အပိုင်း(၆၆)
အလုပ်အလွန်များသည့် အခြေအနေ၌ ချင်းရှင်းက ငွေစာရင်းများကို သိမ်းဆည်းထားနိုင်သဖြင့် ထန်ရှီးလန်က ချင်းရှင်းကို အလွန်သဘောကျသွားခဲ့သည်။
အဓိကအချက်မှာ ချင်းရှင်း ပြင်ဆင်ထားသော စာရင်းဇယား၌ အမှားအယွင်း မရှိပေ။
ထန်ရှီးလန်က လျင်မြန်သောနှုန်းဖြင့် စာရင်းများကိုကြည့်ပြီး နေ့လည်စာအတွက် အသင့်စား ခေါက်ဆွဲဘူးကိုသာ ပေါ့ပေါ့ပါးပါး စားခဲ့သည်။
ခေါက်ဆွဲ စားနေချိန်၌ စာရွက်များပေါ်သို့ ခေါက်ဆွဲပြုတ်ရည် ဖိတ်ကျမည်ကို စိုးရိမ်သဖြင့် ထန်ရှီးလန်က စာချုပ်ကိုသာ ဖတ်နေလိုက်သည်။
စာချုပ်ကို ဖတ်လိုက်သောအခါ ထန်ရှီးလန်၏ လက်ထဲမှ တူများ လွတ်ကျသွားခဲ့သည်။
ထန်ရှီးလန်အား ချင်းရှင်း ပေးထားသော လစာကား တစ်လလျှင် ယွမ် 5,000 ဖြစ်ပြီး နှစ်ကုန်ဘောနပ်စ်
ပါရှိသည်။
ထို့ကြောင့် ထန်ရှီးလန်က စာချုပ်ကို ကိုင်ထားရင်းဖြင့် မျက်ရည်များပင် ဝဲလာတော့သည်။
နာမည်ကြီး တက္ကသိုလ်များမှ ဘွဲ့ရများပင် ဤလစာကို ကျောင်းပြီးပြီးချင်း မရနိုင်ချေ။
ထန်ရှီးလန်က သူမ၏ မျက်လုံးများကို တစ်ရှူးဖြင့် သုတ်လိုက်ပြီး ခေါက်ဆွဲကို နှစ်လုတ် သုံးလုတ်သာ ထပ်စား၍ ခေါက်ဆွဲဘူးကို အမှိုက်ပုံးထဲသို့ ပစ်ကာ စာရင်းစာရွက်များကို ဆက်ဖတ်လိုက်သည်။
ချင်းရှင်းက ဆိုင်၌ နေ့လည်စာ စားပြီးသွားခဲ့သည်။
စိတ်ထဲမှ "ငါအခု လုပ်နေတာ မှန်ရဲ့လား" ဟုချင်းရှင်းက တွေးတောနေခဲ့သည်။
သို့သော် ညစာအတွက် ပါဝင်ပစ္စည်းများကို ပြင်ဆင်ရတော့မည် ဖြစ်သဖြင့် ချင်းရှင်း၌ တွေးတောရန် အချိန်သိပ်မရှိပေ။