အပိုင်း(၄၃)
နှစ်ယောက်သား ခဏကြာ စကားစမြည်ပြောကြပြီး နောက် အဆောင်ခန်းထဲသို့ ပြန်သွားကာ အနားယူလိုက်ကြသည်။
ညနေ 4:30 တွင် ဝူဒန်ဒန်မှ ထွက်ခွာရန် ပြောဆိုလာခဲ့သည်။
"မစောလွန်းဘူးလား" ဟုချင်းရှင်းက မေးလိုက်သောအခါ "ဟိုမှာ အတန်းဖော်တွေ ရောက်နေပြီတဲ့" ဟုဝူဒန်ဒန်က ပြန်ပြောလိုက်သည်။
နှုတ်ဆက် ညစာစားပွဲလုပ်မည့် ဟိုတယ်က ကျောင်းမှ မိနစ် 20 သာ လမ်းလျှောက်ရပြီး ဘတ်စ်ကားစီးလျှင် တစ်မှတ်တိုင်သာ စီးရသည်။
လူတိုင်းက ညစာစားပွဲတွင် သောက်စားကြမည် ဖြစ်သဖြင့် ကျောင်းနှင့် သိပ်မဝေးသည့် နေရာ၌သာ ညစာစားပွဲကို စီစဉ်လိုက်ခြင်း ဖြစ်သည်။
သုံးယောက်သား အဆောင်ခန်းမှ ထွက်၍
ဘတ်စ်ကားပေါ် သို့တက်ကာ မကြာခင်၌ ဟိုတယ်သို့ ရောက်သွားခဲ့သည်။
ဟိုတယ်ခန်းထဲတွင် အတန်းဖော်များ ရောက်နှင့်နေပြီ ဖြစ်ပြီး ဝူဒန်ဒန်က အခြားအတန်းဖော်များနှင့် စကားသွားပြောနေသည့် အချိန်တွင် ချင်းရှင်းနှင့် ထန်ရှီးလန်တို့က တိတ်ဆိတ်ငြိမ်သက်သည့် နေရာတစ်ခုကို ရှာထိုင်ခဲ့ကြသည်။
ခဏအကြာတွင် အတန်းဖော် တစ်ယောက် ရောက်လာပြီး "ချင်းရှင်း နင့်ရဲ့ အသားအရေကို ဘယ်လိုထိန်းသိမ်းထားလဲ။ နင့်ရဲ့ အသားအရေက အရမ်းကောင်းတယ်" ဟုမေးမြန်းလာခဲ့သည်။
ချင်းရှင်းက သူမ သိပ်ဂရုမစိုက်ဘူးဟု ပြောလျှင် ဝူဒန်ဒန် မယုံသကဲ့သို့ ထိုအတန်းဖော်လည်း မယုံမည်ကို စိုးရိမ်သဖြင့် "နောက်ကျမှ မအိပ်နဲ့" ဟုသာ ပြန်ပြောလိုက်သည်။
"မဟုတ်ဘူးလေ။ နင်ဘာ skin care ပစ္စည်းတွေ သုံးနေတာလဲ" ဟုအတန်းဖော်က ထပ်မေးလိုက်သည်။
"အဲ့ဒါတော့ ငါတကယ်ကို မသုံးဘူး"
အတန်းဖော် အမျိုးသမီးက ချင်းရှင်း၏ စကားကို မယုံသဖြင့် ထန်ရှီးလန်က "ဟုတ်တယ်။ ချင်းရှင်းက အဲ့ဒါတွေကို တကယ် မသုံးဘူး။ ငါတို့က အတူတူ နေတာဆိုတော့ သိတယ်" ဟုဝင်ပြောလိုက်သည်။
ထိုအခါ အတန်းဖော် အမျိုးသမီးက "ကောင်းပါပြီ၊ ဒါပေမယ့် နင့်ရဲ့အသားအရေက တကယ် အရမ်းကောင်းတာပဲ" ဟုပြန်ပြောလိုက်သည်။
ချင်းရှင်းက "ကျေးဇူးတင်ပါတယ်" ဟုသာပြန်ပြောလိုက်သည်။
....
