်း မေ့ကုန်းချင်းက ရုတ်တရက် ဝမ်းနည်းသွားသကဲ့သို့ ခံစားရပြီး "အဲ့ဒါဆို ငါတို့ ရှောင်ရှင်းကို မတွေ့ရတော့ဘူးပေါ့" ဟုပြောလိုက်သည်။

ထိုအခါ ချင်းရှင်းက "တွေ့ရဦးမှာပါ။ ကျွန်မက ပါဝင်ပစ္စည်းတွေအတွက် အစ်ကိုဟူနဲ့ အစ်မကုန်းချင်းကိုပဲ အားကိုးနေရဦးမှာ" ဟုပြောလိုက်သည်။

ဟူရှင်းကောနှင့် မေ့ကုန်းချင်းတို့က သူတို၏ စတိုးဆိုင်မှ ပစ္စည်းများကို ချင်းရှင်း  ဆက်လက်ဝယ်ယူမည်ဟု မမျှော်လင့်ထားသဖြင့် "ရှောင်ရှင်း နင်က ငါတို့ကို ကူညီချင်နေတာ ငါသိပါတယ်။ ဒါပေမယ့် နင်ကအခု စီးပွားရေး ကြီးကြီးမားမားလုပ်နေပြီဆိုတော့ အနာဂတ်မှာ ပိုကောင်းတဲ့ လက်တွဲဖော်ကို ရှာတွေ့နိုင်မှာပါ" ဟုဟူရှင်းကောက ထိုစကားကို လေးနက်စွာပြောလိုက်သည်။

"ဟုတ်တယ် ငါတို့ဆိုင်က..."

မေ့ကုန်းချင်းက ဆက်မပြောတော့ဘဲ သူမတို့၏ဆိုင်

ကို အဆင့်အတန်းမမီဟု ခံစားမိ‌နေခဲ့သည်။

ထိုအခါ ချင်းရှင်းက "ဆိုင်ဖွင့်လိုက်ရင်တောင်လက်တွဲဖော်က ယုံကြည်လို့ မရရင် မကောင်းဘူး။ အစ်ကိုဟူနဲ့ အစ်မကုန်းချင်းတို့က ယုံကြည်ရလို့ ပိုကြိုက်တယ်" ဟုပြောလိုက်သည်။

ချင်းရှင်း၏ စကားများက ဟူရှင်းကောနှင့် မေ့ကုန်းချင်းတို့ နှစ်ဦးစလုံးကို နှုတ်ဆိတ်စေခဲ့သည်။

ချင်းရှင်းက မေ့ကုန်းလန်ကိုကြည့်ပြီး "အစ်မကုန်းလန်ရော ကျွန်မကို ဆက်ကူညီပေးမှာလား" ဟုမေးလိုက်သည်။

မေ့ကုန်းလန်က ချင်းရှင်း၏ စားသောက်ဆိုင်ကို မြင်လိုက်ရသဖြင့် ကြီးကျယ်ခမ်းနားသောဆိုင်တွင် စားပွဲထိုးတစ်ယောက်အနေနှင့် သူမ၏ ပုံစံက အလွန်ဆိုးရွားလှသည်ဟု ခံစားလိုက်ရသည်။

ချင်းရှင်း၏ စကားကို ကြားလိုက်သော မေ့ကုန်းလန်က ခဏတာ စကားမပြောဘဲ သူမကို ချင်းရှင်းက အလုပ်မပေးချင်တော့ဘူးလားဟု တွေးလိုက်

မိသည်။

မေ့ကုန်းလန်က တိတ်ဆိတ်နေသဖြင့် ချင်းရှင်းက "အစ်မကုန်းလန်က ဆန္ဒမရှိဘူးလား" ဟုထပ်မေးလိုက်သည်။

မေ့ကုန်းလန်က သူမလက်ကို ဝှေ့ယမ်းပြီး သူမ၏ မျက်လုံးထောင့်စွန်းမှ ဝဲလာသော မျက်ရည်များကို သုတ်ကာ "နင့်ကို ကူညီပေးဖို့ ငါမကြောက်ပါဘူး ရှောင်ရှင်းရဲ့။ ဒါပေမယ့် နင့်ရဲ့ စားသောက်ဆိုင်မှာက အနည်းဆုံး ငယ်ရွယ်ပြီး လှပတဲ့ မိန်းကလေးက ကူညီပေးမှ ပိုကောင်းမယ်လို့ ငါထင်တယ်" ဟုပြောလိုက်သည်။

