Chapter 35
Myat ThiriNovember 26, 2023
အပိုင်း(၃၅)မေ့ကုန်းလန်က ပရိတ်သတ်များ ရောက်လာသည်ကို မြင်ပြီး "ငါတို့ ရှောင်ရှင်းက တကယ်ကို အံ့သြစရာပဲ" ဟုချီးကျူးလိုက်သည်။
ထိုအခါ ချင်းရှင်းက "သူတို့တကယ် လာမယ်လို့ မထင်ထားဘူး" ဟုပြန်ပြောလိုက်သည်။
ယနေ့နံနက်တွင် ချင်းရှင်းက ပရိသတ်များစွာကို လက်ခံ တွေ့ဆုံခဲ့ရသည်။
အလုပ်များနေသော်လည်း ချင်းရှင်းက ပရိသတ်တိုင်းနှင့် စကားပြောပေးခဲ့သည်။
ပရိသတ်များကလည်း နာခံ၍ ချင်းရှင်းတို့၏ မျက်နှာကို ဓာတ်ပုံမရိုက်ခဲ့ကြပေ။
ဓါတ်ပုံရိုက်မိလျှင်ပင် အင်တာနက်ပေါ်၌ တင်ရန် ရည်ရွယ်ချက် မရှိကြပေ။
ပါဝင်ပစ္စည်းများ ရောင်းကုန် သွားသဖြင့် ချင်းရှင်း
က မနက် 8:30 တွင် ဆိုင်ကို ပိတ်လိုက်သည်။
ပရိသတ်များစွာ ထပ်ရောက်လာသောအခါ ချင်းရှင်း၏ ဆိုင်က ပိတ်ထားသည်ကို တွေ့လိုက်ရသည်။
အနီးအနားကို မေးမြန်းလိုက်သောအခါ ချင်းရှင်းက ရောင်းကုန်သွားသဖြင့် ဆိုင်ပိတ်သွားကြောင်းကို သိလိုက်ရသည်။
အိမ်သို့ ပြန်ရောက်ပြီးနောက် ချင်းရှင်းနှင့် မေ့ကုန်းလန်တို့က နောက်နေ့အတွက် ပါဝင်ပစ္စည်းများကို ပြင်ဆင်ခဲ့ကြသည်။
မေ့ကုန်းလန်က အပေါ်ထပ်သို့ အရင်တက်သွားပြီး ချင်းရှင်းက စာရင်းများကို စစ်ဆေးလိုက်သည်။
ဤကာလအတွင်း စနစ်၏ အမှတ်များက 748 မှတ်ရှိလာခဲ့သည်။
၂၅ မှတ်နှင့် လဲလှယ်ရသော ငရုတ်သီးအနီမှလွဲ၍ ဆီနှစ်ပုလင်းကို ချင်းရှင်းက လဲလှယ်ခဲ့သည်။