Chapter 37

887 95 0
                                    


အပိုင်း(၃၇)

တစ်စုံတစ်ယောက်က ချက်ချင်း မှတ်ချက်ဝင်ပေးခဲ့သည်။

[ဒါဆို မနက်ဖြန််မနက်ကျရင် ကြိမ်းသေပေါက် လာခဲ့မယ်】

[ရှင်းရှင်းက လူတိုင်းစားလို့ရအောင် စီစဉ်ပေးနေတာပဲ]

[ငါက နောက်ကျတဲ့အထိ အိပ်ရတာ ကြိုက်တော့ ရှင်းရှင်းဆိုင်က နှစ်ရက်ဆက်တိုက် ဘာမှမစားလိုက်ရဘူး။ ရှင်းရှင်းက ပုံမှန်ထက် နောက်ကျပြီးမှ ဆိုင်ကိုပိတ်တာတောင် အကြာကြီး တန်းစီပြီးလို့ ငါ့အလှည့် မရောက်မလာခင် ကုန်ကုန်သွားတယ်။ မနက်ဖြန်တော့ ရှင်းရှင်းရဲ့ မနက်စာ တစ်ခုခုကို ဝယ်စားနိုင်မယ်လို့ ယုံကြည်သွားပြီ】

...

ချင်းရှင်းက မှတ်ချက်အချို့ကို ဖတ်လိုက်ပြီးနောက်

မနက်ဖြန်အတွက် ပါဝင်ပစ္စည်းများကို စတင် ပြင်ဆင်လိုက်သည်။

ဟူရှင်းကောက ယနေ့ ရောင်းချခဲ့သည့် ပါဝင်ပစ္စည်းများ မလုံလောက်ဟု ကြားလိုက်ရသောအခါ ဆယ်ဆ ပိုမှာယူလိုက်သည်။

အဖွားအိုထံမှ ဟူရှင်းကောက ဟင်းသီးဟင်းရွက် အမျိုးအစားအစုံကို ၁၀၀ ကီလိုဂရမ်စီ မှာယူလိုက်သည်။

အစားအသောက် ထုပ်ပိုးသည့်အိတ် နှင့် အသင့်စား ပန်းကန်များကို အချပ်ရေ 10,000 မှာယူခဲ့သဖြင့် စက်ရုံမန်နေဂျာမှ ညတွင်းချင်း အချိန်ပို အလုပ်ဆင်း၍ လုပ်ပေးမည်ဟု ကတိပေးကာ မနက်ဖြန် ဟူရှင်းကောထံသို့ ပို့ဆောင်မည် ဖြစ်သည်။

ချင်းရှင်းက ငရုတ်ဆီ၊ ပေါင်မုန့်၊ Oden စွပ်ပြုတ်အရည်နှင့် ပေါက်စီများကို ကားပေါ်တွင် ပြင်ဆင် ပြုလုပ်ထားသည်။

မေ့ကုန်းချင်း အိမ်တွင်ရှိသော အိုးကြီးများနှင့် အိုးများအားလုံးကို မုန့်ရည်၊ ကန်စွန်းဥမှုန့်နှင့် Oden ဟင်းရည်များ ထည့်ရန်အတွက် အသုံးပြုထားသည်။

မေ့ကုန်းလန်က ကားထဲတွင် ခေါက်ဆွဲ ပြုလုပ်နေပြီး မေ့ကုန်းချင်းက သန့်ရှင်းရေး လုပ်ပြီးနောက်တွင် ပါဝင်ပစ္စည်းများကို ဝိုင်းဝန်း ပြင်ဆင်ပေးခဲ့သည်။

