Chapter 40

916 89 0
                                    


အပိုင်း(၄၀)

ကုဝူယွီက အသေအချာ မြည်းစမ်းပြီးနောက် ကြက်ခြေထောက်များက အရိုးများသာ ကျန်တော့သည်။

စားပွဲပေါ်မှ ကြက်အရိုးများကို ကြည့်ရင်း ကုဝူယွီက ချင်းရှင်းထံသို့ သူကိုယ်တိုင် သွားရန် ဆုံးဖြတ်လိုက်သည်။

...

တစ်ဖက်တွင်လည်း ချင်းရှင်း၏ ကြက်ခြေထောက် အခု (၃၀၀) က အကုန် ရောင်းကုန်သွားခဲ့သည်။

မေ့ကုန်းလန်က ချင်းရှင်း၏ ကြက်ခြေထောက်နှပ်ကို စားခဲ့ရသဖြင့် အရသာ အလွန်ရှိသည်ဟု ထင်သော်လည်း စျေးမြင့်မြင့်ဖြင့် ရောင်းချလျှင် ဝယ်ယူသူ ရှိလိမ့်မည် မဟုတ်ဟု ထင်မိခဲ့သည်။

သို့သော် မကြာခင်၌ မေ့ကုန်းလန်က သူမမှားကြောင်း သိလိုက်ရသည်။


ကြက်ခြေထောက်နှပ်က စျေးကြီးသော်လည်း စမ်းစားကြည့်ချင်သူများ ရှိကြသည်။

ဖောက်သည်အများစုက ကြက်တောင်ပံတစ်ခု နှစ်ယွမ်မျှသာ ဖြစ်သဖြင့် အရသာမရှိပါက နောက်တစ်ကြိမ်တွင် မစားတော့ဟု စဉ်းစားပြီး ဝယ်ယူခဲ့ကြသည်။

နောက်တွင် တန်းစီနေကြသော သူများကလည်း ရှေ့မှဝယ်ယူသူများကို ကြည့်၍ လိုက်ဝယ်ကြသည်။

ဤသို့ဖြင့် ကြက်ခြေထောက်နှပ်များက တစ်ခဏအတွင်း ရောင်းကုန်သွားခဲ့သည်။

ပြန်ရောက်ပြီးနောက် ချင်းရှင်းက ကြက်ခြေထောက်ကို မနှပ်တော့ပေ။

ချင်းရှင်းထံ၌ ကြက်ခြေထောက် မကျန်တော့သောကြောင့် ဟူရှင်းကော အသစ်ဝယ်လာသော ဘဲခေါင်းအခုရေ 100 ကို ပြုတ်လိုက်သည်။

ချင်းရှင်းက ဟူရှင်းကောကို မနက်ဖြန်အတွက် ကုန်ပစ္စည်းများ ဆက်လက်ဝယ်ယူပေးရန် တောင်းဆိုခဲ့ပြီး တစ်မျိုးစီကို ကီလိုဂရမ် ၁၀၀ စီ မှာယူလိုက်သည်။

ချင်းရှင်းက မေ့ကုန်းလန်၏ ပဟေဋ္ဌိဆန်‌သော မျက်လုံးများကို ကြည့်၍ "ကျွန်မ 23 ရက်နေ့ကျရင် မြို့တော် Tကနေ ထွက်သွားရမယ်။ အစ်မ ကုန်းလန်က ဒီနှပ်ထားတဲ့ အစားအသောက်တွေကို ရောင်းဖို့ ကူညီပေးပါ" ဟုပြောလိုက်သည်။

ထိုအခါ မေ့ကုန်းလန်က ချက်ချင်း "ကိစ္စမရှိပါဘူး" ဟုပြန်ပြောလိုက်သည်။

ချင်းရှင်းက ဘဲခေါင်းများကို ရေစိမ်ထားပြီး စနစ်မှ လဲလှယ်ထားသည့် ဟေလိုဂျင်အိတ်များထဲသို့ ထည့်ကာ သိမ်းဆည်းခဲ့သည်။