အခန်းထဲမှ တက်ကြွနေသော လေထုက ရုတ်တရက် ငြိမ်သက်သွားခဲ့ကာ ချင်းရှင်းက သူမအား မျက်လုံးများစွာ ဝိုင်းကြည့်နေသည်ဟု ခံစားလိုက်ရသည်၊၊
ထို့ကြောင့် ချင်းရှင်းက အဝေးကို လှမ်းကြည့်လိုက်ရာ လွီယာနှင့် ရှီဟောင်တို့ နှစ်ယောက်သား သီးသန့်
အခန်း၏ တံခါးဝတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
ထိုအခါ စာသင်ခန်းထဲ၌ ချင်းရှင်းကို ရန်စခဲ့သော အတန်းဖော် အမျိုးသမီးက "အိုး၊ လွီယာက ငါတို့နဲ့ တူတူ စာသင်လာခဲ့တာ လေးနှစ်ရှိပြီဆိုတော့ နှုတ်ဆက်ပွဲကို လာဖို့ ငါခေါ်လိုက်တာ။ အားလုံးပဲ စိတ်မရှိကြဘူးမလား" ဟုထပြောလိုက်သည်။
အတန်းဖော်များစွာက ခေါင်းယမ်းပြလိုက်ကြပြီး
ချင်းရှင်းက သူမ၏ အကြည့်ကို ပြန်လွှဲလိုက်ကာ ထန်ရှီးလန်နှင့် စကားဆက် ပြောနေခဲ့သည်။
ချင်းရှင်းက အတန်းဖော် အမျိုးသမီး၏ မေးခွန်းနှင့် အခြားသူများ၏ အကြည့်များကို လျစ်လျူရှု ထားခဲ့သည်။
ထန်ရှီးလန်ကမူ ချင်းရှင်းကို ခေါ်လာခဲ့မိသည်ကို နောင်တရနေခဲ့သည်။
လွီယာက ချင်းရှင်း လျစ်လျူရှုထား လိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် အလွန် မကျေမနပ် ဖြစ်သွား
သော်လည်း စိတ်ကို ထိန်းကာ ရှီဟောင်၏ လက်မောင်းကို ကိုင်ပြီး "အားလုံးပဲ မတွေ့ရတာ ကြာပြီနော်။ ဒါက ငါ့ခင်ပွန်းလေ။ ရှီဟောင်တဲ့" ဟုမိတ်ဆက်ပေးလိုက်သည်။
ကျောင်းသားအချို့က တုံ့ပြန်ကြပြီး ရှီဟောင်၏ မျက်လုံးများက ချင်းရှင်းအပေါ်၌သာ ရှိနေခဲ့သည်။
ရှီဟောင်က မတုံ့ပြန်သဖြင့် လွီယာက လှည့်ကြည့်လိုက်သောအခါ ရှီဟောင်၏ မျက်လုံးများက ချင်ရှင်းကိုသာ ကြည့်နေကြောင်း တွေ့လိုက်ရသဖြင့်
ဒေါသထွက်သွားခဲ့သည်။
...