ညနေ ခုနစ်နာရီမထိုးခင်၌ လူလေးယောက် ပြင်ဆင်မှုက အဆင်သင့်ဖြစ်သွားပြီ ဖြစ်သည်။

မေ့ကုန်းလန်က "မနက်ဖြန် ဒီပစ္စည်းတွေ လောက်လောက်မယ် ထင်တယ်" ဟုပြောလိုက်သည်။

ပစ္စည်းများက မေ့ကုန်းချင်း၏ စတိုးဆိုင်ထဲရှိ မြေပြင်နှင့် စားပွဲများပေါ်တွင် ပြည့်နှက်နေသည့်အပြင် ပါဝင်ပစ္စည်းများ သိုလှောင်ရန်အတွက် မေ့ကုန်းချင်းက ကောင်တာများစွာကိုလည်း သုံးထားသေးသည်။

ဒုတိယထပ်ရှိ မီးဖိုချောင်တွင်လည်း ဟင်းသီးဟင်းရွက်များဖြင့် ပြည့်နှက်နေသည်။


ချင်းရှင်းက အပေါ်ထပ်သို့ တက်သွားပြီး စနစ်မှ မထွက်ခွာမီ စနစ်အမှတ်ကို ကြည့်လိုက်ရာ 802 မှတ် ကျန်နေသေးသည်ကို တွေ့လိုက်ရသည်။

ဤသို့ဖြင့် အိပ်စက် အနားယူလိုက်ရာ ချင်းရှင်းက နှိုးစက်သံ မြည်သည့်တိုင်အောင် အိပ်ပျော်သွားခဲ့သည်။

နှိုးစက်နာရီကို ပိတ်ရင်း ချင်းရှင်းက မျက်လုံးကိုမှိတ်၍ ဆယ်စက္ကန့် ရေတွက်ပြီးနောက် အဝတ်အစားလဲကာ အိပ်ယာထလာခဲ့သည်။

ထပ်အိပ်ချင်သေးသော်လည်း မနက်စာ လာဝယ်မည့် ပရိသတ်များကို တွေးရင်း ချင်းရှင်းက စောစောထရမည်ဟု ခံစားခဲ့ရသည်။

မနက် 4:50 တွင် ချင်းရှင်းက လျှပ်စစ်ကား၏ ပြတင်းပေါက်များ အားလုံးကို ဖွင့်လိုက်ပြီး စနစ်မှ ထုတ်ယူထားသော ငရုတ်ဆီကို စတင်ပြုလုပ်ခဲ့သည်။

မနက် 4:55 အချိန်တွင် မေ့ကုန်းချင်းနှင့် မေ့ကုန်းလန်တို့ပါ ပါဝင်ကူညီ ပေးလာခဲ့သည်။

မေ့ကုန်းချင်းက အိုးထဲသို့ ချက်ထားပြီးသော Oden စွပ်ပြုတ်ကို လောင်းထည့်လိုက်သည်။

မေ့ကုန်းလန်က ပေါက်စီကို ရေနွေးငွေ့ဖြင့် ပေါင်းလိုက်သည်။

ငါးနာရီထိုးပြီးနောက် ပရိသတ် နှစ်ယောက်စ၊ သုံးယောက်စ ရောက်လာသဖြင့် မေ့ကုန်းလန်နှင့် မေ့ကုန်းချင်းတို့က ဧည့်သည်များကို စတင်လက်ခံခဲ့သည်။

ငါးနာရီ ဆယ်မိနစ်၌ ငရုတ်ဆီများ ချက်ပြီးသွားခဲ့သည်။

မနက် 5:15 တွင် စက်ရုံမှ စိတ်ကြိုက် ဒီဇိုင်းဆွဲထားသော ထုပ်ပိုးသည့် အိတ်များအားလုံးကို ပို့ဆောင်ပေးခဲ့သည်။

ချင်းရှင်းက အလုပ်များနေသဖြင့် ဟူရှင်းကောက

ကုန်ပစ္စည်းများကို ရေတွက်၍ လက်ခံလိုက်သည်။

ငါးနာရီခွဲတွင် ပထမဆုံး ပေါင်းထားသော ပေါက်စီနှင့် ခေါက်ဆွဲများ ရောင်းထွက်သွားခဲ့သည်။

မနက် 7:30 အချိန်တွင် ကားထဲရှိ ပါဝင်ပစ္စည်းများ ကုန်လုနီးပါး ဖြစ်သွားသောကြောင့် သိမ်းဆည်းထားသော ပါဝင်ပစ္စည်းများကို စတိုးဆိုင်မှ ပြောင်းရွှေ့ခဲ့သည်။

...