ယနေ့ အသစ်ထည့်ထားသော ဘဲခေါင်းများအတွက် ချင်းရှင်းက တစ်ပွဲကို ဆယ်ယွမ်၊ ပွဲတစ်ဝက်ကို ငါးယွမ်ဖြင့် ရောင်းချရန် စဉ်းစားခဲ့သည်။

ချင်းရှင်းက အပေါ်ထပ်သို့ တက်ပြီး မီနူးအသစ် ရေးဆွဲရန် ပြင်ဆင်ချိန်၌ လုယိမင်၏ကားက ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။

ချင်းရှင်းက ချက်ချင်း ထွက်ပြေးချင်ခဲ့သော်လည်း ကားအနောက်ခန်းမှ လူက ကားပေါ်မှ ဆင်းလာသည်ကို တွေ့လိုက်ရသည်။

ထို့ကြောင့် ချင်းရှင်းက မီနူးကိုကိုင်၍ နေရာတွင် ရပ်နေခဲ့သည်။

"မိန်းကလေးချင်း"

အေးစက်စက်အသံက ချင်ရှင်း၏ အတွေးများကို ရပ်တန့်စေခဲ့သည်။

ချင်းရှင်းက ကုဝူယွီကို အနီးကပ် မြင်ဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။

ထိုအခါ ကုဝူယွီက မိန်းကလေးများထက် အသားအရေ ပိုကောင်းနေသည်ကို တွေ့လိုက်ရသည်။


ချင်းရှင်းသာ အလှအပဆေးလုံးကို မသောက်ထားပါက သူမ၏ အသားအရေမှာ ကုဝူယွီ‌လောက် ကောင်းလိမ့်မည် မဟုတ်ဟု ခံစားမိလိုက်သည်။

ကုဝူယွီက အလွန်ချောမောသော်လည်း ဗီလိန်ဖြစ်နေသဖြင့် နှမြောစရာ ကောင်းလှသည်။

"မစ္စတာကု"

ချင်းရှင်းက အချိန်အတော်ကြာမှ တုံ့ပြန်လာသည်ကို ကုဝူယွီက စိတ်မဆိုးဘဲ "အခု အားပြီလား" ဟုမေးမြန်းလိုက်သည်။

"ကိစ္စရှိလို့လား"

ချင်းရှင်းက ကုဝူယွီ၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိသဖြင့် အေးစက်စက်သာ တုံ့ပြန်ခဲ့သည်။

ကုဝူယွီက ချင်းရှင်းနှင့် နှစ်ယောက်ပူးပေါင်းဆောင်ရွက်မှုတွင် ချင်းရှင်းက အဘယ်ကြောင့် ငြင်းဆန်နေသည်ကို နားမလည်ခဲ့ပေ။


"မိန်းကလေးချင်းနဲ့ လုပ်ငန်းကိစ္စ ပူးပေါင်းချင်လို့ပါ"

ထိုအခါ ချင်းရှင်းက "ကျွန်မဆိုင်က လမ်းဘေးဆိုင်ပါ။ မစ္စတာကုက ကျွန်မရဲ့ဆိုင်ကို ဘာလို့ သဘောကျလဲဆိုတာ ကျွန်မ မသိဘူး။ ဒါပေမယ့် ကျွန်မတို့ ပူးပေါင်းဆောင်ရွက်ဖို့ မသင့်တော်ဘူးလို့ ထင်ပါတယ်" ဟုပြောကာ တုံ့ပြန်လိုက်သည်။

ကုဝူယွီက ပူးပေါင်းမည့် အစီအစဉ် မပြောခင် ချင်းရှင်းထံမှ ငြင်းပယ်ခံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

"မိန်းကလေးချင်း အလျင်စလို မငြင်းပါနဲ့။ ဒါက ပူးပေါင်းဆောင်ရွက်ဖို့ အစီအစဉ်ပါ။ ဒါကို အရင် ဖတ်ကြည့်ပါဦး"

ချင်းရှင်းက အစီအစဉ်ကို လက်ခံပြီး ကုဝူယွီထံမှ ထွက်ခွာလာခဲ့သည်။

တတိယထပ်သို့ ပြန်ရောက်လာသောအခါ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ကို ချင်းရှင်းက ဘေးချထားလိုက်သည်။


