အပိုင်း(၇၁)
အင်တာနက် အသုံးပြုသူ အများအပြားသည် ကုအုပ်စု၏ တရားဝင် Weibo အကောင့်သို့ တိုက်ရိုက်သွားရောက်ပြီး နေ့စဉ်နေ့တိုင်း ငရုတ်ဆီ များများထုတ်လုပ်ရန် တိုက်တွန်းခဲ့ကြသည်။
လုယိမင်က ရောင်းအားမကောင်းပါက ငရုတ်ဆီ ကုန်ပစ္စည်းတစ်သုတ်ကို ဝယ်ယူမည်ဟူသော ဟူရှင်းကော ပြောခဲ့သည့်စကားကို စဉ်းစားခဲ့သည်။
ဟူရှင်းကောနှင့် ချင်းရှင်းတို့၏ ဆက်ဆံရေးက ကောင်းမွန်သည်ဟု လုယိမင်က ထင်မြင်မိသဖြင့် အရောင်းဌာနမှ ဌာနမှူးဆီသို့ ကိုယ်တိုင်သွားခဲ့ပြီး ပုံသေစျေးနှုန်းထက် 20% သက်သာသော စျေးနှုန်းဖြင့် ဟူရှင်းကောကို နေ့စဉ် ငရုတ်ဆီ ပုလင်းတစ်ထောင် ပို့ပေးရန် ပြောခဲ့သည်။
ဟူရှင်းကောက ထိုစကားကို ကြားသောအခါ အလွန်ဝမ်းသာ သွားခဲ့သည်။
အင်တာနက်ပေါ်၌ ငရုတ်ဆီ ဝယ်သောအခါ ချင်း
ရှင်း၏ ငရုတ်ဆီက အလွန်ရောင်းကောင်းကြောင်းကို သိလိုက်ရသဖြင့် ချင်ရှင်းအတွက် အမှန်တကယ်ပင် ဝမ်းမြောက် ပျော်ရွှင်နေခဲ့ကြသည်။
ဟူရှင်းကောနှင့် မေ့ကုန်းချင်းတို့က ချင်းရှင်း၏ ငရုတ်ဆီကို ရောင်းချနိုင်မည် ဆိုသဖြင့် အလွန်ပျော်ရွှင်နေခဲ့ကြသည်။
ချင်းရှင်း၏ ငရုတ်ဆီမှလွဲ၍ အခြားငရုတ်ဆီများကို ရောင်းချမည်မဟုတ်ကြောင်း ဟူရှင်းကောတို့က ပြောခဲ့သည်။
လုယိမင်က မလိုအပ်ကြောင်း ပြန်ပြောခဲ့သော်လည်း ဟူရှင်းကောက ထိုသို့လုပ်မည်ဟု အခိုင်အမာပြောခဲ့သည်။
မကြာခင်၌ ကုဌာနချုပ်၌ အလုပ်လုပ်ကြသော ဝန်ထမ်းများက ချင်းရှန်တောင်ခြေရှိ ကုန်းချင်း စူပါမားကတ်၌ ရှင်းရှင်း ငရုတ်ဆီကို ရောင်းနေကြောင်း သိလိုက်ရသည်။
အစပိုင်းတွင် လူနည်းစုသာ ကုန်းချင်း စူပါမား