မေ့ကုန်းချင်းနှင့် မေ့ကုန်းလန်တို့သည် ပါဝင်ပစ္စည်းများ ယူရန် အကြိမ်ရေ မည်မျှ ပြေးခဲ့ကြရသည်ကို မမှတ်မိတော့ချေ။

နေ့လည်တစ်နာရီတွင် တန်းစီနေသော ဖောက်သည်အရေအတွက်က နောက်ဆုံး‌၌ လျော့သွားပြီ ဖြစ်သဖြင့် ချင်းရှင်းက ပေါင်မုန့်ကို ထုတ်ကာ မေ့ကုန်းချင်းနှင့် မေ့ကုန်းလန်တို့ထံသို့ ပေးပြီး "အစ်မ ကုန်းချင်းတို့ အရင်စားလိုက်ပါဦး" ဟုပြောလိုက်သည်။

မနက်နိုးသည့် အချိန်ကတည်းမှစ၍ ယခုအချိန်

အထိ မေ့ကုန်းချင်းနှင့် မေ့ကုန်းလန်တို့က မနက်စာပင် မစားရသေးပေ။

မေ့ကုန်းလန်က ပေါင်မုန့်ကို ဝါးစားလိုက်ပြီး ချင်းရှင်းကို ကြည့်၍ "ရှောင်ရှင်း နင်လည်း ပေါင်မုန့်
အရင်စားလိုက်ဦး" ဟုပြောလိုက်သည်။

ချင်းရှင်းက ခေါင်းထဲတွင် အနည်းငယ် မူးဝေလာသဖြင့် ဘေးနားတွင် ထိုင်ချလိုက်ပြီး ပေါင်မုန့်နှင့် Coke တစ်ခွက်ကို သောက်လိုက်ရာ ဗိုက်ထဲ၌ နေလို့ ပိုကောင်းသွားခဲ့သည်။

ထို့နောက် ဈေးဆက်ရောင်းရန် ပြင်လိုက်သဖြင့် မေ့ကုန်းချင်းက "နင်ဘာလို့ အများကြီး မစားတာလဲ" ဟုပြောလိုက်သည်။

မေ့ကုန်းလန်ကလည်း "ဟုတ်တယ်။ နင် နောက်ထပ် ထပ်စားဦးလေ" ဟုဝိုင်းဝန်း ပြောဆိုလိုက်သည်။

အပြင်၌ တန်းစီနေသော ပရိသတ်များကလည်း ချင်းရှင်း၏ ဖြူဖျော့နေသော မျက်နှာကို မြင်ပြီး "ဟုတ်တယ် မင်းအရင်သွားစားလိုက်ဦး။ ဗိုက်ပြည့်မှ 

ပြန်လာခဲ့။ ငါတို့စောင့်နိုင်တယ်" ဟုပြောလိုက်သည်။

သို့သော် ချင်းရှင်းက ပရိသတ်များကို မစောင့်ခိုင်းစေချင်သဖြင့် "ရပါတယ်၊ ကျွန်မ ဗိုက်ပြည့်ပြီ" ဟုပြောပြီး ဈေးဆက်ရောင်းရန် ပြင်လိုက်သည်။

နေ့လည်သုံးနာရီတွင် လူနှစ်ယောက်၊ သုံးယောက်သာ တန်းစီနေတော့သဖြင့် ချင်းရှင်းက နောက်ဆုံးတွင် အလှည့်ကျ အနားယူနိုင်ခဲ့သည်။