ရှီဟောင်၏အိမ်တွင် ခြိမ်းခြောက် နေထိုင်ပြီးနောက် လွီယာက အပြင်ထွက်ပြီး အလုပ်မရှာခဲ့ပေ။
နောက်ဆုံး လွီယာက ယောက်ျားတစ်ယောက်၏ အိမ်၌ နေထိုင်နေခဲ့သည်။
တစ်ရက် နှစ်ရက်ဆိုလျှင် အဆင်ပြေသော်လည်း
အချိန်ကြာလာသောအခါ ယောက်ျားတို့၏ သဘာဝတရားက ထွက်ပေါ်လာခဲ့သည်။
ရက်အနည်းငယ်ကြာပြီးနောက် ညအမှောင်ထဲတွင် ရှီဟောင်က လွီယာ၏အခန်းဆီသို့ ဝင်လာကာ လွီယာကို အိပ်ယာပေါ်သို့ တွန်းလှဲပြီး အဓမ္မကျင့်ခဲ့သည်။
လွီယာက အနိုင်ကျင့်ခံနေရသော်လည်း သူမတွင် ပိုက်ဆံမရှိ၍ သွားစရာမရှိသောကြောင့် ရှီဟောင်၏ အိမ်၌သာ ဆက်လက် နေထိုင်ခဲ့သည်။
ရှီဟောင်က လွီယာကို ညတိုင်း နှောင့်ယှက်ကာ နောက်ဆုံးတွင် လွီယာနှင့် အတူတူ တစ်အိပ်ယာတည်းတွင် အိပ်ခဲ့သည်။
ထောင်ကျတော့မည် ဖြစ်သည့် လွီယာက ရဲစခန်းတွင် နေမကောင်းဖြစ်သဖြင့် စစ်ဆေးကြည့်လိုက်ရာ ကိုယ်ဝန်ရှိနေသည်ကို သိရှိခဲ့ရသည်။
ဤအချိန်တွင် ကိုယ်ဝန်ရှိနေခြင်းက လွီယာအတွက် သတင်းကောင်းဖြစ်သည်။
ထို့ကြောင့် မကြာခင်၌ လွီယာက ထောင်အပြင်
ဘက်၌သာ ထိန်းသိမ်းခံခဲ့ရသည်။
လွီယာထံ၌ သူ၏ကလေး ရှိနေသည်ကို ရှီဟောင် သိသွားသောအခါ လွီယာကို ဖျက်ချခိုင်းခဲ့သော်လည်း လွီယာက လက်မခံခဲ့ပေ။
ထိုကလေးက သူမ၏ အသက်ကို ကယ်တင်ခဲ့သူ ဖြစ်သည်။
ထို့ကြောင့် လွီယာက ရှီဟောင်၏ မိခင်ကို သွားတွေ့ခဲ့သည်။
ရှီဟောင်၏ မိခင်က လွီယာတွင် ကိုယ်ဝန်ရှိနေကြောင်း ကြားလိုက်သောအခါ ကလေးဖျက်ချမည့် အစီအစဉ်ကို သဘောမတူဘဲ ရှီဟောင်၏ အိမ်သို့ ချက်ချင်း ပြောင်းလာခဲ့သည်။
ရှီဟောင်၏ မိခင်က လွီယာ၏ ကလေးအား ဖျက်ချရန် သဘောမတူသော်လည်း လွီယာက ရှီဟောင်နှင့် လက်ထပ်စာချုပ် ချုပ်ဆိုမည်ဟု ပြောလာသောအခါ မသိချင်ယောင် ဆောင်နေခဲ့သည်။
ပထမတွင် လွီယာက ရှီဟောင်၏ အမေကို ကောင်းသည်ဟု ထင်ခဲ့သည်။
သို့သော် ရက်အနည်းငယ်ကြာ အတူတူ နေထိုင်ပြီးနောက် ရှီဟောင်၏ မိခင်က ပေါင်းသင်းရန် ခက်ခဲရုံသာမက ဖိအားပေး ခိုင်းတတ်ကြောင်းကိုပါ သိရှိလာခဲ့သည်။
သူမ၏ နေရာတွင် ချင်ရှင်းက ယခုကဲ့သို့ ကြုံတွေ့ရမည် ဖြစ်သောကြောင့် လှပနေသော ချင်းရှင်းကိုကြည့်ပြီး လွီယာက မကျေနပ်ခဲ့ပေ။
ဝူဒန်ဒန်က ခေါင်းငုံ့ပြီး "လွီယာ တစ်ယောက် ဘာတွေ ကြုံခဲ့ရလဲမသိဘူး။ သူ့ကို ကြည့်ရတာ အသက်သုံးဆယ်လောက် ရှိပြီလို့တောင် ထင်ရတယ်" ဟုပြောလိုက်သည်။
သို့သော် ထန်ရှီးလန်နှင့် ချင်းရှင်းက ပြန်မပြောခဲ့ပေ။
