Chapter 20

1.2K 120 0
                                    

Chapter 20
October 28, 2023
အပိုင်း(၂၀)

ထုံးစံအတိုင်း ချင်းရှင်းက အိမ်သို့ ပြန်ရောက်သည်နှင့် တတိယထပ်သို့ တက်လာပြီး ရေချိုးလိုက်သည်။

ဆေးရုံမှ အဝတ်အစားများကို လျှော်ဖွတ်ပြီးနောက်လသာဆောင်တွင် လှမ်းလိုက်ရာ ကံဆိုးမှုအားလုံးက သူမ၏ ခန္ဓာကိုယ်မှ ထွက်ခွာသွားသကဲ့သို့ ခံစားလိုက်ရသည်။

ထို့နောက် သန့် ရှင်းသည့် ညအိပ်ဝတ်စုံကို ၀တ်ဆင် ပြီး အိပ်ယာပေါ်တွင် လှဲလျောင်းနေကာ ချင်းရှင်းက လွန်ခဲ့သည့် ရက်အနည်းငယ်က အဖြစ်အပျက်များကို ပြန်လည် တွေးတောလိုက်သည် ။

ရှီဟောင် မြို့တော် T သို့ရောက်ရှိလာသည့် အကြောင်းရင်းကို ချင်းရှင်းက စဉ်းစားလိုက်သည်။

ထန်ရှီးလန်က မြို့တော် T သို့ ချင်းရှင်းရောက်ရှိလာသည့် ကိစ္စကို သိနေသော်လည်း ထန်ရှီးလန်က ထိုကိစ္စကို ထုတ်ဖော်ပြောဆိုမည့်သူ မဟုတ်ကြောင်း

ချင်းရှင်းက သိနေခဲ့သည်။

ထို့အပြင် ထန်ရှီးလန်က မြို့တော် T သို့ ရောက်လာသည့် ချင်းရှင်း၏ ရည်ရွယ်ချက်ကို မသိခဲ့သည့်အပြင် ချင်းရှင်း၏ ဆိုင်နေရာကိုလည်း မသိခဲ့ချေ။

"ဒါဆို ရှီဟောင်က ဒီအကြောင်းကို ဘယ်လိုသိလာတာလဲ"

ချင်းရှင်းက လောလောဆယ်၌ ထိုကိစ္စကို အဖြေမရှာနိုင်တော့ သောကြောင့် သူမ၏ အာရုံကိုပြောင်းပြီး အခြားတစ်ခုခုကို စဉ်းစားရန် ဆုံးဖြတ်လိုက်သည်။

လက်ရှိတွင် မီးဖိုချောင်သုံးပစ္စည်းများ ပျက်စီးသွားပြီဖြစ်သည်။

သုံးဘီးဆိုင်ကယ်က အကောင်းပကတိ ရှိနေသေးသော်လည်း ချင်းရှင်းက ထိုဆိုင်ကယ်ကို ဆက်လက်သုံးရန် ရည်ရွယ်ချက် မရှိတော့ပေ။

ထို့ကြောင့် ယခုအခွင့်အရေးကို အသုံးချကာ လျှပ်စစ်ကားဖြင့် ပြောင်းလဲ ရောင်းချရန် ဆုံးဖြတ်

အမြောက်စာဇာတ်ကောင်လေးဆီမှ အချက်အပြုတ်နတ်ဘုရားမစီသို့Where stories live. Discover now