Chapter 17

1.1K 124 0
                                    

Chapter17
Yamin AungOctober 21, 2023

အပိုင်း(၁၇)

ချင်းကျန်းတုံကို ကြည့်ပြီး ရှီဟောင်က စိတ်လှုပ်ရှားလာကာ "ဦးလေးချင်း ကျွန်တော်နဲ့ ချင်းရှင်းနဲ့ ပြောထားဆိုထားတာ တော်တော်ကြာနေပြီ‌ဆို‌တော့ကျွန်‌တော် တာဝန်မယူတတ်တဲ့လူ မဖြစ်ချင်ဘူး။ ဦးလေးလည်း အဲ့လိုပဲ တွေးတယ်မလား။ အဲ့လိုဆို ချင်းရှင်းအတွက်လည်း မကောင်းဘူးလေ" ဟုပြောလိုက်သည်။

ရှီဟောင်၏စကားများက ချင်းရှင်းနှင့် သူ၏ကြား၌ တစ်စုံတစ်ခု ဖြစ်ပွားခဲ့သည်ကို ရည်ညွှန်းနေပုံရသော်လည်း အမှန်စင်စစ် ယခင် ချင်းရှင်းက အိမ်ထောင်မပြုမီကပင် ရှီဟောင်ကို ထိတွေ့ခွင့် မပြုခဲ့ပေ။

ရှီဟောင်က လက်လာကိုင်ခြင်း၊ ဖက်ခြင်းများ လုပ်လာလျှင်ပင် လက်မခံခဲ့ပေ။

ထိုအခါ ချင်းကျန်းတုံ၏ မျက်နှာက ခက်ထန်လာပြီး ချင်းရှင်းကို ရိုက်တော့မည့်ပုံစံ ဖြစ်နေခဲ့သည်။

ရှီဟောင်က ချင်းကျန်းတုံ၏ တုံ့ပြန်မှုကို ကြည့်ပြီး သူ၏ ပါးနပ်မှုအတွက် စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးလိုက်သည်။

ချင်းရှင်းက အေးစက်စွာ ကြည့်လိုက်ပြီး "မျက်နှာပျက်စရာ ဘာလုပ်ထားလို့လဲ"ဟုပြန်မေးလိုက်သည်။

မေ့ကုန်းချင်းက ချင်းရှင်းအတွက် အစပိုင်းတွင် စိုးရိမ်ခဲ့သော်လည်း ချင်းရှင်း ထိုသို့ ပြန်ပြောလိုက်သောအခါ စိတ်သက်သာရာ ရသွားတော့သည်။

မေ့ကုန်းချင်းက ရှီဟောင်ကို လက်ညှိုးထိုးပြီး "မင်းကောင်းကောင်း မကြီးပြင်းလာရဘူးဆိုရင်တောင် ပြဿနာမရှိဘူး။ ဒါပေမယ့် မင်းက စိတ်ထားမကောင်းဘူး။ မင်းလိုလူဆီ ရှောင်ရှင်းကို ငါတို့ စိတ်ချပြီး ဘယ်လိုအပ်ရမှာလဲ" ဟုပြောလိုက်သည်။

ဟူရှင်းကောကလည်း "အခြေအမြစ်မရှိတဲ့ ကောလဟာလတွေ မဖြန့်ပါနဲ့ကွာ။ မင်းက မိန်းကလေးတစ်ယောက်ရဲ့ နာမည်ဂုဏ်သတင်းကို ဖျက်ဆီးနေတာပဲ" ဟုဝင်ပြောလိုက်သည်။



ဝေရှုရန်က ရှီဟောင်ကို အစပိုင်းတွင် ရိုးသားသည်ဟုထင်ထားသော်လည်း လက်ရှိ ဖြစ်ပျက်ခဲ့သော ကိစ္စများကြောင့် ရှီဟောင်က သူမထင်ထားသကဲ့သို့ မရိုးသားကြောင်းကို သိမြင်လာခဲ့သည်။

အမြောက်စာဇာတ်ကောင်လေးဆီမှ အချက်အပြုတ်နတ်ဘုရားမစီသို့Where stories live. Discover now