လွီယာက ရှီဟောင်ကို ဆွဲခေါ်ကာ ချင်ရှင်းနှင့် မနီးမဝေးတွင် ထိုင်လိုက်ပြီး "ယောက်ျား မိန်းမ ဒီအသီးကို စားချင်တယ်" ဟုချွဲ့နွဲ့ကာ ပြောဆိုလိုက်သည်။
ရှီဟောင်က မကြားသဖြင့် လွီယာက ရှီဟောင်၏ ပေါင်ကို လိမ်ဆွဲလိုက်ရာ ရှီဟောင်က ခုန်ထပြီး "မင်း ဘာလုပ်တာလဲ" ဟုအော်ဟစ် ဆဲဆိုတော့သည်။
လွီယာ၏ မျက်နှာက ရုတ်တရက် ညိုးကျသွားသဖြင့်အတန်းထဲမှ အတန်းဖော် အမျိုးသားအချို့က ရှီဟောင်ကို "လွီယာက ကိုယ်ဝန်ကြီးနဲ့ကို မင်းက ဘာလို့ ဒီလို ဆက်ဆံနေတာလဲ" ဟုဝိုင်းဝန်း ပြောဆိုကြတော့သည်။
ရှီဟောင်က ပြန်ငြင်းခုံရန် ပြင်လိုက်သောအခါ
လွီယာက ရှီဟောင်၏နားသို့ ကပ်ပြီး တစ်ခုခုပြောလိုက်သဖြင့် ရှီဟောင်၏ အမူအရာက ချက်ချင်းပြောင်းသွားပြီး "တောင်းပန်ပါတယ် ငါမှားသွားပါတယ်" ဟုပြောလိုက်သည်။
ထိုစကားပြောပြီးနောက် ရှီဟောင်က မျက်နှာ သိသိသာသာ ပျက်သွားခဲ့သည်။
ရှီဟောင်၏ မျက်နှာကို ကြည့်ပြီး လူတိုင်းက ဆက်မပြောကြတော့ပေ။
ရှီဟောင်က လွီယာကို ကြည့်၍ "ချစ်လေး၊ မင်းဘာစားချင်လဲ ကိုယ်ယူပေးမယ်။ မင်းဒီမှာ အေးအေးဆေးဆေးထိုင်နေ" ဟုပြောလိုက်သည်။
ရှီဟောင်၏ အသံက ကျယ်လောင်လွန်းလှသဖြင့် လူတိုင်းက ကြားလိုက်ရသည်။
...
အတန်းခေါင်းဆောင်က "ကောင်းပြီ၊ ထိုင်ကြတော့ စားကြရအောင်!" ဟုဆော်ဩလိုက်သဖြင့်
ညစာစားပွဲသို့ ရောက်လာကြသော လူ ၃၀ ကျော်က စားပွဲနှစ်လုံးတွင် ဝင်ထိုင်လိုက်ကြသည်။
ချင်းရှင်းနှင့် ထန်ရှီးလန်တို့က အနီးစပ်ဆုံး စားပွဲတွင် ဝင်ထိုင်ခဲ့ကြသည်။
ချင်းရှင်း ထိုင်နေသည်ကို မြင်လိုက်သော လွီယာနဲ့ ရှီဟောင်တို့က ချက်ချင်း ချင်းရှင်းထိုင်နေသော စားပွဲတွင် အမြန်ဝင်ထိုင်လိုက်ကြသည်။
ထန်ရှီးလန်က ချင်းရှင်းကို ဆွဲခေါ်ပြီး အခြားစားပွဲသို့ ပြောင်းထိုင်ရန် ပြင်လိုက်သော်လည်း ချင်းရှင်းက ခေါင်းယမ်းပြကာ လက်မခံခဲ့ပေ။
လွီယာနှင့် ရှီဟောင်တို့က သူမဆီသို့ ရောက်လာသည်မှာ ထင်ရှားနေသဖြင့် စားပွဲပြောင်းထိုင်လျှင်ပင် လိုက်လာကြဦးမည် ဖြစ်သည်။
ထန်ရှီးလန်က လေသံတိုးတိုးဖြင့် "ဆောရီးပါ၊ ငါ ဒီလိုဖြစ်မယ်မှန်းသာ သိရင် မနေ့က နင့်ကို လာဖို့ ငါမစည်းရုံးခဲ့ပါဘူး" ဟုပြောလိုက်သည်။
"ရပါတယ်။ ဒါတွေက တစ်ချိန်ကျရင် ဖြစ်လာမှာပဲ"
အစားအသောက်များ စားပွဲပေါ်သို့ ရောက်လာသောအခါ လွီယာနဲ့ ရှီဟောင်တို့ဟာ လူတိုင်း၏ အာရုံကို ဆွဲဆောင်ရန် ကြိုးစားကြတော့သည်။
"ယောက်ျား ဒီပုဇွန်စားချင်တယ်"
"ချစ်လေး ကြိုက်ရင် များများစားနော်"
"ယောက်ျားက အခွံခွာပေးမှာလား"
"ဒါပေါ့ ချစ်လေးရဲ့"
...
