Chapter 28
November 08, 2023
အပိုင်း(၂၈)ချင်းရှင်းက အံဆွဲထဲမှ ပုလင်းနှစ်လုံးကို ထုတ်ကာ မေ့ကုန်းချင်းတို့ ညီအစ်မအား ပေးရန်အတွက် အောက်ထပ်သို့ ဆင်းသွားခဲ့သည်။
မေ့ကုန်းလန်က လက်ခံရန် အားနာနေသဖြင့် ချင်းရှင်းက "ကျွန်မ အတန်းဖော်က ဒါတွေကို ပို့ပေးလိုက်တာ။ သူကိုယ်တိုင် လုပ်တာမို့ ဈေးမကြီးဘူး။ အဲ့ဒါကြောင့် စိတ်အေး လက်အေး လက်ခံပါ အစ်မကုန်းလန်" ဟုပြောလိုက်သည်။
ထိုအခါမှ မေ့ကုန်းလန်က ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် လက်ခံလိုက်သည်။
"ငါ့ပုလင်းလည်း မကုန်သေးဘူး။ သုံးလို့ ကောင်းမှန်းသိကတည်းက အကြိမ်တိုင်း နည်းနည်းစီပဲ သုံးတာ" ဟုမေ့ကုန်းချင်းက ဝင်ပြောလိုက်သည်။
ချင်းရှင်းက "မခြွေတာပါနဲ့ အစ်မကုန်းချင်းရဲ့။ကျွန်မ အတန်းဖော်ဆီမှာ ပစ္စည်းတွေ အများကြီးရှိတယ်။ အဲ့ဒါကြောင့် ကုန်သွားလည်း ထပ်ဝယ်လို့ရ
တယ်" ဟုပြောလိုက်သည်။
"အင်းပါ သုံးပါ့မယ်"
မေ့ကုန်းချင်းက ထုတ်သုံးမည်ဟု ကတိပေးခဲ့သော်လည်း လက်တွေ့တွင် အသုံးပြုရန် တွန့်ဆုတ်နေဆဲဖြစ်သည်။
မေ့ကုန်းလန်က "ဒါမှမဟုတ် ငါတို့ နင့်ရဲ့ အတန်းဖော်ဆီကနေပဲ တိုက်ရိုက်ဝယ်လိုက်မယ်လေ။ အကြိမ်တိုင်း ဝယ်ပေးနေရရင် နင်အလုပ်ရှုပ်နေမှာပေါ့" ဟုပြောလိုက်သည်။
ထိုအခါ ချင်းရှင်းက "ရပါတယ်။ ကျွန်မရဲ့ အတန်းဖော်နဲ့က ကိစ္စမရှိဘူး" ဟုပြန်ပြောလိုက်သည်။
ချင်းရှင်းကို ငွေအနည်းငယ်ပေးမှ တရားမျှတမည်ဟု နှစ်ယောက်စလုံးက ထင်ခဲ့ကြသည်။
သို့သော် အချိန်အတော်ကြာ ဆွေးနွေးကြပြီးနောက် ပိုက်ဆံပေးမည် ဟူသော အတွေးကို စွန့်လွှတ်လိုက်ကြသည်။