Chapter 22
November 02, 2023
အခန်း(၂၂)ရှောင်ဖန်းက ဘော့စ်တစ်ယောက် သူ့ကို အလကားကြော်ငြာပေးမည်ဟု မထင်ခဲ့ပေ။ ယခုအချိန်တွင် သူ၏ နှလုံးလေးကချင်းရှင်း၏ ပိုက်ဆံကို လက်မခံနိုင်တော့ချေ။
သို့သော် ချင်းရှင်းက သူပြောသည်ကို လက်မခံဘဲ ဒီဇိုင်းနယ်ပယ်က အလွန်ခက်ခဲလှ၍ ရှောင်ဖန်းတစ်ယောက် ပိုက်ဆံလက်မခံဘူးဆိုလျှင် သူ၏ဒီဇိုင်းကို သုံးရန်အတွက် ရှက်ရွံ့လှသည်ဟု ပြန်ပြောခဲ့သည်။
အဆုံးတွင် ရှောင်ဖန်းက ပိုက်ဆံပြန်ပေးရန်လုပ်သော်လည်းတစ်ဖက်လူက ထပ်ကာတလဲလဲငြင်းဆိုနေခဲ့သည်။ ယခုတွင်သူ၏ ဖော်လိုဝါအရေအတွက်မှာ မြင့်တက်နေဆဲဖြစ်ပြီး မကြာခင်တွင် အယောက်တစ်ထောင်ပင် ကျော်တော့မည် ဖြစ်လေရာ သူ့ဘာသာ ဖော်လိုဝါ ဝယ်မည်ဆိုလျှင်ပင် ယခုလောက် မြန်မြန်တိုးမလာနိုင်ပေ။
ချင်းရှင်းက လိုဂို ရလာပြီးနောက်တွင် သူမ၏ဝေ့ပေါ်အကောင့်ပရိုဖိုင်ကို ပြောင်းလိုက်ပြီး ပထမထပ်ကိုပြေးသွားကာ မေ့ကုန်းချင်ကို ပုံနှိပ်စက်ရုံအချို့ကိုသိသလားဟု မေးခဲ့ပြီးသူမ၏ လိုဂိုကို အိတ်များ ဘူးများတွင် ပုံနှိပ်ချင်သည်ဟု ပြောခဲ့သည်။
ဟူရှင်းကော သူ့ကို အားကိုးရန် ပြောလိုက်သည်။
ဤလူနှစ်ဦး၏ အကူအညီဖြင့် ချင်းရှင်း လုပ်ရမည့်အရာများက အတော်လေး အဆင်ပြေ လွယ်ကူသွားရသည်။
အမှန်အတိုင်းပြောရလျှင် ဟူရှင်းကောနှင့် မေ့ကုန်းချင်တို့ကလည်း ချင်းရှင်းက သူတို့ကို အတော်လေးကူညီပေးခဲ့ကြောင်းခံစားနေရသည်။ မတိုင်ခင်က ဟူရှင်းကောက ဈေးပိုသက်သာသည့် ကုန်ပစ္စည်းများကို ဝယ်ယူရောင်းချခဲ့သော်လည်းအများကြီးမဝယ်ရဲခဲ့ပေ။ ရောင်းမထွက်မည်ကို ကြောက်သလိုဆိုင်မထွက်ဖြစ်၍ အလဟဿဖြစ်သွားမည်ကိုလည်းစိုးရိမ်၍ဖြစ်သည်။ ယခုတွင် ချင်းရှင်းရှိနေပြီဖြစ်သည်။ ဂျုံမှုန့်ကဲ့သို့သော ဈေးပေါသည့်ပါဝင်ပစ္စည်းများဖြင့် ကြုံရလျှင်ပင်ဟူရှင်းကောက ပြန်မပေးတော့ဘဲ ပိုပိုသာသာသယ်နိုင်လာလေသည်။