"လွီယာ နင့်ယောက်ျားက အရမ်းကောင်းတာပဲ"
လွီယာ၏ မိတ်ဆွေ အတန်းဖော် အမျိုးသမီးက ထိုသို့ ထပြောလိုက်သည်။
"မဟုတ်ဘူး ငါ့ယောက်ျားက ရိုးသားတာ" ဟုလွီယာက ပြန်ပြောလိုက်သည်။
ထိုအခါ အတန်းဖော် အမျိုးသမီးက “မြင်ပါတယ်” ဟု ပြန်ပြောလိုက်သည်။
လွီယာနှင့် ရှီဟောင်က မည်ကဲ့သို့ ပြုမူနေကြသည်ဖြစ်စေ ချင်းရှင်းက သူတို့ကို လုံးဝ မကြည့်ခဲ့ပေ။
ထိုကြောင့် လွီယာက "ချင်းရှင်း ငါမှတ်မိသလောက်ကတော့ နင်က ပုဇွန်ကို အကြိုက်ဆုံးပဲ မလား။ ဒီနေ့ဘာလို့ မစားတာလဲ" ဟုထမေးလိုက်သည်။
"နင် မှတ်မိတာ မှားနေပြီ"
"ဘာလို့ ဒီလောက်ပဲ စားတာလဲ။ တစ်ခုခု အဆင်မပြေလို့လား"
လူအများက လွီယာ၏ စကားကို ကြားလိုက်သောအခါ ချင်းရှင်းကို ဝိုင်းကြည့်ကြတော့သည်။
လွီယာ ပြောလိုက်သည့် စကား၏ အဓိပ္ပါယ်မှာ အလွန်ထင်ရှားသည်။
"ငါနဲ့ ရှီဟောင်က ချစ်မိသွားလို့ နင်မစားနိုင်တော့တာမလား" ဟူသည့် ဆိုလိုရင်း ဖြစ်သည်။
ထိုအခါ ထန်ရှီးလန်က "ချင်းရှင်း နင်အရသာမရှိလို့ မစားချင်တာ မလား" ဟုထပြောလိုက်သည်။
ချင်းရှင်းက ခေါင်းညိတ်ပြလိုက်ပြီး "အင်း ဒီက အစားအသောက်တွေက တကယ်အရသာ မရှိဘူး" ဟုထောက်ခံ ပြောဆိုလိုက်သည်။
ညစာစားပွဲ ကျင်းပသည့် ဟိုတယ်က ကျောင်းပတ်ဝန်းကျင်တွင် အကောင်းဆုံး ဟိုတယ်ဖြစ်ပြီး ကျန်းအုပ်စုက ပိုင်ဆိုင်သည်။
ချင်းရှင်းက မတုန်လှုပ်သည်ကို မြင်လိုက်ရသောအခါ လွီယာက မကျေမနပ် ဖြစ်သွားခဲ့သည်။
သို့သော် အလွန်အကျွံစားမိသဖြင့် ဗိုက်ထဲတွင် နည်းနည်းနာလာသောကြောင့် လွီယာက ထပြီး အိမ်သာသွားခဲ့သည်။
အိမ်သာထဲရှိ မှန်ကိုကြည့်ကာ လွီယာက မျက်လုံးထဲတွင် မနာလိုမုန်းတီးမှုများ ပြည့်နှက်နေပြီး သူမ၏ မျက်နှာကို သစ်လိုက်သည်။
ချင်းရှင်းအကြောင်းတွေးရင်း လွီယာက စိတ်တိုပြီး ဘေစင်ထဲမှရေကို ရိုက်ပုတ်လိုက်သည်။
"နင်ဘာလုပ်နေတာလဲ"
လွီယာက သူမ၏ အနောက်မှ ကြီးကျယ်ခမ်းနားသော အမျိုးသမီးတစ်ဦး၏ အသံကြောင့်
အံ့အားသင့်သွားခဲ့သည်။
ထို့ကြောင့် လှည့်ကြည့်လိုက်သောအခါ စုရွှမ်ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် "မစ္စစ်စု" ဟုခေါ်လိုက်သည်။