ထို့နောက် စနစ်ထဲသို့ ဝင်ကာ ကုဝူယွီကို မြင်လိုက်ရသောကြောင့် ချင်းရှင်းက အလယ်အလတ်တန်းစား အလှအပ ဆေးလုံးကို ရွေးချယ်လဲလှယ်ခဲ့ပြီး ကျန်နှစ်မျိုးကို ဟေလိုဂျင်အိတ်နှင့် ဆီကို လဲလှယ်ခဲ့သည်။

ဤသို့ဖြင့် စနစ်၌ ၉၂ မှတ်သာ ကျန်တော့သည်။

အလယ်အလတ် အလှပြင်ဆေးလုံးကို သောက်ပြီးနောက် ချင်းရှင်းက အရည်အသွေးဇယားကို ဖွင့်ကြည့်လိုက်သည်။

အမည် : ချင်းရှင်း(08277)
ကျား/မ : မ
အသက် :21
မျက်နှာတန်ဖိုး : 90
ကျက်သရေ : 60
ဟင်းချက်စွမ်းရည် : 60
ဝိညာဉ်စွမ်းအား : 40
တိုက်ခိုက်ရေးစွမ်းအား : 20

ချင်းရှင်းက စနစ်၏ အရည်အသွေး ဇယားကို အချိန်အတော်ကြာ ကြည့်ရှုခဲ့ပြီးနောက် အလှအပဆေးလုံး လဲလှယ်ခဲ့ခြင်းကို ရုတ်တရက် နောင်တရသွားခဲ့သည်။

ထို့အစား အရိုးကြံ့ခိုင်ဆေးများကိုသာ လဲလှယ်သင့်သည်ဟု ထင်မှတ်လိုက်သည်။

စနစ်မှ ထွက်လိုက်ပြီးနောက် ချင်းရှင်းက မှန်ထဲ၌ ပြောင်းလဲမှုတစ်စုံတစ်ရာကို မကြည့်တော့ဘဲ ရေချိုးကာ အိပ်ပျော်သွားခဲ့သည်။

ချင်းရှင်းက အလယ်အလတ် အိပ်မပျော်သည့် ဝေဒနာကို ခံစားနေရသဖြင့် ညသန်းခေါင်ယံတွင် အိပ်မပျော်ဘဲ ကုတင်ပေါ်မှ ထထိုင်ကာ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်ကို ကြည့်လိုက်သည်။

"ကုဝူယွီက တကယ်ကို အရည်အချင်းရှိတဲ့သူတစ်ယောက်ပဲ"

ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်၌ ကုဝူယွီက အသေးစိတ် အချက်အလက်များကိုပါ ထည့်သွင်း

စဉ်းစားထားခဲ့သည်။

အစီအစဥ်တစ်ခုလုံးအတွက် A4 စာရွက် ဆယ်မျက်နှာခန့်သာ ရေးထားသော်လည်း အဓိပ္ပါယ်မဲ့သော အကြောင်းအရာ တစ်ခုမှ မပါရှိပေ။

ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်အား ဖတ်ပြီးနောက် ချင်းရှင်းက လေးလေးနက်နက် တွေးတောမိသွားသည်။

ထိုအချိန်၌ ကုဝူယွီကလည်း အနားမယူနိုင်သေးပေ။

နေ့ခင်းဘက်က ချင်းရှင်းနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်ကို သူကိုယ်တိုင် ရေးဆွဲခဲ့သဖြင့် ထိုအစီအစဉ်ကို ပြီးပြည့်စုံသည်ဟု ကုဝူယွီက ခံစားရသော်လည်း ချင်းရှင်းက မတုံ့ပြန်သေးပေ။

ထို့အပြင် ကုဝူယွီက ချင်းရှင်းနှင့် နီးကပ်ခဲ့စဉ်က ချင်းရှင်း၏အနံ့ကို သဘောကျမိသွားသည်။