ချင်းရှင်းက ပြုံးပြီး "အစ်မကုန်းလန်က နုပျိုပြီး လှနေတုန်းပဲလေ။ ပြီးတော့ ကျွန်မနဲ့က အဆင်ပြေပြီးသား" ဟုပြောလိုက်သည်။

ချင်းရှင်းက လူတိုင်းကို ကြည့်ပြီး "ကျွန်မက စားသောက်ဆိုင်အတွက် နေရာပြောင်းလိုက်ပေမယ့် တခြားဟာတွေကို မပြောင်းပါဘူး။ အားလုံးက ကျွန်မကို ဆက်ပြီး ကူညီပေးနိုင်ဖို့ မျှော်လင့်ပါ

တယ်။ အစ်မတို့သာ မရှိရင် ကျွန်မ ဒီလောက်မြန်မြန်ကြီး ကြီးပွားနိုင်မှာ မဟုတ်ဘူး" ဟုပြောလိုက်သည်။

ချင်းရှင်းက ဟင်းချက်သည့်နေရာ၌ ကျွမ်းကျင်သော်လည်း သူမ၌ လုပ်ဖော်ကိုင်ဖက်များ လိုအပ်သေးသည်။

အကယ်၍ မေ့ကုန်းချင်းသာ သူမကို အိမ်သို့ မခေါ်လာခဲ့ပါက ချင်းရှင်းက ကော်ပြန့်မုန့် အမျိုးမျိုးကိုသာ ပြုလုပ်ရောင်းချနေရမည် ဖြစ်သည်။

ကုန်ပစ္စည်းဝယ်ယူရန် ဟူရှင်းကော၏ အကူအညီမပါဘဲ ချင်းရှင်း တစ်ယောက်တည်း လုပ်ပါက လွယ်ကူလိမ့်မည် မဟုတ်ချေ။

မေ့ကုန်းလန်၏ အကူအညီမပါဘဲ ချင်းရှင်းက နေ့တိုင်း ဆယ်နာရီ၌ ဆိုင်ပိတ်နိုင်လိမ့်မည် မဟုတ်ပေ။

ချင်းရှင်း၏ ရိုးသားမှုကို မြင်လိုက်ရသဖြင့် အားလုံးက သဘောတူလိုက်ကြသည်။

အားလုံး၏ သဘောတူညီချက်ကို မြင်လိုက်ရသဖြင့်

ချင်းရှင်းက "ကုအုပ်စုက ချင်းရှန်တောင်ခြေမှာ အိမ်တွေဆောက်နေပြီ။ အစ်ကိုဟူနဲ့ အစ်မကုန်းချင်းလည်း အဲ့မှာတိုက်ခန်းတစ်ခုလောက် ဝယ်ထားသင့်တယ်။ ချင်းရှန်က ဆင်ခြေဖုံး ရပ်ကွက် တစ်ခုဖြစ်ပေမယ့် နောက်ဆို ဖွံ့ဖြိုးတိုးတက်လာလိမ့်မယ်။ ကျွန်မကိုယုံပါ။ အဲဒီနယ်မြေက အနာဂတ်မှာ စည်ကား ချမ်းသာလာလိမ့်မယ်" ဟုပြောလိုက်သည်။

ထိုအခါ ဟူရှင်းကောက "ရှောင်ရှင်း ပြောတာက အဓိပ္ပာယ်ရှိတယ်။ ငါတို့ လက်ထဲက ပိုက်ဆံတွေနဲ့ တိုက်ခန်းဝယ်ထားလို့ရတယ်" ဟုပြန်ပြောလိုက်သည်။

ဟူရှင်းကောက ချင်းရှင်း အနာဂတ်၌ လုပ်ငန်း ကြီးကြီးမားမား လုပ်တော့မည်ကို သိနေခဲ့သည်။

ချင်းရှင်းက ယခင်ကလည်း သူတို့ထံမှ ကုန်ပစ္စည်းများကို ၀ယ်ယူသဖြင့် နောင်တွင် ဟူရှင်းကောက ချင်းရှင်းကို အစွမ်းကုန် ကူညီမည်ဟု ဆုံးဖြတ်ထားသည်။

"အစ်မကုန်းလန်လည်း တိုက်ခန်းသေးသေးလေး ဝယ်လို့ရတယ်"


ချင်းရှင်းက မေ့ကုန်းလန်အတွက်ပါ စဉ်းစား၍ အကြံပေးလိုက်သည်။

ချင်းရှင်း၏ စကားကို မေ့ကုန်းချင်းက ကြားလိုက်သောအခါ သူမ၏ အစ်မကို ထိတ်လန့်စွာဖြင့် ကြည့်နေခဲ့သည်။