စုရွှမ်က မစ္စစ်စု ဟူသည့် နာမည်ကို သဘောကျပုံပေါ်ပြီး လွီယာကိုကြည့်ကာ ခေါင်းညိတ် ပြလိုက်သည်။
"နင် ကျန်းအုပ်စုရဲ့ ပုံမှန်ဝန်ထမ်း ဖြစ်နေပြီလို့ ငါကြားလိုက်ရတယ်။ ဂုဏ်ယူပါတယ်" ဟုလွီယာက ပြောလိုက်သည်။
စုရွှမ်က "ကျေးဇူးတင်ပါတယ်" ဟုသာပြောပြီး လွီယာနှင့် စကားမပြောချင်တော့သဖြင့် အိမ်သာမှ ထွက်လာခဲ့သည်။
လွီယာက စုရွှမ်၏အနောက်သို့ လိုက်သွားခဲ့ပြီး
အပြင်ဘက်တွင် စောင့်နေသော ကျန်းအုပ်စု၏ သခင်လေး ကျန်းရှုရန်ကို မြင်လိုက်သောအခါ ရုတ်တရက် အတွေးတစ်ခု ပေါ်သွားခဲ့သည်။
"စုရွှမ် ငါတို့ အတန်းက ဒီည ဒီမှာ နှုတ်ဆက်ညစာ စားပွဲလုပ်နေလို့ တူတူလာစားပါလား"
စုရွှမ်က ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်ပြီး ကျန်းရှုရန်နှင့်အတူ ထွက်လာခဲ့သည်။
ထိုအချိန်၌ လွီယာက "ကျွန်မတို့ အတန်းထဲက အတန်းဖော်တစ်ယောက်က ဒီက အစားအသောက်တွေကို အရသာမရှိဘူးလို့ ပြောတယ်" ဟုထပြောလိုက်သည်။
ပထမတွင် လွီယာက ထိုစကားကို ပြောရန် မရည်ရွယ်ခဲ့သော်လည်း ကျန်းအုပ်စုမှ ကျန်းရှုရန်ကိုတွေ့ပြီးနောက် ထိုသို့ပြောလိုက်ခြင်း ဖြစ်သည်။
ချင်းရှင်း၏ စကားက ကျန်းအုပ်စုကို ထိခိုက်စေမည်မှာ အသေအချာပင် ဖြစ်သည်။
ကျန်းရှုရန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး လွီယာကို စိတ်တိုသွားသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ထိုအကြည့်ကြောင့် လွီယာက ထိတ်လန့်သွားသော်လည်း ထိတ်လန့်ကြောက်ရွံ့မှုကို တွန်းလှန်ပြီး "စုရွှမ်လိုလူမျိုးက ကျန်းအုပ်စုနဲ့ မတန်ဘူးလို့လည်း သူမက ပြောခဲ့တယ်" ဟုဆက်ပြောလိုက်သည်။
ထိုအခါ လွီယာ မျှော်လင့်ထားသကဲ့သို့ ကျန်းရှုရန်က "ဘယ်သူက ပြောတာလဲ" ဟုဒေါသတကြီး မေးမြန်းလိုက်သည်။
"အခန်း 301 မှာ သူ့နာမည်က ချင်းရှင်းတဲ့" ဟုလွီယာက ချက်ချင်း ပြန်ပြောလိုက်သည်။
!!.....!!
...…….................................
.........................................
အပိုင်း (၄၃) ပြီးပါပြီ။