ထိုရနံ့ကြောင့် ကုဝူယွီက စိတ်အေးချမ်းမှုကို ခံစားခဲ့ရသည်။


ချင်းရှင်းက ကုဝူယွီ မည်ကဲ့သို့ ခံစားနေရသည်ကို မသိသဖြင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဥ်အား စားပွဲပေါ်သို့ ပြန်တင်ထားလိုက်သည်။

ချင်းရှင်းက မြို့တော်D သို့ပြန်မည့်ကိစ္စကို စဉ်းစားရင်း ခေါင်းကိုက်နေခဲ့သည်။

ချင်းရှင်းက အမှန်တကယ်ပင် မြို့တော် D သို့ မပြန်ချင်ခဲ့ပေ။

မြို့တော် D ၌ ဆိုးရွားလွန်းသော အမှတ်တရများ ရှိခဲ့သဖြင့် ချင်းရှင်းက 24 ရက်နေ့ ဖြေဆိုရန်အတွက် 23 ရက်နေ့မှ သွားမည်ဟု ဆုံးဖြတ်ခဲ့သည်။

22 ရက်နေ့ မနက်စောစော၌ ချင်းရှင်းက သူမ ရက်အတော်ကြာ သိမ်းဆည်းထားသော ဟေလိုဂျင်အိတ်များကို ထုတ်၍ ကားပေါ် သို့ တင်လိုက်သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ချင်းရှင်းက ဟေလိုဂျင်အိတ်နှင့် အလယ်အလတ် အရိုးကြံ့ခိုင်ဆေးလုံးကိုသာ နေ့စဉ် လဲလှယ်ခဲ့သည်။


ယခုအချိန်၌ ချင်းရှင်း၏ စိတ်စွမ်းအားက 100 သို့ရောက်ရှိနေပြီဖြစ်ပြီး သူမ၏ စနစ်ရမှတ်မှာ 632 မှတ် ဖြစ်နေခဲ့သည်။

ထိုအချိန်၌ ကုဝူယွီက ချင်းရှင်းထံသို့ ထပ်မံ ရောက်လာခဲ့သည်။

ချင်းရှင်းက မစဉ်းစားရသေးကြောင်း ပြောလိုက်သဖြင့် ကုဝူယွီက မတွယ်ကပ်တော့ဘဲ ထွက်သွားခဲ့သည်။

ချင်းရှင်းက ကုဝူယွီနှင့် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စနှင့်ပတ်သက်၍ အလွန်စိုးရိမ်နေခဲ့သည်။

နံနက်ခင်းတွင် ဆိုင်ထွက်၍ ချင်းရှင်းက အစားအစာများ ပြင်ဆင်ရန် စတင်ခဲ့သည်။

ချင်းရှင်းက ဟူရှင်းကောကို သုံးရက်ကြာအောင် ထားနိုင်သည့် ကုန်ပစ္စည်းအမြောက်အမြားကို မနေ့က ဝယ်ခိုင်းထားခဲ့သဖြင့် အမျိုးအစားတစ်ခုစီ၌ အနည်းဆုံး အခု ၃၀၀ လောက် ရှိနေခဲ့သည်။

ထို့နောက် ချင်းရှင်းက ကြက်ခြေထောက်များကို စတင်ပြုတ်ခဲ့သည်။

ချက်ပြုတ်နေစဉ်အတွင်း ချင်းရှင်းက ဖုန်းကို ကိုင်ကာ ဗီဒီယိုရိုက်ကူးခြင်းကို စတင်လိုက်သည်။

ချင်းရှင်းက ထိုဗီဒီယိုကို ညဘက်မှ တည်းဖြတ်ပြီး Weibo ၌တင်မည်ဟု စဉ်းစားထားခဲ့သည်။

ပြီးနောက် ချင်းရှင်းက စနစ်ထဲသို့ ချက်ပြုတ်ထားသည့် အစားအသောက်များကို ထည့်လိုက်သည်။

ချင်းရှင်းက ကျောင်းသို့ ပြန်သွားချိန်၌ ချက်ပြုတ်ရန် အချိန်မရှိမည်ကို စိုးရိမ်မိသောကြောင့် လဲလှယ်ရန် အစားအသောက်အများအပြားကို ချက်ပြုတ်ပြီး စနစ်ထဲတွင် သိုလှောင်ထားခဲ့သည်။