သို့သော် ညနေ ၅ နာရီအချိန်၌ လူများ ပြန်၍ တန်းစီလာကြပြန်သည်။

ထိုလူများမှာ မနက်ပိုင်း ချင်းရှင်းထံမှ မနက်စာ ဝယ်ယူသွားကြသူများ ဖြစ်ပြီး ချင်းရှင်းက ဈေးဆက်ရောင်းနေသေးသည်ကို မြင်လိုက်ကြသောအခါ ညစာစားရန် ထပ်မံ တန်းစီလာခဲ့ကြသည်။

ပါဝင်ပစ္စည်း များစွာ ပြင်ဆင်ထားသော်လည်း အကန့်အသတ်ရှိသဖြင့် ညနေခြောက်နာရီ အချိန်၌ ပစ္စည်းများ အကုန်ရောင်းကုန်သွားခဲ့သည်။


ချင်းရှင်းက လျှပ်စစ်ကားကို သန့်ရှင်းရေး လုပ်ပြီးနောက် "အစ်မကုန်းလန်၊ မနက်ဖြန် မနက်ကျရင် 8 နာရီမှ ထွက်ကြမယ်" ဟုပြောလိုက်သည်။

"ကောင်းပြီ"

မေ့ကုန်းလန်လည်း အနည်းငယ် ပင်ပန်းနေသဖြင့် ချင်းရှင်းက ထိုကဲ့သို့ ပြောလာသောအခါ သဘောတူလိုက်သည်။

အိပ်ခန်းထဲသို့ ပြန်ရောက်သောအခါ ချင်းရှင်းက ဆီနှင့် စိတ်ဝိညာဉ်ဆေးလုံးများကို လဲလှယ်ခဲ့ပြီး စနစ်အမှတ်က ၈၄၃ မှတ်အထိ တိုးလာခဲ့သည်။

စနစ်မှထွက်လိုက်ပြီးနောက် ချင်းရှင်းက စိတ်ဝိညာဉ်ဆေးလုံးကို သောက်ပြီး အနားယူခဲ့သည်။

ထို့နောက် ချင်းရှင်းက မနက်ခြောက်နာရီတွင် နိုးလာခဲ့သည်။

စိတ်ဝိညာဉ် ဆေးလုံးသောက်ပြီး တစ်ညလုံး

အိပ်ရေးဝခဲ့သောကြောင့် ချင်းရှင်းက အားအင်အပြည့် ဖြစ်နေခဲ့သည်။

သန့်ရှင်းဆေးကြောပြီးနောက် ကားဆီသို့ သွားကာ ချင်းရှင်းက ယနေ့ ရောင်းချမည့် ပါဝင်ပစ္စည်းများကို စတင်ပြင်ဆင်ခဲ့သည်။

7:50 တွင် မေ့ကုန်းလန်က ဆင်းလာခဲ့ပြီး ချင်းရှင်းတစ်ယောက်တည်း အကုန်နီးပါး ပြင်ဆင်ထားသည်ကို တွေ့လိုက်ရသောကြောင့် အကူအညီပေးရန် အလျင်အမြန် လာရောက်လိုက်သည်။

မေလ ၃ ရက် အားလပ်ရက်ပြီးနောက် ချင်းရှင်း၏ ပါဝင်ပစ္စည်းများသည် ပုံမှန်ပမာဏသို့ ပြန်လည်ရောက်ရှိခဲ့သည်။

သို့သော် ချင်းရှင်းနှင့် မေ့ကုန်းလန်တို့က အားလပ်ရက်များ ပြီးသည့်တိုင် ပုံမှန်ထက် တန်းစီနေသူများ ပိုမိုများပြားနေသေးကြောင်း တွေ့ရှိခဲ့သည်။

ကလေးမျက်နှာနှင့် ကောင်မလေးက မနက်စာဝယ်ရန် တန်းစီပြီး “အစ်မ ရှင်းရှင်းဆိုင်ကို ညီမ မေ ၁

ရက်နေ့က လာခဲ့သေးတယ်။ ဒါပေမယ့် တန်းစီတဲ့လူတွေ အရမ်းများနေတာတွေ့လို့ ပြန်သွားရတယ်" ဟုပြောလိုက်သဖြင့် ချင်းရှင်းက "ဒါဆို အလျော်ပေးဖို့ ကြက်ဥတစ်လုံး ပေးမယ်" ဟုပြုံးကာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အစ်မ ရှင်းရှင်း"

.....