မေ့ကုန်းလန်က သူမ၏ မွေးရပ်မြေမှ ထွက်ခွာရန် တွန့်ဆုတ်နေသူ ဖြစ်ကြောင်းကို မေ့ကုန်းချင်းက သိနေခဲ့သည်။

ယခုတွင် မေ့ကုန်းလန်က ချင်းရှင်းကို သဘောကျပြီး ကူညီနေသော်လည်း မေ့ကုန်းလန်အတွက် မြို့တော် Tသို့ ပြောင်းရွှေ့နေထိုင်ရန် အမှန်တကယ်ပင် ခက်ခဲလှသည်။

"အင်း ကောင်းပြီလေ။ ငါ့လက်ထဲမှာ ပိုက်ဆံနည်းနည်းကျန်သေးတယ်" ဟုမေ့ကုန်းလန်က ဝမ်းသာအားရ သဘောတူလိုက်သည်။

မေ့ကုန်းချင်းက ထိုစကားကို ကြားလိုက်သောအခါ

အလွန်ဝမ်းသာသွားပြီး "အစ်မကုန်းလန် အဲ့အတွက်စိတ်မပူနဲ့တော့။ ရှင်းကောကိုပဲ အပ်ထားလိုက်‌တော့" ဟုပြောလိုက်သည်။

အိမ်သို့ပြန်ရောက်သောအခါ အားလုံးက ချင်းရှင်း၏ အိမ်သစ် ပြောင်းရွှေ့ပွဲအတွက် အပြင်စားသောက်ဆိုင်၌ ထပ်မံ၍ အောင်ပွဲခံခဲ့ကြသည်။

ည ၁၂ နာရီအထိ ဟူရှင်းကောက ချင်းရှန်ဆင်ခြေဖုံးရပ်ကွက်ရှိ အိမ်များအကြောင်းကို အင်တာနက်ပေါ်တွင် စုံစမ်း‌နေခဲ့သည်။

မေ့ကုန်းလန်ကလည်း သူမ၏ ကိုယ်ပိုင် စုဆောင်းငွေများကို တွက်ချက်နေခဲ့သည်။

လွန်ခဲ့သည့်လအနည်းငယ်အတွင်း ရရှိသောဝင်ငွေနှင့် ယခင်စုဆောင်းငွေသည် ယွမ် ၄၀၀,၀၀၀ ခန့် ရှိ‌နေပြီ ဖြစ်သည်။

ထိုငွေများဖြင့် တိုက်ခန်းငယ်တစ်လုံးဝယ်ရန် ဖြစ်နိုင်သည်။

...

ချင်းရှင်းက ကားပေါ်၌ နောက်ထပ်သုံးရက်သာ ရောင်းချတော့မည်ဟု ကြေငြာထားပြီး နောက်သုံးရက်အကြာတွင် တောင်ခြေရင်း၌ စားသောက်ဆိုင် ဖွင့်လှစ်တော့မည့် အကြောင်းကိုပါ ကြေညာထားခဲ့သည်။

ဆိုလိုသည်မှာ ခြောက်ရက်အကြာတွင် ချင်းရှင်း၏ လုပ်ငန်းတည်နေရာက တောင်ခြေရင်းဆီသို့ ပြောင်းရွှေ့သွားတော့မည် ဖြစ်သည်။

ကလေးမျက်နှာနှင့် ကောင်မလေးက အနည်းငယ် ဝမ်းနည်းသွားပြီး "အစ်မရှင်းရှင်းက ဒီမှာ စျေးဆိုင်မဖွင့်တော့ဘူးလား" ဟုညိုးငယ်စွာဖြင့် မေးမြန်းလိုက်သည်။

"အင်း ချင်းရှန်မှာ‌ဆို တစ်နေ့လုံး လာဝယ်စားလို့ရတယ်"

"အင်းပါ။ ဒါဆိုလည်း စနေ၊ တနင်္ဂနွေမှာ လာစားမယ်" ဟုပြောလိုက်သည်။


"အင်း ဟုတ်ပြီ"

လူတိုင်းက ချင်းရှင်း၏ဆိုင်ကို အနည်းငယ် ဝေးသည်ဟု ခံစားရသော်လည်း စျေးမကြီးဟု ခန့်မှန်းလိုက်ကြသည်။