သို့မဟုတ်ပါက သုံးကြိမ်ဆက်တိုက် လဲလှယ်ခြင်း မပြုပါက စနစ် ပျောက်ကွယ်သွားမည် ဖြစ်သောကြောင့် ဖြစ်သည်။

အလုပ်ပြီးသွားသောအခါ ချင်းရှင်းက အပေါ်ထပ်သို့

တက်၍ ပစ္စည်းများကို ထုပ်ပိုးလိုက်သည်။

ကျောပိုးအိတ်ကို ထုပ်ပိုးပြီးနောက် ချင်းရှင်းက စနစ်ထဲသို့ ဝင်ကာ ဆီသုံးပုလင်း လဲလှယ်ခဲ့ပြီး စနစ်၏အမှတ်က 778 မှတ်ကျန်နေခဲ့သည်။

စနစ်မှ ထွက်လိုက်ပြီးနောက် ချင်းရှင်းက သူမ၏ မိုဘိုင်းဖုန်းမှ ဗီဒီယိုကို တည်းဖြတ်ကာ Weibo ပေါ်သို့ တင်လိုက်သည်။

ယခုရက်ပိုင်းအတွင်း Weibo မသုံးဖြစ်သော်လည်း ချင်းရှင်း၌ Weibo ပရိသတ် 2.6 သန်းကျော်ရှိလာခဲ့သည်။

[ရှင်းရှင်းရဲ့ အစားအသောက် ကမ္ဘာ- မကြာသေးခင်က အသစ်ထပ်ထည့်ထားတဲ့ ကြက်ခြေထောက်နှပ်၊ ကြက်တောင်ပံနှပ်၊ ဘဲခြေထောက်နှင့် ဘဲခေါင်းစွပ်ပြုတ် ချက်ထားတဲ့ ဗီဒီယိုကို တင်လိုက်ပါတယ်]

ထို့နောက် ချင်းရှင်းက မှတ်ချက်များကို ဖတ်လိုက်သည်။

[ဘလော့ဂါက သူ့ရဲ့ Weibo စကားဝှက်ကို မေ့သွားပြီလို့ ထင်နေတာ]

[တစ်လမှ တစ်ခါပို့စ်တင်တာလား။ ငါ့အဒေါ်လိုပဲ]

.....

သုံးမိနစ်ခန့်အကြာတွင် တစ်စုံတစ်ယောက်က ဗီဒီယိုထဲမှ အကြောင်းအရာကို မှတ်ချက်ပေးခဲ့သည်။

[ဖုန်းထဲကနေတောင် အမွှေးနံ့ကို ရတယ်]

[ကျွန်တော်က ဘဲခေါင်းကို သိပ်မကြိုက်ပေမယ့် ရှင်းရှင်းချက်တာ‌ဆို စားချင်တယ်]

[ဒီဟေလိုဂျင်အိတ်ထဲမှာ ဘာပါလဲ သိချင်တယ်]

[Dragon Boat Festival က မကြာခင် ကျင်းပတော့မှာဆိုတော့ မြို့တော် Tမှာ သွားစားကြမလား]

[စားချင်လွန်းလို့ မစောင့်နိုင်‌တော့ဘူး]

[မြို့တော် T ကလူတွေက ကောင်းလိုက်တာ။ ငါတော့ မနက်ဖြန် အဲ့ကိုသွားစားမယ်]

...

ချင်းရှင်းကိုယ်တိုင်က ဟေလိုဂျင်အိတ်ထဲ၌ မည်သည့် ပါဝင်ပစ္စည်းများ ပါဝင်နေသည်ကို မသိခဲ့ပေ။

သို့သော် လူတိုင်းက သိချင်နေသောကြောင့် ချင်းရှင်းက နောက်ထပ် Weibo ၌ ပို့စ်တင်လိုက်သည်။

!!.....!!
...…….................................
.........................................

အပိုင်း (၄၀) ပြီးပါပြီ။

အမြောက်စာဇာတ်ကောင်လေးဆီမှ အချက်အပြုတ်နတ်ဘုရားမစီသို့Where stories live. Discover now