ဆိုင်ဖွင့်ချိန် နောက်ကျသော်လည်း ကိုးနာရီမထိုးခင် ၌ ချင်းရှင်းက ဆိုင်ပိတ်လိုက်သည်။

ချင်းရှင်းက သုံးရက်အတွင်း ၀င်ငွေကို တွက်ချက်လိုက်ရာ မေလတစ်ရက်အတွင်း ချင်းရှင်း၏ ၀င်ငွေမှာ ယွမ် 50,000 နီးပါး ရှိနေခဲ့သည်။

တစ်ရက် ဝင်ငွေ ယွမ် 50,000 ဖြင့် ချင်းရှင်း၏ သုံးရက်တာ စုစုပေါင်းဝင်ငွေက နောက်ဆုံးတွင် ယွမ် 150,000 ကို ကျော်လွန်သွားခဲ့သည်။

ချင်းရှင်းက ယွမ် ၆၀၀၀ ကိုယူ၍ မေ့ကုန်းချင်း၊ မေ့ကုန်းလန်နှင့် ဟူရှင်းကောတို့အား ယွမ်နှစ်ထောင်စီ

ပေးခဲ့သည်။

"အစ်မတို့ ဒီသုံးရက်လုံးလုံး အလုပ်ကြိုးစားခဲ့ကြရလို့ ပေးတာ"

မေ့ကုန်းချင်းတို့ သုံးယောက်က ငွေလက်ခံရန် ငြင်းဆန်နေသဖြင့် ချင်းရှင်းက စားပွဲပေါ်၌ ပိုက်ဆံတင်လိုက်ကာ သုံးလွှာကို ပြေးတက်သွားခဲ့သည်။

ထို့ကြောင့် မေ့ကုန်းချင်းတို့ သုံးယောက်က ထိုငွေများကို လက်ခံရန်ကလွဲပြီး ရွေးစရာမရှိတော့ပေ။

အပေါ်ထပ်သို့ ပြန်ရောက်သောအခါ ချင်းရှင်းက ချဉ်စပ်ခေါက်ဆွဲနှင့် Oden soup ကို လဲလှယ်ပြီးနောက် စနစ်အမှတ် 901 မှတ်ဖြစ်လာခဲ့သည်။

ချင်းရှင်းက ဆီနှစ်ဘူးကို လဲလှယ်ခဲ့ပြီးနောက် သူမ၏ စနစ်အမှတ်မှာ ၈၉၇ မှတ် ရှိနေသေးသည်။

မေလ 3 ရက်အတွင်း ရရှိခဲ့သောငွေပမာဏက ဆိုင်ဖွင့်ရန်အတွက် အဆင်သင့်ဖြစ်နေပြီဟု ချင်းရှင်းက စဉ်းစားလိုက်သည်။


မေ့ကုန်းချင်းကလည်း ထိုအရာကို အခိုင်အမာ ထောက်ခံပြီး သူ့အိမ်နားတစ်ဝိုက်၌ ဆိုင်ခန်းရှာရန် ကူညီပေးခဲ့သည်။

ချင်းရှင်းက လာမည့် သုံးနှစ်အတွင်း မြို့တော် T၏ ဖွံ့ဖြိုးတိုးတက်မှုက အလွန်လျင်မြန်မည်ဟု တွေးမိလိုက်ကာ မြို့တော် Tရှိ ဆိုင်ခန်းများနှင့် အိမ်များကို သုံးနှစ်အတွင်း ဝယ်ယူထားရန် လိုအပ်သည်ဟု တွေးဆလိုက်သည်။