သို့သော် ကုအုပ်စုမှ ထိုမြေကိုနှစ် 70 တိုင်ငှားရမ်းခဲ့သည်ကို အချို့သော လူများက သိကြပြီး အနာဂတ်၌ ဤကဲ့‌သို့ တတိတ်ဆိတ်နေလိမ့်မည် မဟုတ်မှန်း ခန့်မှန်းခဲ့ကြသည်။

သို့သော်ငြား လူတိုင်းက ချင်းရှင်း၏ ပြောင်းရွှေ့မှု အတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့ကြသည်။

အကွာအဝေး ပြဿနာကြောင့် ဖောက်သည်အများစုက အလုပ်တက်ချိန်အတွင်း ချင်းရှင်းထံမှ ဝယ်မစားနိုင်တော့ပေ။

ချင်းရှင်းက စားသောက်ဆိုင်အတွက် အမှန်တကယ်ပင် ကောင်းကောင်း ပြင်ဆင်ထားခဲ့သည်။

သူမ၏ ဆိုင်နေရာက လက်ရှိအချိန်၌ ဆင်ခြေဖုံးရပ်ကွက်သာ ဖြစ်နေဆဲ ဖြစ်သဖြင့် လူသိပ်မရှိသောကြောင့် ရွှေ့ပြောင်းပြီးသည့်အချိန်၌ ပါဝင်ပစ္စည်းများကို ပုံမှန်ထက် တစ်ဝက်လျှော့ကာ  ပြင်ဆင်ခဲ့သည်။

ဆိုင်ဖွင့်သည့် နောက်ဆုံးသုံးရက်အတွင်း ချင်းရှင်းက ပါဝင်ပစ္စည်း အများအပြားကို ပြင်ဆင် ရောင်းချခဲ့သော်လည်း နေ့တိုင်း ဆယ်နာရီမထိုးမီတွင် ကုန်သွားခဲ့သည်။

ချင်းရှင်း၏ ဖောက်သည်များက ချင်းရှင်းထံမှ အချိန်အကြာကြီး ဝယ်မစားနိုင်တော့ဟု ထင်နေကြသဖြင့် ဤရက်များအတွင်း ချင်းရှင်း၏ဆိုင်မှ မနက်စာများကို အလုအယက် ဝယ်ယူနေခဲ့ကြသည်။

ဆိုင်ပိတ်လိုက်သည့် ပထမဆုံးနေ့တွင် ချင်းရှင်းက အနာဂတ် စားသောက်ဆိုင်အတွက် လိုအပ်သောပစ္စည်းများကို စတင်ဝယ်ယူခဲ့သည်။

အနာဂတ်၌ သတ်မှတ်ထားသော နေရာတစ်ခုရှိနေပြီဖြစ်သဖြင့် နေ့လယ်စာနှင့် တရုတ်အစားအစာများကို

ပါ ရောင်းချနိုင်ပြီ ဖြစ်သည်။

ထို့အပြင် ပါဆယ်ထုတ်လိုသူများအတွက် တစ်ခါသုံးစက္ကူအိတ်များအပြင် စားသောက်ဆိုင်၌ လာရောက် စားသုံးသူများအတွက် ပန်းကန်ခွက်ယောက်အချို့လည်း လိုအပ်သေးသည်။

ထိုအရာများအပြင် ဟင်းခတ်အမွှေးအကြိုင် အမျိုးမျိုးလည်း ဝယ်ယူထားရန် လိုအပ်သည်။

ချင်းရှင်းက စျေးကွက် ကြီးကြပ်ရေးနှင့် အုပ်ချုပ်ရေးဌာနသို့ သွားရောက်ခဲ့ရာ ကုမ္ပဏီ၏ သက်ဆိုင်ရာ လက်မှတ်များကို ရယူရန်အတွက် နောက်ထပ် တစ်ရက်ကြာမြင့်ခဲ့သည်။

ထိုအရာများ ပြီး၍ အိမ်ပြန်ရောက်ပြီးနောက် ချင်းရှင်းက တောင်ခြေရှိ အိမ်သို့ပြောင်းရွှေ့ရန် အသင့်ဖြစ်နေပြီဟု လုယိမင်ထံမှ မက်ဆေ့ချ်ကို လက်ခံရရှိခဲ့သည်။

ထို့ကြောင့် ချင်းရှင်းက ပစ္စည်းများကို စတင်ထုပ်ပိုးလိုက်သည်။

!!.....!!
...…….................................
.........................................

အပိုင်း (၅၀) ပြီးပါပြီ။

အမြောက်စာဇာတ်ကောင်လေးဆီမှ အချက်အပြုတ်နတ်ဘုရားမစီသို့Where stories live. Discover now