ချင်းရှင်းက ဆိုင်၌ တင်ရောင်းရန် မီနူးအသစ်အကြောင်း အမြန်စဉ်းစားပြီး ဆူရှီလုပ်မည်ဟု ဆုံးဖြတ်လိုက်သည်။

ချင်းရှင်းက ကားထဲသို့ ရောက်ပြီးနောက် သူမ ဝယ်လိုသော ကုန်ပစ္စည်းများအကြောင်းကို ဟူရှင်းကောနှင့် ဆွေးနွေးခဲ့သည်။

ချင်းရှင်းက ဟူရှင်းကောကို ဆူရှီထမင်းအတွက် ဆန်ဝယ်ပေးရန် တောင်းဆိုလိုက်သည်။

ထို့အပြင် ရေညှိ၊ ရှာလကာရည်၊ ဝက်သားမျှင်၊ နှမ်းနှင့် ငံပြာရည်တို့ကိုလည်း လိုအပ်သည်။

ဂဏန်းသား၊ ဆော်လမွန်၊ တူနာ အစရှိသည်တို့လည်း လိုအပ်သေးသည်။

ဝက်ပေါင်ခြောက်နှင့် မုန်လာဥနီမှာ ဝယ်နေကြ ပစ္စည်းများဖြစ်၍ ချင်းရှင်းက အရေအတွက် ပိုမှာရန်သာ ပြင်ဆင်လိုက်သည်။

ဆူရှီအတွက် သင့်တော်သည့် စျေးနှုန်းကို စဉ်းစားပြီးနောက် ညနေ ခုနစ်နာရီထိုးနေပြီဖြစ်သဖြင့် ချင်းရှင်းက စနစ်ကို ဆင့်ခေါ်လိုက်သည်။

ဆီလဲလှယ်ပြီးနောက် စနစ်အမှတ်က 951 မှတ် ကျန်ရှိနေသေးသည်။

မနက်ဖြန်တွင် စနစ်အမှတ် ၁၀၀၀ ကျော်သွားမည်ဖြစ်သဖြင့် ချင်းရှင်းက ပျော်ရွှင်နေခဲ့သည်။

နောက်တစ်နေ့၌ ဟူရှင်းကောက ပါဝင်ပစ္စည်းအသစ်များကို ယူဆောင်လာခဲ့သည်။


ပါဝင်ပစ္စည်းများကို ချင်းရှင်းထံသို့ ယူဆောင်လာပြီးနောက် ဟူရှင်းကောက သူ့ဖုန်းကို ထုတ်ကာ "ဒါက ဆူရှီအတွက်ဘူးပုံစံ။ ကြိုက်လား ကြည့်ပါဦး" ဟုပြောလိုက်သည်။

စက်ရုံတာဝန်ခံက စက်ရုံတွင် ထုတ်ပိုးနိုင်သည့် ဆူရှီဘူးများအားလုံးကို ဟူရှင်းကောထံသို့ ပေးပို့ထားသဖြင့် ချင်းရှင်းက ပုံများအားလုံးကို ဂရုတစိုက် ကြည့်လိုက်ပြီး "ဒီလိုပုံမျိုး အခုရေ ငါးထောင် လိုချင်တယ်" ဟုပြောလိုက်သည်။

ဟူရှင်းကောက "ဟုတ်ပြီ မနက်ဖြန် မနက် 7 နာရီကျရင် ပို့ပေးလိမ့်မယ်" ဟုပြန်ပြောလိုက်သည်။

"ဟုတ်ကဲ့ အစ်ကိုဟူကို အနှောက်အယှက်ပေးမိပြီ"

ဟူရှင်းကော၏အကူအညီဖြင့် ချင်းရှင်းက အရာများစွာ အဆင်ပြေနေခဲ့သည်။

!!.....!!
...…….................................

.........................................

အပိုင်း (၃၇) ပြီးပါပြီ။

အမြောက်စာဇာတ်ကောင်လေးဆီမှ အချက်အပြုတ်နတ်ဘုရားမစီသို့Where stories live. Discover now